• Food & Recipe
    ကိုရီးယားထမင်းသုပ် (bibimbap) လုပ်စားကြမယ်
Thiha Htun
[Unicode Version]

အိမ်မှုကိစ္စနိုင်နင်းတယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ လူတိုင်းအတွက် လိုအပ်တဲ့အရည်အချင်းတစ်ခုပါ။ ဒါလေးတွေ တတ်ထားရင် အနည်းဆုံးတော့ အားလပ်ရက်မှာ ကိုယ်စားချင်တာကို ချက်စားလို့ရတာပေါ့။ ကိုရီးယား အစားအစာတွေကိုမှ နှစ်သက်တယ် ဆိုရင်တော့ ကိုရီးယားနိုင်ငံရဲ့ အခြေခံအစားအစာတစ်မျိုးဖြစ်တဲ့ bibimbap (ကိုရီးယားထမင်းသုပ်) လုပ်နည်းကို ဖော်ပြပေး လိုက်ပါတယ်နော်။ Bibimbap (ကိုရီးယားထမင်းသုပ်) ဟာဆိုရင် CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအသောက် (၅၀) မှာ နံပါတ် (၄၀) ချိတ်ထားတာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ingredients-485x317.jpg 

ပါဝင်ပစ္စည်းတွေကတော့ ထမင်းဖြူနှစ်ပန်းကန်၊ သခွားဖရုံသီးတစ်လုံး၊ မုန်လာဥနီတစ်ခြမ်း၊ မှို (၄) ပွင့်၊ အမဲသား (သို့) ဝက်သား (၁၀၀) ဂရမ်၊ ကြက်ဥ (၂) လုံး၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုပ်ကောင်းမှုန့်အနည်းငယ်၊ ကိုရီးယား ငရုပ်သီးအနှစ် လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နှမ်းစေ့အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

bibimbap-zoom-in2-copy-580x386.jpg 

အရင်ဆုံး မုန်လာဥနီရယ်၊ သခွားဖရုံသီးရယ်၊ မှိုရယ်ကို (၆) စင်တီမီတာအရွယ် အမြှောင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သား (ဝက်သားမစားရင် ဒီနေရာမှာ အမဲသားကို အစားထိုး အသုံးပြုနိုင်ပါတယ်) (၅၀) ဂရမ်ကို (၆) စင်တီမီတာ အရွယ် အမြှောင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ကျန်တဲ့ (၅၀) ဂရမ်ကိုတော့ နုတ်နုတ်စင်းပေးလိုက်ပါ။

cutting-zu2-580x386.jpg 

ပဲငံပြာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နှမ်းစေ့နဲ့ ငရုပ်ကောင်းမှုန့်တို့ကိုတော့ ပန်းကန်လုံးလေး တစ်လုံးထဲမှာ ရောထားပေးလိုက်ပါ။ ရောပြီးပြီဆိုတော့မှ ပန်းကန်လုံးနှစ်လုံးထဲမှာခွဲပြီး ခုနက အသားအမြှောင်းလေးတွေနဲ့ မှိုဖတ်လေးတွေကို တစ်ခွက်စီမှာခွဲပြီး စိမ်ထားပေးလိုက်ပါ။

marinating-580x386.jpg 

ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီအပူပေးထားပြီးမှ ကြက်ဥကို အကာသက်သက်၊ အနှစ်သက်သက် ခွဲကြော်ပေးလိုက်ပါ။ ကြက်ဥကြော် အကာသက်သက်၊ အနှစ်သက်သက် ကျက်သွားပြီဆိုတော့မှ ထုံးစံအတိုင်း အမြှောင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ပြီးရင်တော့ ဒယ်အိုးကို ဆီအပူပြန်ပေးပြီး ကျန်နေသေးတဲ့ ပါဝင်ပစ္စည်းအားလုံးကို တစ်မျိုးစီကြော်ပေးလိုက်ပါ။ ဆိုလိုတာက မုန်လာဥနီကို သက်သက်ကြော်၊ သခွားသီးကို သက်သက်ကြော်၊ အသားနဲ့ မှိုကို သက်သက်ကြော်ရမှာပါ။ သခွားသီးနဲ့ မှိုကိုတော့ အချိန်ခနလေးပဲ မီးအပူပေးဖို့လိုပါတယ်။

