အစားအသောက်နဲ့ ပတ်သက်တဲ့ Trend တွေက ကမ္ဘာတဝှမ်းမှာ အမျိုးမျိုးရှိပါတယ်။
Thiha Htun

အစားအသောက်နဲ့ ပတ်သက်တဲ့ trend တွေက နှစ်စဉ်ဖြစ်ပေါ်နေကျပါ။ ဥပမာပြောရရင် သိပ်မကြာခင်က အင်တာနက်ပေါ်မှာ ခေတ်စားသွားတဲ့ ကိုရီးယားခေါက်ဆွဲ အစပ်စားတဲ့ challenge တို့၊ Bangkok Night Market ခေတ်စားတုန်းက သက်တန့်ရောင် milk tea တွေ၊ ပုံးလှလှလေးတွေထဲ ထည့်ရောင်းတဲ့ Soda ဖျော်ရည်တွေကို ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်ကြတာတို့ပေါ့။ အစားအသောက်နဲ့ ပတ်သက်တဲ့ Trend တွေက ကမ္ဘာတဝှမ်းမှာ အမျိုးမျိုးရှိပါတယ်။ ဒီနေ့မှာတော့ ၂၀၁၈ ရောက်ရင် ခေတ်စားလာနိုင်တဲ့ အစားအသောက် Trend လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Air Fryer သုံးကြမယ်

Air Fryer ဆိုတာ အာလူးကြော်တို့၊ ကြက်တောင်ပံကြော်တို့ကို အရင်ကလို ဟင်းသီးဟင်းရွက်ဆီတွေသုံးပြီး မကြော်ဘဲ လေပူအားကိုသုံးပြီး ကြွပ်ရွနေအောင် ကြော်ရတာဖြစ်ပါတယ်။ ဒီတော့ ဆီမသန့်လို့ အစားအသောက်မသန့်ဘူးဆိုတဲ့ ပြဿနာမျိုးတွေ မရှိတော့ဘူးပေါ့။ နောက်ပြီး ဆီဖိုးနည်းနည်းသက်သာလည်း နည်းလားပေါ့။ ဒါဟာ ၂၀၁၈ ခုနှစ်မှာ ခေတ်စားလာနိုင်တဲ့ Food Trend တစ်ခုပါ။

၂။ အသီးအနှံံတွေကို စွပ်ပြုတ်လုပ်သောက်လာကြမယ်

sub-buzz-29679-1513022366-4.jpg 

အရင်တုန်းက သစ်သီးဝလံတွေကို အစေ့အဆန်တွေနဲ့ရောပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာဖြစ်လာအောင် သစ်သီးဖျော်စက်ထဲ ထည့်မွှေပြီးမှ သောက်သုံးကြပါတယ်။ နောက်ပိုင်းမှာတော့ သစ်သီးဝလံတွေကို ရောမွှေပြီးမှ စွပ်ပြုတ်စတိုင်လ်ပိုပြီး သောက်သုံးလာကြပါလိမ့်မယ်။ အဲဒီလိုလုပ်ခြင်းဖြင့် ဗိုက်တာမင်နဲ့ အာဟာရဓာတ်တွေကို ပိုမိုုရရှိစေနိုင်ပါတယ်တဲ့။ ပုံမှာပြထားတာကတော့ ရွှေဖရုံသီး၊ ပန်းသီးနဲ့ ဂျင်းစွပ်ပြုတ်ပဲဖြစ်ပါတယ်။

၃။ Superfood ကော်ဖီသောက်ကြမယ်

sub-buzz-24160-1513022734-3.jpg 

ပင်ပွားစေ့တို့၊ ပိုက်ဆံလျှော်ပင်စေ့တို့ကို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစေ့တွေလို့ သတ်မှတ်ကြပြီး မနက်မိုးလင်းလို့ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ တခြားအသီးတွေနဲ့ရောပြီး smoothie ဖျော်သောက်ကြတာပါ။ အခုတော့ အဲဒီအစေ့တွေကို ကော်ဖီထဲမှာပါ ထည့်သောက်လို့ရပါပြီ။ ပရိုတိန်းကြွယ်ဝပြီး အာဟာရလည်းစုံလင်တဲ့ superfood တွေကို ပရိုတိန်းမှုန့်အဖြစ် ပြောင်းလဲပြီး ကော်ဖီထဲမှာ ထည့်သောက်လို့ရနေပါပြီ။

၄။ အပင်တွေကရတဲ့ ပရိုတိန်းဓာတ်ကို ပိုမိုအားကိုးလာကြမယ်

sub-buzz-30813-1513023823-1.jpg 

ပရိုတိန်းဓာတ်ကို အသားတစ်မျိုးတည်းကရတာ မဟုတ်ပါဘူး။ အသီးအရွက်တွေကနေလည်း ပရိုတိန်းဓာတ်အများကြီးကို ရရှိနိုင်ပါသေးတယ်။ အထူးသဖြင့် ပဲနီလေးတို့၊ ပဲနက်တို့၊ ပဲကြီးတို့လို အပင်ကထွက်တဲ့ ပရိုတိန်းတွေဟာလည်း ခန္ဓာကိုယ်အတွက် အကျိုးရှိပါတယ်။ ဒါ့အပြင် အပင်ကရတဲ့ ပရိုတိန်းတွေနဲ့ မက္ကစီကန်ပဲဟင်းလိုမျိုး အရသာရှိတဲ့ အစားအစာတွေကို ဖန်တီးနိုင်ပါသေးတယ်။

၅။ ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့ မုန့်ပဲသရေစာတွေ စားလာကြမယ်

sub-buzz-10860-1513024362-3.jpg

ဆီများတဲ့ အာလူးကြော်တွေ၊ အသင့်စားသုံးနိုင်တဲ့ ထုပ်ပိုးပြီးမုန့်တွေနေရာမှာ ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့ မုန့်ပဲသရေစာတွေ အစားထိုးဝင်ရောက်လာပါလိမ့်မယ်။ ဥပမာ ပဲစိမ်းကြွတ်ကြော်တို့၊ ပဲပင်ပေါက် အပြားကြော်တို့၊ တရုတ်ပဲစိမ်းကို ဆားနဲ့ရှာလကာရည်စိမ်ပြီး မီးကင်ထားတာတို့ကို ပိုပြီးစားသုံးလာကြပါလိမ့်မယ်။

၆။ ကိုရီးယားဟင်းခတ် အမွှေးအကြိုင်တွေကို ပိုသုံးလာမယ်

sub-buzz-11459-1513025232-3.jpg 

မီးဖိုချောင်တွေထဲမှာ ကိုရီးယားဟင်းခတ် အမွှေးအကြိုင်တွေဖြစ်တဲ့ ကိုရီးယားပဲငပိတို့၊ ကိုရီးယားငရုပ်သီးအနှစ်တို့ကို ပိုမိုတွေ့ရှိလာရပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ ကိုရီးယားပဲငံပြာရည်တို့၊ ကိုရီးယား ဘာဘီကျူးဆော့စ်တို့ကလည်း ဟင်းလျာတွေကို အရသာတမူထူးကဲစေတဲ့အတွက် အိမ်ရှင်မတွေကြားမှာ ပိုပြီးခေတ်စားလာပါလိမ့်မယ်။

Source: Buzzfeed


Author


က္က