Detox ဆိုတာဘာလဲဆိုတော့ Detoxifying drinks (ကိုယ်တွင်းအဆိပ်အတောက် ဖြေဆေး) တွေကို ခေါ်တာဖြစ်ပြီး ရေနဲ့ သစ်သီးဝလံလေးတွေ ပေါင်းစပ်ပြီး သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းထဲမှာ ရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ ဖြစ်ပါတယ်။
Detox တွေကို ဝိတ်ချလိုသူတွေနဲ့ ကိုယ်တွင်းအဆိပ်အတောက်များလို့ ခြေတွေလက်တွေဖောရောင်ခြင်း၊ မျက်စိအားနည်းခြင်း စတဲ့ ဝေဒနာတွေကို ခံစားနေရသူတွေ သောက်သုံးတတ်ကြပါတယ်။ Gym ဆော့ပြီး body building လုပ်နေတဲ့သူတွေလည်း ရေနေရာမှာ အစားထိုးသောက်သင့်ပါတယ်။ ဒီနေ့မှာတော့ သောက်လို့လည်း အဆင်ပြေ၊ လုပ်ရတာလည်း လွယ်လင့်တကူရှိတဲ့ detox လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုပြေပျောက်စေဖို့နဲ့ ဇီဝဖြစ်စဉ်တွေကိုကောင်းမွန်စေဖို့ နေ့စဉ်မနက်စာမစားခင် warm lemon water တစ်ခွက်လောက်သောက်သုံးပေးသင့်ပါတယ်။ Warm Lemon water ဟာကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကျဆင်းခြင်းကိုလည်း အားပေးပါတယ်။ ဒါ့အပြင်အစာခြေစနစ်ကောင်းမွန်စေဖို့လည်း အထောက်အကူပေးပါတယ်။
သူ့လောက်လုပ်ရလွယ်ကူတဲ့ Detox water ဖျော်စပ်နည်းတော့မရှိတော့ပါဘူး။ နောက်ပြီး ပူအိုက်တဲ့နေ့တစ်နေ့မှာ သွေးတွင်းသကြားဓာတ် နည်းနေပြီလို့ ခံစားရတဲ့အခါ ဖရဲသီးထက်လူကိုပိုပြီးလန်းဆန်းစေတာ ဘာရှိဦးမလဲ။ ဒီ Detox water ကိုဖျော်စပ်ဖို့ သင်လိုအပ်တာ ဖရဲသီးတစ်ခြမ်းနဲ့ရေပဲလိုပါတယ်။ ရေနဲ့ဖရဲသီးပေါင်းစပ်သွားပြီဆိုရင်တော့ လှပတဲ့အရောင်၊ ချိုမြတဲ့မွှေးရနံ့ရဲ့ အရသာကိုပေါ်လွင်စေတဲ့ဖရဲသီး detox water ကိုရရှိပါပြီ။
ချိုမြတဲ့အရသာရှိတဲ့ ဒီ Detox water ဟာ သဘာဝလည်းကျပြီး ချိုမြိန်တဲ့အရသာတစ်ခုကို သင်လိုအပ်နေချိန်မှာအသင့်တော်ဆုံးပါပဲ။ ဒီ Detox water လေးက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ရေဓာတ်ပြည့်ဝစေတဲ့ဂုဏ်သတ္တိလည်းရှိပါသေးတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ သံပရိုသီးရဲ့ အဆိပ်အတောက်ပြေပျောက်စေတဲ့ဂုဏ်သတ္တိတွေနဲ့ စတော်ဘယ်ရီသီးနဲ့ ကီဝီသီးကရတဲ့ အာဟာရ ဓာတ်တွေ၊ ဗိုက်တာမင်ဓာတ်တွေနဲ့ သတ္ထုဓာတ်တွေက ခန္ဓာကိုယ်ကိုုကျန်းမာစေပါတယ်။
လန်းဆန်းစေတဲ့ ဒီ detox လေးထဲမှာတော့ အချဉ်ဓာတ်ကြွယ်ဝတဲ့ citrus အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်ချိုသီး တို့နဲ့အတူ သခွားသီးစိတ်လေးတွေ၊ ပူစီနံရွက်လေးတွေကို ရောပေးထားပါတယ်။ အထူးသဖြင့် တစ်နေ့တာကုန်ဆုံးချိန်မှာ ကုန်ခမ်းသွားတဲ့ ဗိုက်တာမင်ဓာတ်တွေကို ပြန်ဖြည့်ပေးဖို့အတွက် သောက်ပေးသင့်တဲ့ detox လေးတစ်မျိုးပါ။ ဗိုက်တာမင်စီ၊ ပိုတက်စီယမ်၊ လိုင်ကိုပင်းန်၊ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရတ်စ်တို့ ကြွယ်ဝတဲ့အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရတွေကိုလည်း ပြည့်ဝစေမှာပါ။
Source: Healthyfocus
Detox ဆိုတာဘာလဲဆိုေတာ့ Detoxifying drinks (ကိုယ္တြင္းအဆိပ္အေတာက္ ေျဖေဆး) ေတြကို ေခၚတာျဖစ္ၿပီး ေရနဲ႔ သစ္သီးဝလံေလးေတြ ေပါင္းစပ္ၿပီး ေသာက္သံုးျခင္းျဖင့္ ခႏၶာကိုယ္တြင္းထဲမွာ ရွိတဲ့အဆိပ္အေတာက္ေတြကုိ ဖယ္ရွားေပးတာ ျဖစ္ပါတယ္။
Detox ေတြကို ဝိတ္ခ်လိုသူေတြနဲ႔ ကိုယ္တြင္းအဆိပ္အေတာက္မ်ားလို႔ ေျခေတြလက္ေတြေဖာေရာင္ျခင္း၊ မ်က္စိအားနည္းျခင္း စတဲ့ ေဝဒနာေတြကို ခံစားေနရသူေတြ ေသာက္သံုးတတ္ၾကပါတယ္။ Gym ေဆာ့ၿပီး body building လုပ္ေနတဲ့သူေတြလည္း ေရေနရာမွာ အစားထိုးေသာက္သင့္ပါတယ္။ ဒီေန႔မွာေတာ့ ေသာက္လို႔လည္း အဆင္ေျပ၊ လုပ္ရတာလည္း လြယ္လင့္တကူရွိတဲ့ detox ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ခႏၶာကိုယ္ထဲကအဆိပ္အေတာက္ေတြကိုေျပေပ်ာက္ေစဖို႔နဲ႕ ဇီဝျဖစ္စဥ္ေတြကိုေကာင္းမြန္ေစဖို႔ ေန႕စဥ္မနက္စာမစားခင္ warm lemon water တစ္ခြက္ေလာက္ေသာက္သံုးေပးသင္႔ပါတယ္။ Warm Lemon water ဟာကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစျပီး ကိုယ္အေလးခ်ိန္က်ဆင္းျခင္းကိုလည္း အားေပးပါတယ္။ ဒါ႔အျပင္အစာေျခစနစ္ေကာင္းမြန္ေစဖို႔လည္း အေထာက္အကူေပးပါတယ္။
သူ႕ေလာက္လုပ္ရလြယ္ကူတဲ႔ Detox water ေဖ်ာ္စပ္နည္းေတာ႔မရွိေတာ႔ပါဘူး။ ေနာက္ျပီး ပူအိုက္တဲ႔ေန႔တစ္ေန႔မွာ ေသြးတြင္းသၾကားဓာတ္ နည္းေနျပီလို႔ ခံစားရတဲ႔အခါ ဖရဲသီးထက္လူကိုပိုျပီးလန္းဆန္းေစတာ ဘာရွိိဦးမလဲ။ ဒီ Detox water ကိုေဖ်ာ္စပ္ဖို႔ သင္လိုအပ္တာ ဖရဲသီးတစ္ျခမ္းနဲ႔ေရပဲလိုပါတယ္။ ေရနဲ႔ဖရဲသီီးေပါင္းစပ္သြားျပီဆိုရင္ေတာ႔ လွပတဲ႔အေရာင္၊ ခ်ိဳျမတဲ႔ေမႊးရနံ႔ရဲ႔ အရသာကိုေပၚလြင္ေစတဲ႔ဖရဲသီး detox water ကိုရရွိပါျပီ။
ခ်ိဳျမတဲ႔အရသာရွိတဲ႔ ဒီ Detox water ဟာ သဘာဝလည္းက်ျပီး ခ်ိဳျမိန္တဲ႔အရသာတစ္ခုကို သင္လိုအပ္ေနခ်ိန္မွာအသင္႔ေတာ္ဆံုးပါပဲ။ ဒီ Detox water ေလးက စိတ္ကိုၾကည္လင္လန္းဆန္းေစျပီး ေရဓာတ္ျပည္႔ဝေစတဲ႔ဂုဏ္သတိၱလည္းရွိပါေသးတယ္။ ဒါ႔အျပင္ သူ႔မွာပါဝင္တဲ႔ သံပရိုသီးရဲ႔ အဆိပ္အေတာက္ေျပေပ်ာက္ေစတဲ႔ဂုဏ္သတၱိေတြနဲ႕ စေတာ္ဘယ္ရီသီိးနဲ႔ ကီဝီသီးကရတဲ႔ အာဟာရ ဓာတ္ေတြ၊ ဗိုက္တာမင္ဓာတ္ေတြနဲ႔ သတၳဳဓာတ္ေတြက ခႏၶာကိုယ္ကိုုက်န္းမာေစပါတယ္။
လန္းဆန္းေစတဲ့ ဒီ detox ေလးထဲမွာေတာ့ အခ်ဥ္ဓာတ္ၾကြယ္ဝတဲ့ citrus အသီးေတြျဖစ္တဲ့ လိေမၼာ္သီး၊ သံပုရာသီး၊ ေရွာက္ခ်ိဳသီး တို႔နဲ႔အတူ သခြားသီးစိတ္ေလးေတြ၊ ပူစီနံရြက္ေလးေတြကို ေရာေပးထားပါတယ္။ အထူးသျဖင့္ တစ္ေန႔တာကုန္ဆံုးခ်ိန္မွာ ကုန္ခမ္းသြားတဲ့ ဗိုက္တာမင္ဓာတ္ေတြကို ျပန္ျဖည့္ေပးဖို႔အတြက္ ေသာက္ေပးသင့္တဲ့ detox ေလးတစ္မ်ိဳးပါ။ ဗိုက္တာမင္စီ၊ ပိုတက္စီယမ္၊ လိုင္ကိုပင္းန္၊ ကယ္လ္ဆီယမ္နဲ႔ ေဖာ့စ္ဖရတ္စ္တို႔ ၾကြယ္ဝတဲ့အတြက္ ေန႔စဥ္လိုအပ္တဲ့ အာဟာရေတြကိုလည္း ျပည့္ဝေစမွာပါ။
Source: Healthyfocus
See stories of the future in your inbox each morning.
Copyright © 2018 Duwun.