all-ingredients-580x386.jpg 

ပြီးရင်တော့ ဒယ်အိုးကို ဆီပူပြန်ပေးပြီး အစောပိုင်းတုန်းက နုတ်နုတ်စင်းထားတဲ့ အသားတွေကို ထည့်ကြော်ပေးလိုက်ပါ။ အသားတွေ အရမ်းကြီးကျက်မသွားအောင်တော့ သတိထားဖို့လိုပါတယ်။ မိနစ်ပိုင်းလောက်ကြာရင် ကိုရီးယား ငရုပ်သီးအနှစ် လက်ဖက်ရည်ဇွန်း (၃) ဇွန်းနဲ့ ရေအနည်းငယ်တို့ကို အသားအိုးထဲ ရောထည့်ပြီး ပျစ်လာသည်အထိ မွှေပေးနေလိုက်ပါ။

place-chilli-sauce-580x386.jpg 

ဒါပြီးရင်တော့ bibimbap (ကိုရီးယားထမင်းသုပ်) ကို တည်ခင်းဖို့ အချိန်ကျပါပြီ။ အရင်ဆုံး ပန်းကန်လုံး (အကြီး) တစ်လုံးထဲမှာ ထမင်းခူးထည့်လိုက်ပါ။ ပြီးရင်တော့ ပုံပါအတိုင်း ပါဝင်ပစ္စည်းအားလုံးကို လှလှပပလေး လိုက်စီလိုက်ပါ။ ပူပူနွေးနွေး ချက်ထားတဲ့ အနှစ်ကိုတော့ အလည်ကနေ အသာလေးပုံထားပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ bibimbap (ကိုရီးယားထမင်းသုပ်) လေးတစ်ပွဲကို လှလှပပလေး ပြင်ဆင်ဖို့ပြီးပြီဖြစ်လိုု့ အိမ်သားတွေ၊ မိမိချစ်သူခင်သူတွေကို ခေါ်ကြွား/ ခေါ်ကျွေးနိုင်ပါပြီ။

Source: Kfoodaddict

[Zawgyi Version]

အိမ္မႈကိစၥႏိုင္နင္းတယ္ဆိုတာ ဒီေခတ္ႀကီးထဲမွာ လူတိုင္းအတြက္ လိုအပ္တဲ့အရည္အခ်င္းတစ္ခုပါ။ ဒါေလးေတြ တတ္ထားရင္ အနည္းဆံုးေတာ့ အားလပ္ရက္မွာ ကိုယ္စားခ်င္တာကို ခ်က္စားလို႔ရတာေပါ့။ ကိုရီးယား အစားအစာေတြကိုမွ ႏွစ္သက္တယ္ ဆိုရင္ေတာ့ ကိုရီးယားႏိုင္ငံရဲ႕ အေျခခံအစားအစာတစ္မ်ိဳးျဖစ္တဲ့ bibimbap (ကိုရီးယားထမင္းသုပ္) လုပ္နည္းကို ေဖာ္ျပေပး လိုက္ပါတယ္ေနာ္။ Bibimbap (ကိုရီးယားထမင္းသုပ္) ဟာဆိုရင္ CNN Travel ရဲ႕ ကမၻာ့အေကာင္းဆံုး အစားအေသာက္ (၅၀) မွာ နံပါတ္ (၄၀) ခ်ိတ္ထားတာျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

ingredients-485x317.jpg 

ပါဝင္ပစၥည္းေတြကေတာ့ ထမင္းျဖဴႏွစ္ပန္းကန္၊ သခြားဖ႐ံုသီးတစ္လံုး၊ မုန္လာဥနီတစ္ျခမ္း၊ မႈိ (၄) ပြင့္၊ အမဲသား (သို႔) ဝက္သား (၁၀၀) ဂရမ္၊ ၾကက္ဥ (၂) လံုး၊ ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ငရုပ္ေကာင္းမႈန္႔အနည္းငယ္၊ ကိုရီးယား ငရုပ္သီးအႏွစ္ လက္ဖက္ရည္ဇြန္း (၃) ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ႏွမ္းဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ႏွမ္းေစ့အနည္းငယ္တို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

bibimbap-zoom-in2-copy-580x386.jpg 

အရင္ဆံုး မုန္လာဥနီရယ္၊ သခြားဖ႐ံုသီးရယ္၊ မႈိရယ္ကို (၆) စင္တီမီတာအရြယ္ အေျမွာင္းေလးေတြျဖစ္ေအာင္ လွီးေပးလိုက္ပါ။ ၿပီးရင္ေတာ့ ဝက္သား (ဝက္သားမစားရင္ ဒီေနရာမွာ အမဲသားကို အစားထိုး အသံုးျပဳႏိုင္ပါတယ္) (၅၀) ဂရမ္ကို (၆) စင္တီမီတာ အရြယ္ အေျမွာင္းေလးေတြျဖစ္ေအာင္ လွီးေပးလိုက္ပါ။ က်န္တဲ့ (၅၀) ဂရမ္ကိုေတာ့ ႏုတ္ႏုတ္စင္းေပးလိုက္ပါ။

ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း (၂) ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ႏွမ္းေစ့နဲ႔ င႐ုပ္ေကာင္းမႈန္႔တို႔ကိုေတာ့ ပန္းကန္လံုးေလး တစ္လံုးထဲမွာ ေရာထားေပးလိုက္ပါ။ ေရာၿပီးၿပီဆိုေတာ့မွ ပန္းကန္လံုးႏွစ္လံုးထဲမွာခြဲၿပီး ခုနက အသားအေျမွာင္းေလးေတြနဲ႔ မႈိဖတ္ေလးေတြကို တစ္ခြက္စီမွာခြဲၿပီး စိမ္ထားေပးလိုက္ပါ။

ဒယ္အိုးျပားတစ္လံုးထဲမွာ ဆီအပူေပးထားၿပီးမွ ၾကက္ဥကို အကာသက္သက္၊ အႏွစ္သက္သက္ ခြဲေၾကာ္ေပးလိုက္ပါ။ ၾကက္ဥေၾကာ္ အကာသက္သက္၊ အႏွစ္သက္သက္ က်က္သြားၿပီဆိုေတာ့မွ ထံုးစံအတိုင္း အေျမွာင္းေလးေတြျဖစ္ေအာင္ လွီးေပးလိုက္ပါ။ ၿပီးရင္ေတာ့ ဒယ္အိုးကို ဆီအပူျပန္ေပးၿပီး က်န္ေနေသးတဲ့ ပါဝင္ပစၥည္းအားလံုးကို တစ္မ်ိဳးစီေၾကာ္ေပးလိုက္ပါ။ ဆိုလိုတာက မုန္လာဥနီကို သက္သက္ေၾကာ္၊ သခြားသီးကို သက္သက္ေၾကာ္၊ အသားနဲ႔ မႈိကို သက္သက္ေၾကာ္ရမွာပါ။ သခြားသီးနဲ႔ မႈိကုိေတာ့ အခ်ိန္ခနေလးပဲ မီးအပူေပးဖို႔လိုပါတယ္။

ၿပီးရင္ေတာ့ ဒယ္အိုးကို ဆီပူျပန္ေပးၿပီး အေစာပိုင္းတုန္းက ႏုတ္ႏုတ္စင္းထားတဲ့ အသားေတြကို ထည့္ေၾကာ္ေပးလိုက္ပါ။ အသားေတြ အရမ္းႀကီးက်က္မသြားေအာင္ေတာ့ သတိထားဖို႔လိုပါတယ္။ မိနစ္ပိုင္းေလာက္ၾကာရင္ ကိုရီးယား ငရုပ္သီးအႏွစ္ လက္ဖက္ရည္ဇြန္း (၃) ဇြန္းနဲ႔ ေရအနည္းငယ္တို႔ကို အသားအိုးထဲ ေရာထည့္ၿပီး ပ်စ္လာသည္အထိ ေမႊေပးေနလိုက္ပါ။

ဒါၿပီးရင္ေတာ့ bibimbap (ကိုရီးယားထမင္းသုပ္) ကို တည္ခင္းဖို႔ အခ်ိန္က်ပါၿပီ။ အရင္ဆံုး ပန္းကန္လံုး (အႀကီး) တစ္လံုးထဲမွာ ထမင္းခူးထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ပံုပါအတိုင္း ပါဝင္ပစၥည္းအားလံုးကို လွလွပပေလး လိုက္စီလိုက္ပါ။ ပူပူေႏြးေႏြး ခ်က္ထားတဲ့ အႏွစ္ကိုေတာ့ အလည္ကေန အသာေလးပံုထားေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အရသာ႐ွိတဲ့ bibimbap (ကိုရီးယားထမင္းသုပ္) ေလးတစ္ပြဲကို လွလွပပေလး ျပင္ဆင္ဖို႔ၿပီးၿပီျဖစ္လိုု႔ အိမ္သားေတြ၊ မိမိခ်စ္သူခင္သူေတြကို ေခၚၾကြား/ ေခၚေကြ်းႏိုင္ပါၿပီ။

Source: Kfoodaddict


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs