• Food & Recipe
    တို့ဟူးကြော်အစာသွပ် လုပ်စားကြမယ်
Thiha Htun
[Unicode Version]

ဒီနေ့မှာတော့ ကျောင်းတက်နေတဲ့ ကလေးတွေအတွက် ထမင်းချိုင့်ထဲမှာ ဘာဟင်းထည့်ပေးရမလဲ စိတ်ပူနေတဲ့ မိခင်တွေအတွက်၊ ကလေးက ဟင်းပဲစားပြီး ထမင်းမစားလို့ အာဟာရဓာတ် မပြည့်ဝမှာ စိတ်ပူနေတဲ့ မိဘတွေအတွက်၊ ရုံးချိန်နောက်ကျနေလို့ ထမင်းချိုင့်ထဲမှာ လွယ်ကူလျင်မြန်တဲ့ အစားအစာတစ်နပ်ကို ထည့်သွားချင်တဲ့ ရုံးဝန်ထမ်းတွေအတွက် လုပ်ရတာလည်းလွယ်ကူပြီး စားလို့လည်းကောင်းတဲ့ ကိုရီးယားစတိုင်လ်ဟင်းလျာလေးတစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဲဒါက တို့ဟူးကြော်အစာသွပ်ပါပဲ။

yubu2-620x427.jpg 

တို့ဟူးကြော်အစာသွပ်ဆိုလို့ တွေ့နေကျ တို့ဟူးကြော်ထဲမှာ ဂေါ်ဖီတို့၊ ငရုပ်သီးတို့နဲ့ အစာသွပ်ထားတာမျိုးကို ပြေးမမြင်လိုက်ပါနဲ့ဦး။ ဒီနေ့ဖော်ပြပေးမှာက တို့ဟူးကြော်ကို အလည်ကရင်ခွဲပြီး အထဲမှာ ထမင်းသွပ်ထားတာပါ။ ဒီတော့ ထမင်းများများစားဖြစ်သလို ဒီတို့ဟူးအစာသွပ်လေး (၁၀) ခုလောက်ကို ဆူရှီစားရင်တို့စားတဲ့ ပဲငံပြာရည် အကြည်လေး ဒါမှမဟုတ် မိမိနှစ်သက်ရာဆော့စ် တစ်မျိုးနဲ့ တို့စားလိုက်တာနဲ့ နေ့လည်စာတစ်နပ်အတွက် စိတ်အေးရပြီပေါ့။

ပါဝင်ပစ္စည်းများ

veg1-620x513.jpg 

ပါဝင်ပစ္စည်းတွေကတော့ တို့ဟူးအနည်းငယ်၊ နှမ်းစေ့၊ ထမင်း (ရှမ်းဆန်စေးစေးလေး)၊ နှမ်းဆီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည် (သို့) မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုး တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

end2-620x413.jpg 

အရင်ဆုံး ထမင်းအိုးတည်ရမှာပါ။ ရှမ်းဆန်စေးစေးလေး နို့ဆီဘူးတစ်လုံးစာလောက်ဆိုရင် တို့ဟူးအစာသွပ် တစ်ယောက်စာအတွက် ကောင်းကောင်းလုံလောက်ပါတယ်။ ထမင်းအိုးတည်ထားတုန်း တို့ဟူးကြော် ကြော်ဖို့အတွက် ပြင်ဆင်နိုင်ပါပြီ။ ဒယ်အိုးတစ်လုံးထဲမှာ နှမ်းဆီကို (၂) လက်မလောက်ထည့်ပြီး အပူချိန် mediumm high လောက်နဲ့ အပူပေးလိုက်ပါ။ တို့ဟူးကြော်ဖို့အတွက် တို့ဟူးတုံးလေးတွေကို တြိဂံပုံစံအတုံးလေးတွေ ဖြစ်အောင် လှီးပေးလိုက်ပါ။

ဒီနေရာမှာ တို့ဟူးရဲ့အရွယ်အစားက မထူလွန်း၊ မပါးလွန်းဖြစ်ရမှာပါ။ နောက်ပြီးအသုံးပြုမယ့် တို့ဟူးအသားကလည်း အရမ်းမပျော့လွန်းဘဲ မာဆတ်ဆတ်လေး ဖြစ်နေရမှာပါ။ တို့ဟူးကိုမကြော်ခင် ရေစင်အောင်လည်း တစ်ရှူးစလေးနဲ့ လိုက်သုတ်ပေးလိုက်ပါဦး။ ပြီးရင်တော့ တို့ဟူးစကြော်နိုင်ပါပြီ။

တို့ဟူးတုံးလေးတွေကို ဆီပူထဲမှာ တစ်တုံးချင်းစီအသာလေး လိုက်ချလိုက်ရုံပါပဲ။ မိနစ်အနည်းငယ်ကြာရင် အကျက်ညီအောင်လို့ ထက်အောက်ပြန်လှန်ပေးဖို့လည်း လိုပါသေးတယ်။ တို့ဟူးတုံးလေးတွေ အကျက်ညီပြီဆိုရင်တော့ ဒယ်အိုးထဲက အသာလေး ဆယ်ထုတ်ပေးနိုင်ပါပြီ။ ပြီးရင်တော့ ဆီစစ်ရမှာပါ။ ပန်းကန်တစ်ချပ်ထဲမှာ စက္ကူတစ်ရှူးစလေးတွေခင်းပြီး တို့ဟူးကြော်ကို ဆီစုပ်အောင် ဆီစစ်ပေးရမှာပါ။ ဆီစစ်ပြီးတဲ့ တို့ဟူးကြော်တွေကို ပန်းကန်ပြားတစ်ချပ်ထဲမှာ အသာဖယ်ထားလိုက်ပါ။

rr-620x462.jpg 

အစာသွပ်ဖို့အတွက် ဋ္ဌာပနာကို စီစဉ်ရမှာပါ။ မုန်လာဥနီရယ်၊ ကြက်သွန်နီရယ်၊ ပန်းဂေါ်ဖီရယ်ကို ရေစင်အောင်ဆေးပြီး ဓားနဲ့နုတ်နုတ်စင်းပေးရမှာပါ။ ရလာတဲ့ ဟင်းသီးဟင်းရွက်တွေကို ဒယ်အိုးပြားတစ်ချပ်ထဲမှာ ဆီပူထိုးပေးရပါမယ်။ ဟင်းသီးဟင်းရွက်ကြော် ကျက်သွားပြီဆိုရင်တော့ ဟင်းသီးဟင်းရွက်ကြော်ကို ထမင်းရယ်၊ ရှာလကာရည်ရယ်၊ နှမ်းစေ့အနည်းငယ်ရယ်နဲ့ ရောပြီး ပန်းကန်ပြားတစ်ချပ်ထဲမှာ နယ်ထားပေးလိုက်ပါ။ ဒါဆိုရင် ဋ္ဌာပနာလုပ်လို့ပြီးပါပြီ။

push-620x413.jpg 

တို့ဟူးကြော်လေးတွေကိုယူပြီး ဓားဦးချွန်နဲ့ ရင်ခွဲပေးလိုက်ပါ။ ပြီးမှ ခုနကလုပ်ထားတဲ့ ဋ္ဌာပနာနဲ့ တို့ဟူးကြော်လေးတွေကို လိုက်ထည့်ပေးလိုက်ပါ။ အဲဒီနေရာမှာ တို့ဟူးကြော်နဲ့ ဋ္ဌာပနာ အံဝင်ခွင်ကျဖြစ်ပြီး အပြင်ထွက်မကျအောင် သေချာလုပ်တတ်ဖို့ လိုပါတယ်။ ပြီးရင်တော့ လွယ်ကူလျင်မြန်တဲ့ တို့ဟူးကြော်အစာသွပ် နေ့လည်စာလေးကို ရရှိသွားပြီပေါ့။ ပဲငံပြာရည်အကြည် (သို့) မိမိနှစ်သက်ရာ ဆော့စ်တစ်ခုခုနဲ့ တို့စားနိုင်ပါတယ်။

Source: Kfoodaddict

[Zawgyi Version]

