နေ့စဉ်ကော်ဖီသောက်သုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

စစ်တမ်းတွေအရတော့ အသက် (၁၈) နှစ်ကျော်ပြီးသား အမေရိကန်လူမျိုး (၅၄) ရာခိုင်နှုန်းဟာ နေ့စဉ် ကော်ဖီ (၈) အောင်စ၊ (၃) ခွက်ကျော် သောက်သုံးကြပါတယ်။ ဒီကိန်းဂဏန်းတွေဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဘာပဲပြောပြော ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဖျော်ရည်ယမကာတစ်ခု ဖြစ်နေဆဲပဲလေ။



 

ကမ္ဘာလုံးစစ်ရာ စစ်တမ်းတွေအရလည်း ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ ကော်ဖီသောက်နှုန်းဟာ မြင့်တက်လာနေဆဲပါ။ ဘာပဲပြောပြော ကော်ဖီချစ်သူတွေအနေနဲ့ နေ့စဉ်ကော်ဖီသောက်ပေးမယ်ဆိုရင် ဘာတွေ ရရှိနိုင်မလဲဆိုတာကို စူးစမ်းချင်မိကြမှာပါပဲ။ နေ့စဉ်ကော်ဖီသောက်သုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

၁။ ကင်ဆာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

Coffee-drink-coffee-hot.jpg 

ဘလက်ခ်ကော်ဖီကို နေ့စဉ်သောက်သံုံးပေးမယ်ဆိုရင် တချို့ရောဂါတွေ ဖြစ်လာနိုင်ခြေကို သိသိသာသာကြီး လျော့ကျစေပါတယ်။ လိုင်စင်ရ အာဟာရဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ Beth Witherspoon ရဲ့အဆိုအရတော့ တစ်နေ့ကို ကော်ဖီ (၃) ခွက်ကနေ (၅) ခွက်ကြား သောက်သုံးပေးမယ်ဆိုရင် Type 2 ဆီးချိုရောဂါ၊ ပက်ကင်ဆန်ရောဂါ၊ ဦးနှောက်ထိခိုက်မှုကြောင့် စိတ်ဖောက်ပြန်မှုရောဂါ၊ အသည်းရောဂါနဲ့ အချို့ကင်ဆာရောဂါတွေကြောင့် သေဆုံးခြင်း အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ကော်ဖီကို အံ့ဖွယ် သဘာဝဆေးတစ်မျိုးအဖြစ် ရည်ညွှန်းထားကြပါတယ်။ ဒါပေမယ့် နို့နဲ့ လူလုပ်နို့မှုန့် ပါဝင်မှုတွေ များပြားတဲ့ Latte တို့၊ Cappuccino တို့လို ကော်ဖီတွေထက် ဘလက်ခ်ကော်ဖီ (ကော်ဖီခါး) က အကျိုးအာနိသင် အများကြီးပိုများပါတယ်။ Antioxidant တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် နို့မှုန့်နဲ့သကြားကို စွန့်လွှတ်သင့် စွန့်လွှတ်ရမှာပါပဲ။

၂။ စိတ်ခံစားချက် ပိုမိုကောင်းမွန်စေမယ်

1.jpg 

ရောဂါကာကွယ်နိုင်စွမ်းကို ဖယ်ထားလိုက်ပါဦး။ ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ဦးနှောက်နဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ အထူးသဖြင့် (၇၅) မီလီဂရမ်လောက် သောက်သုံးပေးမယ်ဆိုရင် ထူးကဲတဲ့အာနိသင်တွေကို တွေ့မြင်ရမှာပါ။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ဦးနှောက်ပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ဆက်စပ်နေပါတယ်။

See Also: 

အဲဒီ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေထဲမှာ စိတ်ဓာတ်တက်ကြွခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း၊ စိတ်ခံစားချက် ကောင်းမွန်ခြင်း တို့ ပါဝင်နေပါတယ်။ ဟားဗတ်သုတေသနတစ်ခုရဲ့ အဆိုအရဆိုရင် တစ်နေ့ကို ကော်ဖီ (၂) ခွက်ကနေ (၃) ခွက် သောက်သုံးပေးသူတွေဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုစိတ်ကို (၄၅) ရာခိုင်နှုန်းထိ လျှော့ချပေးပါတယ်တဲ့။ ကဲ... ပိုမို ပျော်ရွှင်စေဖို့ ကော်ဖီများများ သောက်ကြပါစို့။

၃။ မှတ်ဉာဏ်ပိုကောင်းစေတယ်

50ec0c4da0c1048eebb2c95fac864ddc.jpg 

ကော်ဖီသောက်ရင် အာရုံစူးစိုက်မှုပိုကောင်းစေတယ်တို့၊ စိတ်ခံစားချက် ပိုမိုကောင်းမွန်စေတယ်တို့က အံ့သြစရာတွေ့ရှိချက်တွေ မဟုတ်တော့ပေမယ့် မှတ်ဉာဏ်ပိုကောင်းစေတယ်ဆိုတဲ့ အချက်ကတော့ တွေ့ရှိချက်အသစ်ပဲ ဖြစ်ပါတယ်။ Nature Neuroscience ဂျာနယ်အရဆိုရင် ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ သောက်ပြီး (၂၄) နာရီအတွင်း မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ယူဆချက်တွေအရတော့ ကဖင်းဓာတ်နဲ့ မြှင့်တင်ထားတဲ့အခါ မှတ်ဉာဏ်ဟာ ရေရှည်အတွက်လည်း ပိုကောင်းစေပါတယ်။

၄။ အားကစားလုပ်ရာမှာ အထောက်အကူပြုတယ်

Caffeine-article.jpg 

ကော်ဖီသောက်ရတာ နှစ်သက်တဲ့ အားကစားသမားတွေ ရှိပါသလား။ ဒါဆိုရင်တော့ ခင်ဗျားတို့ ကံကောင်းပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ ကော်ဖီသောက်ခြင်းဟာ အားကစားသမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေကို တိုးတက်စေပါတယ်တဲ့။ ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခွန်အားတိုးစေတဲ့အတွက် အေရိုးဗစ်ကစားရာမှာ၊ ကာယလေ့ကျင့်ခန်း လုပ်ရမှာ အထောက်အကူပြုနိုင်တာပါ။ ဘာပဲပြောပြော gym မသွားခင် ကော်ဖီလေးတစ်ခွက် သောက်သွားတာတော့ မမှားပါဘူး။

Source: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က