• Food & Recipe
    ကမ္ဘာတဝှမ်းက အစားအစာချစ်သူများ ရွေးချယ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာများ
Su Yee Moe
[Unicode Version]

ကမ္ဘာပေါ်မှာ ဘယ်အစားအစာတွေက အကောင်းဆုံးလဲ။ ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာပြီး ဘယ်လိုအစားအစာမျိုးတွေကို အကောင်းဆုံးလို့ သတ်မှတ်ကြမှာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူနိုင်တဲ့အတွက် အကောင်းဆုံးအစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ အစားအစာအမျိုးအစားတွေကလည်း ကွဲပြားမှာပါပဲ။ ဒါပေမယ့် CNN Travel ကဏ္ဍမှနေပြီး Facebook လူမှုကွန်ရက်ကနေတဆင့် မဲဆန္ဒကောက်ခံပြီး ကမ္ဘာတဝှမ်းလုံးက ပရိသတ်တွေ အနှစ်သက်ဆုံး အစားအစာတွေကို သတ်မှတ်နိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့...

၂၅။ မက္ကစီကန်ချောကလက်

170306135904-chocolate.jpg 

မေယန်လူမျိုးတွေကတော့ ချောကလက်ပြုလုပ်တဲ့ ကိုကိုးမှုန့်ကို နွားနို့၊ သကြား စတာတွေရောပြီး ချောကလက်ဖျော်ရည် လုပ်သောက်ကြပါတယ်။ ချောကလက်ဟာ ခရစ္စမတ်တို့၊ ချစ်သူများနေ့တို့မှာ မရှိမဖြစ်ပါပဲ။ အဲဒီထဲမှာမှ မက္ကစီကန်စတိုင်လ် ချောကလက်ကို ကမ္ဘာတလွှားက ပရိသတ်တွေက အနှစ်သက်ဆုံးပါပဲတဲ့။

၂၄။ ယိုးဒယားထမင်းကြော်

170306140301-fried-rice.jpg 

ထိုင်းလူမျိုးတွေဟာ အစားအသောက်ချက်ပြုတ်ရာမှာတော့ ကျွမ်းကျင်နိုင်နင်းလှပြီး ထိုင်းအစားအစာတွေဟာလည်း ကမ္ဘာမှာပါ နာမည်ကြီးလှပါတယ်။ အထူးသဖြင့် အရသာလေးပင်ပြီး အစပ်ဘက်ကိုကဲတဲ့ ထိုင်းအစားအစာတွေဟာ ကမ္ဘာမှာကျော်ကြားပါတယ်။ ယိုးဒယားထမင်းကြော်ကတော့ အဲဒီထဲက တစ်ခုပဲပေါ့။

၂၃။ Bulgogi (ကိုရီးယားအသားကင်ထမင်း)

150813135453-korea-food-map-bulgogi.jpg 

Bulgogi ဆိုတာ ကိုရီးယားလို မီးနဲ့အသားလို့ အဓိပ္ပာယ်ရပါတယ်။ ဒီကိုရီးယားအစားအစာ ပေါ်ပေါက်နေခဲ့တာ နှစ်ပေါင်း (၁၀၀၀) နီးပါးလောက် ရှိပါပြီ။ Bulgogi တစ်ပွဲမှာ နေ့စဉ်အစားအစာ တစ်မျိုးအတွက် လိုအပ်တဲ့ အရာအားလုံး ပြည့်ဝစွာပါဝင်နေပါတယ်။ အဲဒါတွေကတော့ ကာဘိုဟိုက်ဒရိတ် (ထမင်း)၊ ပရိုတိန်း (အမဲသားနဲ့ ကြက်ဥ)၊ ဗိုက်တာမင်နဲ့ သတ္ထုဓာတ် (ဟင်းသီးဟင်းရွက်စုံ)၊ အဆီဓာတ် တို့ပဲဖြစ်ပါတယ်။ နောက်တစ်ပွဲမှာစားဖို့အတွက် အကြောင်းပြချက်ကောင်းတစ်ခုပါပဲ။

၂၂။ Egg Tart (ဟောင်ကောင်)

170228170750-egg-tart.jpg 

အလည်မှာ ချိုမြိန်နူးညံ့တဲ့ ကြက်ဥနို့ပေါင်းကို ဋ္ဌာပနာလုပ်ထားပြီး ကြွပ်ရွတဲ့အနားသားရှိတဲ့ egg tart မုန့်လေးကတော့ မုန့်ဖိုထဲကထုတ်ပြီးခါစ ပူပူနွေးနွေးစားပေးရင် အကောင်းဆုံးပါပဲ။ ဟောင်ကောင်မြို့က ကော်ဖီဆိုင်၊ မုန့်ဆိုင်တိုင်းနဲ့ ဟိုတယ်တိုင်းမှာ ရရှိနိုင်ပြီး ဟောင်ကောင်မြို့သားတွေရဲ့ အနှစ်သက်ဆုံး မုန့်ပဲသရေစာတစ်မျိုးဖြစ်ပါတယ်။

၂၁။ Fish 'n' chips (အင်္ဂလန်)

160711115521-fish-and-chips-cnnfood.jpg 

၁၈၆၀ ပြည့်နှစ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ အစားအစာတစ်မျိုးဖြစ်တဲ့ Fish 'n' chips ကတော့ ယနေ့ထက်ထိတိုင်အောင် မရိုးနိုင်သေးပါဘူး။ အပြင်ပိုင်းမှာ ကြွပ်ရွပြီး အတွင်းပိုင်းမှှာ နူးညံ့နေတဲ့ အထိအတွေ့နဲ့ ဗြိတိသျှအစားအစာလေးဟာ အင်္ဂလန်မှာတော့ လူတန်းစားမရွေး နှစ်သက်ကြတဲ့ အစားအစာလေးပါ။ ဆား၊ ရှာလကာရည်၊ ကြက်ဥအနှစ်နဲ့ ရှာလကာရည်ရောထားတဲ့ tartar sauce တို့နဲ့ ခြံရံလိုက်ရင်တော့ အကောင်းဆုံးဆိုတဲ့ အရသာကို ရရှိခံစားနိုင်ပြီပေါ့။

၂၀။ ဖိုခေါက်ဆွဲ (ဗီယက်နမ်)

170306154511-pho.jpg 

ဗီယက်နမ်နိုင်ငံရဲ့ နာမည်အကြီးဆုံးနဲ့ နိုင်ငံတော်အစားအစာလို့တောင် ခေါ်ဆိုနိုင်တဲ့ ဖိုခေါက်ဆွဲရဲ့ အဓိကဆွဲဆောင်မှုကတော့ ဆန်ခေါက်ဆွဲနဲ့ တွဲဖက်ထားတဲ့ ဟင်းရည်ပါပဲ။ ဟင်းရည်ကို ကြက်သား (သို့) အမဲသားနဲ့ ပြုလုပ်ထားပြီး စပယ်ရှယ်ပါဝင်ပစ္စည်းနည်းနည်းနဲ့ တမူထူးကဲတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးရဲ့ မျှခြေညီမှုကလည်း အလွန်အရေးပါပြီး အားလုံးပေါင်းစပ်လိုက်ချိန်မှာတော့ စားဖူးသမျှထဲမှာ အနှစ်သက်ဆုံး ခေါက်ဆွဲတစ်ပွဲလို့ ခံစားသွားရစေမှာပါ။

၁၉။ အစိမ်းရောင်ဟင်း (ထိုင်း)

170306141533-green-curry.jpg 

Green Curry (အစိမ်းရောင်ဟင်း) ဟာလည်း ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အစားအစာတစ်မျိုးပါပဲ။ အုန်းနို့အရသာကဲပြီး စပ်လည်းစပ်တဲ့ ဒီဟင်းလျာလေးကိုတော့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးလိုက်မယ်ဆိုရင် ဆွေမျိုးမေ့စေမှာပါ။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။

၁၈။ ပြင်သစ်ပေါင်မုန့်လိပ်

120618122313-best-croissant-in-paris.jpg 

ထောပတ်ကဲတဲ့ မုန့်အပေါ်ယံအလွှာ၊ နူးညံ့တဲ့ ပေါင်မုန့်အတွင်းသားတို့နဲ့အတူ ရက်စ်ဘယ်ရီယိုလေးနဲ့ အုပ်ထားတာက စားလိုက်ရင် ခံတွင်းထဲမှာပျော်ဆင်းပြီး တမူထူးကဲတဲ့ ပေါင်မုန့်အရသာသစ် တစ်မျိုးကို ရရှိစေနိုင်မှာပါ။ ပြင်သစ်လူမျိုးတွေဟာ ကမ္ဘာကျော်စားဖိုမှူးတွေကို မွေးထုတ်ပေးနိုင်တဲ့ လူမျိုးတွေဖြစ်ပြီး ပြင်သစ်ပေါင်မုန့်ကလည်း ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးလို့ လူသိများပါတယ်။ ကော်ဖီခါးခါးလေးနဲ့ တွဲဖက်လိုက်ရင် အကောင်းဆုံးပဲပေါ့။

၁၇။ Gelato (အီတလီရေခဲမုန့်)

160916111700-italy-food-gelato2-c-salvatore-farinajpg.jpg 

အီတလီမှာ နာမည်အကြီးဆုံး မုန့်ပဲသရေစာလေးကတော့ "Eat, Pray, Love" ရုပ်ရှင်ဇာတ်ကားကြောင့် လူသိပိုများလာခဲ့တာပါ။ အီတလီရေခဲမုန့်ကို လတ်ဆတ်တဲ့ပါဝင်ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားပြီး ဆေးသကြားတွေ၊ လူလုပ်အရောင်တင်မှုန့်တွေ၊ အသင့်သုံးနို့မှုန့်တွေ မပါဝင်အောင် ရှောင်ရှားထားပါတယ်။ နောက်ပြီး သစ်သီးအရသာစုံကို ရောယှက်ထားပါတယ်။ သစ်သီးအရသာ သိပ်သည်းဆများပြီး အဆီဓာတ်နည်းတဲ့အတွက် gelato ဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရေခဲမုန့်တစ်မျိုးပါ။

၁၆။ တူရကီအသားတုတ်ထိုးကင် (kebab)

170228170441-kebab.jpg 

တူရကီအစားအစာဆိုပေမယ့် တစ်ကမ္ဘာလုံးက ဆင့်ပွားယူလိုက်တဲ့ အသားကင်ယဉ်ကျေးမှုကတော့ kebab ပါပဲ။ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ ညနေဘက် ဘီယာဆိုင်ထိုင်ရင် မှာစားတဲ့ အကင်တွေဆိုတာ kebab ရဲ့ မျိုးကွဲလို့လည်း ဆိုနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ kebab ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မွေးစားယူထားကြပြီး မူလဘူတ kebab ကတော့ အသားနဲ့ အသီးအရွက်တွေကို ရောကင်ထားတာပါ။

၁၅။ အမေရိကန်ရေခဲမုန့်

170228141921-ice-cream.jpg 

အမေရိကန်စတိုင်လ် ရေခဲမုန့်ကတော့ အစေ့အဆန်တွေ၊ မက်ရှ်မဲလိုးတွေ၊ ချောကလက်ခရင်မ်တွေနဲ့ ရောစပ်ပြုလုပ်ထားပြီး ချိုမြိန်တဲ့အရသာကို အသားပေးပါတယ်။ ဇွန်းအရှည်ကြီးတွေနဲ့ ခပ်စားရတဲ့အတွက် ဖန်ခွက်အောက်ခြေမှာ အနည်ထိုင်နေတဲ့ အရသာတွေအထိ ခံစားနိုင်မှာပါ။ ကမ္ဘာ့အကောင်းဆုံးအစားအစာတစ်မျိုးအတွက် တစ်ခါတလေ ကယ်လိုရီတိုးတာလောက်ကတော့ သည်းခံသင့်ပါတယ်နော။

၁၄။ အင်ဒိုးနီးယား ဆာတေး

170306141855-satay.jpg 

ကမ္ဘာ့အကောင်းဆုံး အစားအစာစာရင်းထဲ ဝင်လာတဲ့ နောက်ထပ်အစားအစာတစ်မျိုးကတော့ အင်ဒိုးနီးရှားစတိုင်လ် ဆာတေးပါပဲ။ ဆာတေးကင်ဖို့ ပြင်ဆင်ချိန်က နေ့တစ်ဝက်လောက် ကြာနိုင်ပြီး စားလိုက်ရင် မိနစ်ပိုင်းအတွင်း ပြောင်သလင်းခါသွားနိုင်ပါသတဲ့။ ဘီယာအေးအေးလေးနဲ့ လိုက်ဖက်တဲ့ ဆာတေးအကင်ကို မြေပဲနံ့မွှေးတဲ့ ဆော့စ်လေးနဲ့တို့စားရတာကိုက ဘာနဲ့မှမတူတဲ့ အရသာပါပဲ။

၁၃။ စင်္ကာပူ ကြက်ဆီထမင်း

170302150650-chicken-rice-singapore.jpg 

စင်္ကာပူနိုင်ငံရဲ့ နိုင်ငံတော်အစားအစာလို့လည်း သမုတ်ကြတဲ့ ကြက်ဆီထမင်းကတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသား အစားအစာတစ်မျိုးပါ။ ဆီနဲ့နယ်ထားတဲ့ ထမင်းကို ကြက်သားတုံးလေးတွေရယ်၊ သခွားသီးစိတ်လေးတွေရယ် ခြံရံပြီး တည်ခင်းထားတဲ့ အစားအစာတစ်မျိုးပါ။ ကြက်ကင်ကိုမှ ပဲငံပြာရည်ဆော့စ်ရယ်၊ ငရုပ်သီးနဲ့ ကြက်သွန်ဖြူဆော့စ်တွေနဲ့ တို့စားရတဲ့ ကြက်ဆီထမင်းမျိုးလည်း ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: CNN.Travel

[Zawgyi Version]

ကမၻာေပၚမွာ ဘယ္အစားအစာေတြက အေကာင္းဆံုးလဲ။ ဘယ္လိုစံႏႈန္းေတြနဲ႔ တိုင္းတာၿပီး ဘယ္လိုအစားအစာမ်ိဳးေတြကို အေကာင္းဆံုးလို႔ သတ္မွတ္ၾကမွာလဲ။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိဳက္ခ်င္းမတူႏိုင္တဲ့အတြက္ အေကာင္းဆံုးအစားအစာအျဖစ္ သတ္မွတ္ခံထားရတဲ့ အစားအစာအမ်ိဳးအစားေတြကလည္း ကြဲျပားမွာပါပဲ။ ဒါေပမယ့္ CNN Travel က႑မွေနၿပီး Facebook လူမႈကြန္ရက္ကေနတဆင့္ မဲဆႏၵေကာက္ခံၿပီး ကမၻာတဝွမ္းလံုးက ပရိသတ္ေတြ အႏွစ္သက္ဆံုး အစားအစာေတြကို သတ္မွတ္ႏိုင္ခဲ့ပါတယ္။ အဲဒါေတြကေတာ့...

၂၅။ မကၠစီကန္ေခ်ာကလက္

170306135904-chocolate.jpg 

ေမယန္လူမ်ိဳးေတြကေတာ့ ေခ်ာကလက္ျပဳလုပ္တဲ့ ကိုကိုးမႈန္႔ကို ႏြားႏို႔၊ သၾကား စတာေတြေရာၿပီး ေခ်ာကလက္ေဖ်ာ္ရည္ လုပ္ေသာက္ၾကပါတယ္။ ေခ်ာကလက္ဟာ ခရစၥမတ္တို႔၊ ခ်စ္သူမ်ားေန႔တို႔မွာ မ႐ွိမျဖစ္ပါပဲ။ အဲဒီထဲမွာမွ မကၠစီကန္စတိုင္လ္ ေခ်ာကလက္ကို ကမၻာတလႊားက ပရိသတ္ေတြက အႏွစ္သက္ဆံုးပါပဲတဲ့။

၂၄။ ယိုးဒယားထမင္းေၾကာ္

170306140301-fried-rice.jpg 

ထိုင္းလူမ်ိဳးေတြဟာ အစားအေသာက္ခ်က္ျပဳတ္ရာမွာေတာ့ ကြ်မ္းက်င္ႏိုင္နင္းလွၿပီး ထိုင္းအစားအစာေတြဟာလည္း ကမၻာမွာပါ နာမည္ႀကီးလွပါတယ္။ အထူးသျဖင့္ အရသာေလးပင္ၿပီး အစပ္ဘက္ကိုကဲတဲ့ ထိုင္းအစားအစာေတြဟာ ကမၻာမွာေက်ာ္ၾကားပါတယ္။ ယိုးဒယားထမင္းေၾကာ္ကေတာ့ အဲဒီထဲက တစ္ခုပဲေပါ့။

၂၃။ Bulgogi (ကိုရီးယားအသားကင္ထမင္း)

150813135453-korea-food-map-bulgogi.jpg 

Bulgogi ဆိုတာ ကိုရီးယားလို မီးနဲ႔အသားလို႔ အဓိပၸာယ္ရပါတယ္။ ဒီကိုရီးယားအစားအစာ ေပၚေပါက္ေနခဲ့တာ ႏွစ္ေပါင္း (၁၀၀၀) နီးပါးေလာက္ ႐ွိပါၿပီ။ Bulgogi တစ္ပြဲမွာ ေန႔စဥ္အစားအစာ တစ္မ်ိဳးအတြက္ လိုအပ္တဲ့ အရာအားလံုး ျပည့္ဝစြာပါဝင္ေနပါတယ္။ အဲဒါေတြကေတာ့ ကာဘိုဟိုက္ဒရိတ္ (ထမင္း)၊ ပ႐ိုတိန္း (အမဲသားနဲ႔ ၾကက္ဥ)၊ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ (ဟင္းသီးဟင္း႐ြက္စံု)၊ အဆီဓာတ္ တို႔ပဲျဖစ္ပါတယ္။ ေနာက္တစ္ပြဲမွာစားဖို႔အတြက္ အေၾကာင္းျပခ်က္ေကာင္းတစ္ခုပါပဲ။

၂၂။ Egg Tart (ေဟာင္ေကာင္)

170228170750-egg-tart.jpg 

အလည္မွာ ခ်ိဳၿမိန္ႏူးညံ့တဲ့ ၾကက္ဥႏို႔ေပါင္းကို ႒ာပနာလုပ္ထားၿပီး ၾကြပ္ရြတဲ့အနားသား႐ွိတဲ့ egg tart မုန္႔ေလးကေတာ့ မုန္႔ဖိုထဲကထုတ္ၿပီးခါစ ပူပူေႏြးေႏြးစားေပးရင္ အေကာင္းဆံုးပါပဲ။ ေဟာင္ေကာင္ၿမိဳ႕က ေကာ္ဖီဆိုင္၊ မုန္႔ဆိုင္တိုင္းနဲ႔ ဟိုတယ္တိုင္းမွာ ရ႐ွိႏိုင္ၿပီး ေဟာင္ေကာင္ၿမိဳ႕သားေတြရဲ႕ အႏွစ္သက္ဆံုး မုန္႔ပဲသေရစာတစ္မ်ိဳးျဖစ္ပါတယ္။

၂၁။ Fish 'n' chips (အဂၤလန္)

160711115521-fish-and-chips-cnnfood.jpg 

၁၈၆၀ ျပည့္ႏွစ္ကတည္းက ေပၚေပါက္ခဲ့တဲ့ အစားအစာတစ္မ်ိဳးျဖစ္တဲ့ Fish 'n' chips ကေတာ့ ယေန႔ထက္ထိတိုင္ေအာင္ မ႐ိုးႏိုင္ေသးပါဘူး။ အျပင္ပိုင္းမွာ ၾကြပ္႐ြၿပီး အတြင္းပိုင္းမွွာ ႏူးညံ့ေနတဲ့ အထိအေတြ႕နဲ႔ ၿဗိတိသွ်အစားအစာေလးဟာ အဂၤလန္မွာေတာ့ လူတန္းစားမေရြး ႏွစ္သက္ၾကတဲ့ အစားအစာေလးပါ။ ဆား၊ ရွာလကာရည္၊ ၾကက္ဥအႏွစ္နဲ႔ ႐ွာလကာရည္ေရာထားတဲ့ tartar sauce တို႔နဲ႔ ျခံရံလိုက္ရင္ေတာ့ အေကာင္းဆံုးဆိုတဲ့ အရသာကို ရ႐ွိခံစားႏိုင္ၿပီေပါ့။

၂၀။ ဖိုေခါက္ဆြဲ (ဗီယက္နမ္)

170306154511-pho.jpg 

ဗီယက္နမ္ႏိုင္ငံရဲ႕ နာမည္အႀကီးဆံုးနဲ႔ ႏိုင္ငံေတာ္အစားအစာလို႔ေတာင္ ေခၚဆိုႏိုင္တဲ့ ဖိုေခါက္ဆြဲရဲ႕ အဓိကဆြဲေဆာင္မႈကေတာ့ ဆန္ေခါက္ဆြဲနဲ႔ တြဲဖက္ထားတဲ့ ဟင္းရည္ပါပဲ။ ဟင္းရည္ကို ၾကက္သား (သို႔) အမဲသားနဲ႔ ျပဳလုပ္ထားၿပီး စပယ္႐ွယ္ပါဝင္ပစၥည္းနည္းနည္းနဲ႔ တမူထူးကဲတဲ့ အရသာကို ေပးစြမ္းႏိုင္ပါတယ္။ ပါဝင္ပစၥည္းအားလံုးရဲ႕ မွ်ေျခညီမႈကလည္း အလြန္အေရးပါၿပီး အားလံုးေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ စားဖူးသမွ်ထဲမွာ အႏွစ္သက္ဆံုး ေခါက္ဆြဲတစ္ပြဲလို႔ ခံစားသြားရေစမွာပါ။

၁၉။ အစိမ္းေရာင္ဟင္း (ထိုင္း)

170306141533-green-curry.jpg 

Green Curry (အစိမ္းေရာင္ဟင္း) ဟာလည္း ထိုင္းႏိုင္ငံရဲ႕ နာမည္ေက်ာ္ အစားအစာတစ္မ်ိဳးပါပဲ။ အုန္းႏို႔အရသာကဲၿပီး စပ္လည္းစပ္တဲ့ ဒီဟင္းလ်ာေလးကိုေတာ့ ထမင္းပူပူေလးနဲ႔ တြဲဖက္စားသံုးလိုက္မယ္ဆိုရင္ ေဆြမ်ိဳးေမ့ေစမွာပါ။ အထူးသျဖင့္ ကမၻာလွည့္ခရီးသည္ေတြ ႏွစ္ၿခိဳက္စြာ စားသံုးၾကပါတယ္။

၁၈။ ျပင္သစ္ေပါင္မုန္႔လိပ္

120618122313-best-croissant-in-paris.jpg 

ေထာပတ္ကဲတဲ့ မုန္႔အေပၚယံအလႊာ၊ ႏူးညံ့တဲ့ ေပါင္မုန္႔အတြင္းသားတို႔နဲ႔အတူ ရက္စ္ဘယ္ရီယိုေလးနဲ႔ အုပ္ထားတာက စားလိုက္ရင္ ခံတြင္းထဲမွာေပ်ာ္ဆင္းၿပီး တမူထူးကဲတဲ့ ေပါင္မုန္႔အရသာသစ္ တစ္မ်ိဳးကို ရရွိေစႏိုင္မွာပါ။ ျပင္သစ္လူမ်ိဳးေတြဟာ ကမၻာေက်ာ္စားဖိုမွဴးေတြကို ေမြးထုတ္ေပးႏိုင္တဲ့ လူမ်ိဳးေတြျဖစ္ၿပီး ျပင္သစ္ေပါင္မုန္႔ကလည္း ကမၻာေပၚမွာ အႏူးညံ့ဆံုးလို႔ လူသိမ်ားပါတယ္။ ေကာ္ဖီခါးခါးေလးနဲ႔ တြဲဖက္လိုက္ရင္ အေကာင္းဆံုးပဲေပါ့။

၁၇။ Gelato (အီတလီေရခဲမုန္႔)

160916111700-italy-food-gelato2-c-salvatore-farinajpg.jpg 

အီတလီမွာ နာမည္အႀကီးဆံုး မုန္႔ပဲသေရစာေလးကေတာ့ "Eat, Pray, Love" ႐ုပ္႐ွင္ဇာတ္ကားေၾကာင့္ လူသိပိုမ်ားလာခဲ့တာပါ။ အီတလီေရခဲမုန္႔ကို လတ္ဆတ္တဲ့ပါဝင္ပစၥည္းေတြနဲ႔ပဲ ျပဳလုပ္ထားၿပီး ေဆးသၾကားေတြ၊ လူလုပ္အေရာင္တင္မႈန္႔ေတြ၊ အသင့္သံုးႏို႔မႈန္႔ေတြ မပါဝင္ေအာင္ ေ႐ွာင္႐ွားထားပါတယ္။ ေနာက္ၿပီး သစ္သီးအရသာစံုကို ေရာယွက္ထားပါတယ္။ သစ္သီးအရသာ သိပ္သည္းဆမ်ားၿပီး အဆီဓာတ္နည္းတဲ့အတြက္ gelato ဟာ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ ေရခဲမုန္႔တစ္မ်ိဳးပါ။

၁၆။ တူရကီအသားတုတ္ထိုးကင္ (kebab)

170228170441-kebab.jpg 

တူရကီအစားအစာဆိုေပမယ့္ တစ္ကမၻာလံုးက ဆင့္ပြားယူလိုက္တဲ့ အသားကင္ယဥ္ေက်းမႈကေတာ့ kebab ပါပဲ။ ခင္ဗ်ားတို႔၊ ကြ်န္ေတာ္တို႔ေတြ ညေနဘက္ ဘီယာဆိုင္ထိုင္ရင္ မွာစားတဲ့ အကင္ေတြဆိုတာ kebab ရဲ႕ မ်ိဳးကြဲလို႔လည္း ဆိုႏိုင္ပါတယ္။ တစ္ကမၻာလံုးမွာ kebab ကို ပံုသ႑ာန္အမ်ိဳးမ်ိဳးနဲ႔ ေမြးစားယူထားၾကၿပီး မူလဘူတ kebab ကေတာ့ အသားနဲ႔ အသီးအရြက္ေတြကို ေရာကင္ထားတာပါ။

၁၅။ အေမရိကန္ေရခဲမုန္႔

170228141921-ice-cream.jpg 

အေမရိကန္စတိုင္လ္ ေရခဲမုန္႔ကေတာ့ အေစ့အဆန္ေတြ၊ မက္႐ွ္မဲလိုးေတြ၊ ေခ်ာကလက္ခရင္မ္ေတြနဲ႔ ေရာစပ္ျပဳလုပ္ထားၿပီး ခ်ိဳၿမိန္တဲ့အရသာကို အသားေပးပါတယ္။ ဇြန္းအ႐ွည္ႀကီးေတြနဲ႔ ခပ္စားရတဲ့အတြက္ ဖန္ခြက္ေအာက္ေျခမွာ အနည္ထိုင္ေနတဲ့ အရသာေတြအထိ ခံစားႏိုင္မွာပါ။ ကမၻာ့အေကာင္းဆံုးအစားအစာတစ္မ်ိဳးအတြက္ တစ္ခါတေလ ကယ္လိုရီတိုးတာေလာက္ကေတာ့ သည္းခံသင့္ပါတယ္ေနာ။

၁၄။ အင္ဒိုးနီးယား ဆာေတး

170306141855-satay.jpg 

ကမၻာ့အေကာင္းဆံုး အစားအစာစာရင္းထဲ ဝင္လာတဲ့ ေနာက္ထပ္အစားအစာတစ္မ်ိဳးကေတာ့ အင္ဒိုးနီး႐ွားစတိုင္လ္ ဆာေတးပါပဲ။ ဆာေတးကင္ဖို႔ ျပင္ဆင္ခ်ိန္က ေန႔တစ္ဝက္ေလာက္ ၾကာႏိုင္ၿပီး စားလိုက္ရင္ မိနစ္ပိုင္းအတြင္း ေျပာင္သလင္းခါသြားႏိုင္ပါသတဲ့။ ဘီယာေအးေအးေလးနဲ႔ လိုက္ဖက္တဲ့ ဆာေတးအကင္ကို ေျမပဲနံ႕ေမႊးတဲ့ ေဆာ့စ္ေလးနဲ႔တို႔စားရတာကိုက ဘာနဲ႔မွမတူတဲ့ အရသာပါပဲ။

၁၃။ စကၤာပူ ၾကက္ဆီထမင္း

170302150650-chicken-rice-singapore.jpg 

စကၤာပူႏိုင္ငံရဲ႕ ႏိုင္ငံေတာ္အစားအစာလို႔လည္း သမုတ္ၾကတဲ့ ၾကက္ဆီထမင္းကေတာ့ ကြ်န္ေတာ္တို႔ျမန္မာလူမ်ိဳးေတြနဲ႔ ရင္းႏွီးၿပီးသား အစားအစာတစ္မ်ိဳးပါ။ ဆီနဲ႔နယ္ထားတဲ့ ထမင္းကို ၾကက္သားတံုးေလးေတြရယ္၊ သခြားသီးစိတ္ေလးေတြရယ္ ျခံရံၿပီး တည္ခင္းထားတဲ့ အစားအစာတစ္မ်ိဳးပါ။ ၾကက္ကင္ကိုမွ ပဲငံျပာရည္ေဆာ့စ္ရယ္၊ ငရုပ္သီးနဲ႔ ၾကက္သြန္ျဖဴေဆာ့စ္ေတြနဲ႔ တို႔စားရတဲ့ ၾကက္ဆီထမင္းမ်ိဳးလည္း ျဖစ္ပါတယ္။

ဆက္လက္ေဖာ္ျပပါမည္။

Source: CNN.Travel


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs