ကြောင်ကတိုးကော်ဖီလို့လည်း ခေါ်ဝေါ်ကြတဲ့ Kopi Luwak ကော်ဖီဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကော်ဖီလို့ နာမည်ကျော်ကြားပါတယ်။

ကော်ဖီတစ်ခွက်ကို ဘယ်လောက်အများဆုံး ပေးသောက်ဖူးလဲ။ ပုံမှန်ကော်ဖီတစ်ခွက်ကတော့ ဖျော်စပ်ပုံ၊ ဖျော်စပ်နည်းကိုလိုက်ပြီး (၃၀၀၀) ကျပ်နဲ့ (၆၀၀၀) ကျပ်ကြားထဲပဲ ကျသင့်နိုင်ပါတယ်။ နေရာနဲ့ အပြင်အဆင်အရမ်းကောင်းတဲ့ နေရာတွေမှာ သွားသောက်မိမှ လွန်ရောကျွံရော သောင်းဂဏန်းလောက်ပဲ ပေးရတာပါ။



ဒါပေမယ့် အဲဒီကော်ဖီဈေးနှုန်းတွေဟာ အရှေ့တောင်အာရှထုတ် ကော်ဖီတစ်မျိုးဖြစ်တဲ့ Kopi Luwak ကော်ဖီနဲ့ နှိုင်းစာရင်တော့ တော်တော်ဈေးသက်သာတယ်လို့ ဆိုနိုင်ပါတယ်။ ကြောင်ကတိုးကော်ဖီလို့လည်း ခေါ်ဝေါ်ကြတဲ့ Kopi Luwak ကော်ဖီဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကော်ဖီလို့ နာမည်ကျော်ကြားပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီလို့ တင်စားခေါ်ဝေါ်ခံရတဲ့ Kopi Luwak ကော်ဖီတစ်ခွက်ကို ဒေါ်လာ (၃၀) မှ (၈၀) ကြား ကျသင့်နိုင်ပါတယ်။ နောက်ပြီး အဲဒီကော်ဖီမှုန့် (၁) ပေါင်ထုပ်တစ်ထုပ် ဝယ်ယူမယ်ဆိုရင် ပိုက်ဆံအိတ်ထဲက အနည်းဆုံး ဒေါ်လာ (၁၀၀) တန်တစ်ရွက်လောက်တော့ လျှောခနဲ ထွက်သွားမှာပါ။

တကယ်တော့ ဒီ Kopi Luwak ကော်ဖီနာမည်ကြီးလာရတာဟာ "Bucket List" ရုပ်ရှင်ထဲမှာ Jack Nicholson သောက်ပြလို့ရယ်၊ အော်ဖရာဝင်းဖရေး (Oprah Winfrey) ရဲ့ ရှိုးပွဲမှာ ပြသခဲ့လို့ရယ်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကော်ဖီက ဘာတွေများထူးနေလို့ အဲလောက် ဈေးကြီးနေရတာလဲ။

Kopi Luwak (ကြောင်ကတိုးကော်ဖီ) ဆိုတာ ဘာလဲ

kopi-luwak-coffee.jpg

တကယ်တော့ Kopi Luwak (ကြောင်ကတိုးကော်ဖီ) ဆိုတာ အာရပ်ကော်ဖီမျိုးနွယ်မဟုတ်သလို ရိုဘက်စ်တာ ကော်ဖီမျိုးနွယ်ဝင် လို့လည်း ပြောလို့မရပါဘူး။ ဒါပေမယ့် ကော်ဖီမျိုးစိတ်အားလုံးကို ပေါင်းစပ်ထားတယ်လို့လည်း ဆိုနိုင်ပါတယ်။ တကယ်တော့ သူ့ရဲ့နာမည်ကိုက ဒီကော်ဖီဖြစ်လာပုံကို ဖော်ပြနေပါတယ်။

အင်ဒိုနီးရှားစကားမှာဆိုရင် "Kopi" ဆိုတာ ကော်ဖီလို့ အဓိပ္ပာယ်ရပြီး "Luwak" ဆိုတာတော့ "ကြောင်ကတိုး" လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီကြောင်ကတိုးတွေဟာ တောထဲမှာနေပြီး ကော်ဖီစေ့တွေကို ဝါးမျိုစားသောက်တတ်ကြပါတယ်။ ကြောင်ကတိုးတွေ မျိုချလိုက်တဲ့ ကော်ဖီစေ့တွေကတဆင့် Kopi Luwak ကော်ဖီကို ပြုလုပ်ထားတာပါ။

see also 

စစချင်းတော့ ကြားရတာ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။ ဘယ်နှယ့် ကြောင်ကတိုး စားထားတဲ့ ကော်ဖီစေ့ကနေ ကော်ဖီပြန်ထုတ်ထားလဲပေါ့။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ Kopi Luwak ကော်ဖီမှုန့်ကို ခင်ဗျားရဲ့ ကော်ဖီခွက်ထဲ အရောက်မပို့ခင် သန့်စင်အောင်သေချာဆေးကြောပြီး၊ လှော်ထားပြီးသားပါ။ ဒါကြောင့် ကျန်းမာရေးကို ဘာဘေးထွက်ဆိုးကျိုးမှ မပေးနိုင်ပါဘူး။

ဘာလို့အဲလောက် ဈေးကြီးနေရတာလဲ

raw-lopi-luwak.jpg 

Kopi Luwak ကော်ဖီကို အင်ဒိုနီးရှား၊ ဖီလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာ အဓိကထုတ်လုပ်ကြပါတယ်။ နှစ်စဉ် နှစ်စဉ် Kopi Luwak ကော်ဖီစေ့ ကီလို (၅၀၀) (သို့) ပေါင် (၁၁၀၀) ကို ကြောင်ကတိုးတွေဆီက ထုတ်ယူစုဆောင်းရရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီကော်ဖီကို ဈေးကွက်လိုအပ်ချက် မြင့်တက်လာပေမယ့် ကြောင်ကတိုးတွေဘက်က ထုတ်လုပ်နိုင်တဲ့ ပမာဏကတော့ ကန့်သတ်ချက်ရှိတယ်လေ။

ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ ကော်ဖီမှုန့်က ဈေးကြီးလာရပါတယ်။ ကြောင်ကတိုး မွေးမြူရေးခြံတွေမှာ နှစ်စဉ် Kopi Luwak ကော်ဖီ တန် (၅၀) ခန့် ထုတ်လုပ်နိုင်နေတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် မွေးမြူရေးခြံတွေက ကြောင်ကတိုးတွေဟာ တောထဲမှာလို မိမိစိတ်ကျ ကော်ဖီစေ့တွေကို ရွေးချယ်စားသုံးခွင့် မရတဲ့အတွက် ကော်ဖီ အရည်အသွေးကလည်း ကျလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ Kopi Luwak ကော်ဖီဟာ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီတွေထဲမှာ တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။

Source: most-expensive-coffee

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က