ဒီေန႔မွာေတာ့ ေက်ာင္းတက္ေနတဲ့ ကေလးေတြအတြက္ ထမင္းခ်ိဳင့္ထဲမွာ ဘာဟင္းထည့္ေပးရမလဲ စိတ္ပူေနတဲ့ မိခင္ေတြအတြက္၊ ကေလးက ဟင္းပဲစားၿပီး ထမင္းမစားလို႔ အာဟာရဓာတ္ မျပည့္ဝမွာ စိတ္ပူေနတဲ့ မိဘေတြအတြက္၊ ရံုးခ်ိန္ေနာက္က်ေနလို႔ ထမင္းခ်ိဳင့္ထဲမွာ လြယ္ကူလ်င္ျမန္တဲ့ အစားအစာတစ္နပ္ကို ထည့္သြားခ်င္တဲ့ ရံုးဝန္ထမ္းေတြအတြက္ လုပ္ရတာလည္းလြယ္ကူၿပီး စားလို႔လည္းေကာင္းတဲ့ ကိုရီးယားစတိုင္လ္ဟင္းလ်ာေလးတစ္မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ အဲဒါက တို႔ဟူးေၾကာ္အစာသြပ္ပါပဲ။

 

တို႔ဟူးေၾကာ္အစာသြပ္ဆိုလို႔ ေတြ႕ေနက် တို႔ဟူးေၾကာ္ထဲမွာ ေဂၚဖီတို႔၊ ငရုပ္သီးတို႔နဲ႔ အစာသြပ္ထားတာမ်ိဳးကို ေျပးမျမင္လိုက္ပါနဲ႔ဦး။ ဒီေန႔ေဖာ္ျပေပးမွာက တို႔ဟူးေၾကာ္ကို အလည္ကရင္ခြဲၿပီး အထဲမွာ ထမင္းသြပ္ထားတာပါ။ ဒီေတာ့ ထမင္းမ်ားမ်ားစားျဖစ္သလို ဒီတို႔ဟူးအစာသြပ္ေလး (၁၀) ခုေလာက္ကို ဆူရွီစားရင္တို႔စားတဲ့ ပဲငံျပာရည္ အၾကည္ေလး ဒါမွမဟုတ္ မိမိႏွစ္သက္ရာေဆာ့စ္ တစ္မ်ိဳးနဲ႔ တို႔စားလိုက္တာနဲ႔ ေန႔လည္စာတစ္နပ္အတြက္ စိတ္ေအးရၿပီေပါ့။

ပါဝင္ပစၥည္းမ်ား

 

ပါဝင္ပစၥည္းေတြကေတာ့ တို႔ဟူးအနည္းငယ္၊ ႏွမ္းေစ့၊ ထမင္း (ရွမ္းဆန္ေစးေစးေလး)၊ ႏွမ္းဆီ၊ ၾကက္သြန္နီ၊ မုန္လာဥနီ၊ ပန္းေဂၚဖီ၊ ရွာလကာရည္၊ ပဲငံျပာရည္အၾကည္ (သို႔) မိမိႏွစ္သက္ရာ ေဆာ့စ္တစ္မ်ိဳး တို႔ပဲျဖစ္ပါတယ္။

ျပဳလုပ္နည္း

 

အရင္ဆံုး ထမင္းအိုးတည္ရမွာပါ။ ရွမ္းဆန္ေစးေစးေလး ႏို႔ဆီဘူးတစ္လံုးစာေလာက္ဆိုရင္ တို႔ဟူးအစာသြပ္ တစ္ေယာက္စာအတြက္ ေကာင္းေကာင္းလံုေလာက္ပါတယ္။ ထမင္းအိုးတည္ထားတုန္း တို႔ဟူးေၾကာ္ ေၾကာ္ဖို႔အတြက္ ျပင္ဆင္ႏိုင္ပါၿပီ။ ဒယ္အိုးတစ္လံုးထဲမွာ ႏွမ္းဆီကို (၂) လက္မေလာက္ထည့္ၿပီး အပူခ်ိန္ mediumm high ေလာက္နဲ႔ အပူေပးလိုက္ပါ။ တို႔ဟူးေၾကာ္ဖို႔အတြက္ တို႔ဟူးတုံးေလးေတြကို ႀတိဂံပံုစံအတံုးေလးေတြ ျဖစ္ေအာင္ လွီးေပးလိုက္ပါ။

ဒီေနရာမွာ တို႔ဟူးရဲ႕အရြယ္အစားက မထူလြန္း၊ မပါးလြန္းျဖစ္ရမွာပါ။ ေနာက္ၿပီးအသံုးျပဳမယ့္ တို႔ဟူးအသားကလည္း အရမ္းမေပ်ာ့လြန္းဘဲ မာဆတ္ဆတ္ေလး ျဖစ္ေနရမွာပါ။ တို႔ဟူးကိုမေၾကာ္ခင္ ေရစင္ေအာင္လည္း တစ္ရွဴးစေလးနဲ႔ လိုက္သုတ္ေပးလိုက္ပါဦး။ ၿပီးရင္ေတာ့ တို႔ဟူးစေၾကာ္ႏိုင္ပါၿပီ။

တို႔ဟူးတံုးေလးေတြကို ဆီပူထဲမွာ တစ္တံုးခ်င္းစီအသာေလး လိုက္ခ်လိုက္ရံုပါပဲ။ မိနစ္အနည္းငယ္ၾကာရင္ အက်က္ညီေအာင္လို႔ ထက္ေအာက္ျပန္လွန္ေပးဖို႔လည္း လိုပါေသးတယ္။ တို႔ဟူးတံုးေလးေတြ အက်က္ညီၿပီဆိုရင္ေတာ့ ဒယ္အိုးထဲက အသာေလး ဆယ္ထုတ္ေပးႏိုင္ပါၿပီ။ ၿပီးရင္ေတာ့ ဆီစစ္ရမွာပါ။ ပန္းကန္တစ္ခ်ပ္ထဲမွာ စကၠဴတစ္ရွဴးစေလးေတြခင္းၿပီး တို႔ဟူးေၾကာ္ကို ဆီစုပ္ေအာင္ ဆီစစ္ေပးရမွာပါ။ ဆီစစ္ၿပီးတဲ့ တို႔ဟူးေၾကာ္ေတြကို ပန္းကန္ျပားတစ္ခ်ပ္ထဲမွာ အသာဖယ္ထားလိုက္ပါ။

 

အစာသြပ္ဖို႔အတြက္ ႒ာပနာကို စီစဥ္ရမွာပါ။ မုန္လာဥနီရယ္၊ ၾကက္သြန္နီရယ္၊ ပန္းေဂၚဖီရယ္ကို ေရစင္ေအာင္ေဆးၿပီး ဓားနဲ႔ႏုတ္ႏုတ္စင္းေပးရမွာပါ။ ရလာတဲ့ ဟင္းသီးဟင္းရြက္ေတြကို ဒယ္အိုးျပားတစ္ခ်ပ္ထဲမွာ ဆီပူထိုးေပးရပါမယ္။ ဟင္းသီးဟင္းရြက္ေၾကာ္ က်က္သြားၿပီဆိုရင္ေတာ့ ဟင္းသီးဟင္းရြက္ေၾကာ္ကို ထမင္းရယ္၊ ရွာလကာရည္ရယ္၊ ႏွမ္းေစ့အနည္းငယ္ရယ္နဲ႔ ေရာၿပီး ပန္းကန္ျပားတစ္ခ်ပ္ထဲမွာ နယ္ထားေပးလိုက္ပါ။ ဒါဆိုရင္ ႒ာပနာလုပ္လို႔ၿပီးပါၿပီ။

 

တုိ႔ဟူးေၾကာ္ေလးေတြကိုယူၿပီး ဓားဦးခြ်န္နဲ႔ ရင္ခြဲေပးလိုက္ပါ။ ၿပီးမွ ခုနကလုပ္ထားတဲ့ ႒ာပနာနဲ႔ တို႔ဟူးေၾကာ္ေလးေတြကို လိုက္ထည့္ေပးလိုက္ပါ။ အဲဒီေနရာမွာ တို႔ဟူးေၾကာ္နဲ႔ ႒ာပနာ အံဝင္ခြင္က်ျဖစ္ၿပီး အျပင္ထြက္မက်ေအာင္ ေသခ်ာလုပ္တတ္ဖို႔ လိုပါတယ္။ ၿပီးရင္ေတာ့ လြယ္ကူလ်င္ျမန္တဲ့ တို႔ဟူးေၾကာ္အစာသြပ္ ေန႔လည္စာေလးကို ရရွိသြားၿပီေပါ့။ ပဲငံျပာရည္အၾကည္ (သို႔) မိမိႏွစ္သက္ရာ ေဆာ့စ္တစ္ခုခုနဲ႔ တို႔စားႏိုင္ပါတယ္။

Source: Kfoodaddict


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs