ကော်ဖီဟာ ကမ္ဘာပေါ်မှာ (ရေပြီးရင်) လူသောက်အများဆုံး အဖျော်ယမကာတစ်မျိုး ဖြစ်ပါတယ်။

တကယ်လို့ ခင်ဗျားသာ ကျွန်တော့်လို ကော်ဖီခရေဇီတစ်ယောက်ဆိုရင် မနက်မိုးလင်းလို့ မျက်စိ (၂) လုံး ပွင့်ပြီဆိုတာနဲ့ ကော်ဖီဖျော်စက်နားသွားပြီး ကော်ဖီပူပူ၊ မွှေးမွှေးလေးတစ်ခွက်ကို ကိုယ်တိုင်ဖျော်သောက်ချင်မိမှာပါပဲ။ ကော်ဖီဟာ ကမ္ဘာပေါ်မှာ (ရေပြီးရင်) လူသောက်အများဆုံး အဖျော်ယမကာတစ်မျိုး ဖြစ်တဲ့အတွက် ခင်ဗျားလည်း ကျွန်တော့်လိုပဲ ကော်ဖီကောင်းကောင်း တစ်ခွက်ကို နှစ်သက်နိုင်ခြေ တော်တော်များမှာပါ။



 

ဒါပေမယ့် ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်ဟာ မနက်မိုးလင်း အိပ်ယာထချိန်လည်း မဟုတ်သေးပါဘူးတဲ့။ ဒါဆိုရင် ဘယ်အချိန်ဖြစ်မလဲ။ ဒီမေးခွန်းကို အောက်မှာ ဖြေကြားပေးထားပါတယ်။

မနက်အိပ်ယာနိုးနိုးချင်း ကော်ဖီမသောက်သင့်

migraine.jpg 

မနက်ခင်းအချိန်တွေမှာ ကော်ဖီသောက်ခြင်းဖြင့် နိုးကြားတဲ့အာရုံကို ဝုန်းခနဲတက်လာအောင် ဆွဲဆောင်ပေးနိုင်တယ်ဆိုပေမယ့် အချိန်အနည်းငယ်ကြာရင် အဲဒီကဖင်းဓာတ်က လှုံ့ဆော်ပေးထားတဲ့ တက်ကြွနိုးကြားမှုတွေက ကျဆင်းသွားမှာပါ။ ဒါကြောင့် မနက်အိပ်ယာ နိုးနိုးချင်း ကော်ဖီသောက်ခြင်းကို ရှောင်ရှားသင့်တာပါ။ လိုင်စင်ရ အစားအသောက်ရေးရာ ကျွမ်းကျင်ပညာရှင် Laura Cipullo ကလည်း အခုလို ဆိုထားပါတယ်။

ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်

04-overcoming-depression-coffee.jpg 

ကိုယ်သောက်လိုက်တဲ့ ကော်ဖီတစ်ခွက်ရဲ့ အကျိုးအာနိသင်တွေကို အပြည့်အဝရရှိစေနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေကိုတော့ အနည်းဆုံး ဖြစ်စေနိုင်ဖို့အတွက် ကော်ဖီသောက်မယ့် အချိန်ကိုလည်း တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်ကို ရွေးချယ်သင့်ပါတယ်။ ကော်ဖီသောက်သုံးဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မနက် (၁၀) နာရီ ဝန်းကျင် (သို့မဟုတ်) နေ့လည် (၁၁) နာရီဝန်းကျင်ခန့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

See Also: 

အိပ်ယာထပြီး (၃) (၄) နာရီလောက်ကြာမှ ကဖင်းဓာတ်ကို ခန္ဓာကိုယ်ထဲ ထည့်ခြင်းဟာ ကော်ဖီရဲ့အကျိုးအာနိသင်တွေကို အပြည့်အဝရရှိစေနိုင်တယ် လို့လည်း ကျွမ်းကျင်သူအများက သတ်မှတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ခန္ဓာကိုယ်မှာ cortisol လို့ခေါ်တဲ့ လူကိုနိုးကြားနေစေတဲ့ ဟော်မုန်းတွေ ကျဆင်းနေပြီး လူကိုပြန်လည်နိုးကြားစေဖို့ booster တစ်ခုခုကိုလည်း လိုအပ်နေချိန် ဖြစ်လို့ပါပဲတဲ့။

ဝိရောဓိများ

o-FIRST-DATE-facebook.jpg 

ဒါပေမယ့် မနက်မိုးလင်းတာနဲ့ ကော်ဖီတစ်ခွက် သောက်ကိုသောက်ရမှ အဆင်ပြေမယ့်သူ ဆိုရင်လည်း ဆက်သောက်လို့ရပါတယ်။ အကောင်းဆုံးအချိန်မှာ မသောက်ရင်တောင် ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကိုတော့ ဆက်လက်ရရှိနေဦးမှာပါ။ ဒါ့အပြင် လူတိုင်းလူတိုင်းက ဒီသီအိုရီကို လက်ခံကြတာလည်း မဟုတ်သေးပါဘူး။

လိုင်စင်ရ အာဟာရဗေဒပညာရှင် Melanie Dellingees ကတော့ ကော်ဖီနဲ့ပတ်သက်ရင် အရေးအကြီးဆုံးက ခန္ဓာကိုယ်ထဲကို ကဖင်းပမာဏ ဘယ်လောက်ထည့်လိုက်နိုင်လဲက အရေးအကြီးဆုံးဖြစ်ပြီး ဘယ်အချိန်မှာသောက်ခြင်းက အဲလောက် အရေးမပါလှဘူးလို့ ယုံကြည်ထားပါတယ်။ သူမကတော့ တစ်နေ့ကို ကော်ဖီ (၂) ခွက်ကနေ (၄) ခွက်အတွင်း သောက်သုံးမယ်ဆိုရင် ကော်ဖီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အပြည့်အဝ ရရှိနိုင်မှာပါလို့ ဆိုထားပါတယ်။

ဘာကိုပဲ လက်ခံဖို့ ရွေးချယ်လိုက်သည်ဖြစ်ပါစေ။ ကော်ဖီချစ်သူမှန်ရင်တော့ နေ့လည်ပိုင်းလောက်ဆိုရင် ကော်ဖီတစ်ခွက်ကို သေချာပေါက်သောက်သုံးမိကြမှာပါပဲ။ ဒါပေမယ့် သတိထားရမှာတစ်ခုက နေ့လည် (၂) နာရီ၊ (၃) နာရီလောက်မှာတော့ ကော်ဖီကို မသောက်မိအောင် ရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သုတေသနတွေအရ ကော်ဖီထဲက ကဖင်းဓာတ်ဟာ သောက်သုံးပြီး (၆) နာရီအချိန်အတွင်း အိပ်စက်ခြင်းသံသရာကို နှောင့်ယှက်နိုင်လို့ပါပဲတဲ့။

Source: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က