• Food & Recipe
    ဟာဝိုင်ယီစတိုင်လ်ဘယ်ရီ smoothie လေး လုပ်သောက်ကြမယ်
Thiha Htun
[Unicode Version]

ရယ်ဒီမိတ် အအေးတွေချည်းပဲ သောက်နေရတာ ပျင်းဖို့ကောင်းပါတယ်။ နွားနို့နည်းနည်း၊ ဒိန်ချဉ်နည်းနည်း၊ အသီးနည်းနည်းရှိရင် လုပ်လို့ရတဲ့ smoothie လေးတစ်ခွက် လုပ်သောက်ကြရင် မကောင်းဘူးလား။ ဒီနေ့မှာတော့ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီသီးတို့လို ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပြီး နွားနို့နဲ့ ဒိန်ချဉ်လို အားရှိစေတဲ့ ဂုဏ်သတ္တိလည်း ပါဝင်တဲ့ smoothie ဖျော်ရည်လေးတစ်ခွက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

021978af-18bb-465a-b987-5afa2fade8bd.jpg 

ဟာဝိုင်ယီအလွှာအတွက် ပါးပါးလှီးထားတဲ့ လိမ္မော်သီးတစ်လုံး၊ အအေးခံပြီး ပါးပါးလှီးထားတဲ့ ငှက်ပျောသီးနှစ်လုံး၊ အအေးခံထားတဲ့ သရက်သီး (၂၀၀) ဂ၇မ်၊ လိမ္မော်ရည်စစ်စစ် (၅၀၀) မီလီဂရမ်တို့ကို လိုအပ်ပါတယ်။ ဘယ်ရီအလွှာအတွက်ကတော့ ဒိန်ချဉ် (၁၇၀) ဂ၇မ်၊ ဘလက်ခ်ဘယ်ရီသီး (သို့) စတော်ဘယ်ရီသီး (၂၀၀) ဂရမ်၊ အအေးခံပြီးသား ငှက်ပျောသီးတစ်လုံး၊ နွားနို့ (၅၀) ဂရမ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

Hawaiian-Berry-Smoothie-534x462.jpg 

Smoothie ကို ပြင်ဆင်ဖို့အတွက် အရင်ဆုံး ဟာဝိုင်ယီအလွှာကို ပြုလုပ်ရမှာဖြစ်ပါတယ်။ အရင်ဆုံး သစ်သီးဖျော်စက်တစ်လုံးကိုယူပြီး ဟာဝိုင်ယီအလွှာအတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကို အထက်မှာ ဖော်ပြထားတဲ့အတိုင်း ထည့်ပေးလိုက်ပါ။ လိမ္မော်သီး ဖတ်လေးတွေရယ်၊ ငှက်ပျောသီးတုံးလေးတွေရယ်၊ သရက်သီးတွေရယ်၊ လိမ္မော်ရည်ကိုပါ သမသွားသည်အထိ ရောသမမွှေ ပေးလိုက်ပါ။ အရမ်းပျစ်လွန်းနေတယ်ဆိုရင် လိမ္မော်ရည်နည်းနည်း ထပ်ရောပေးနိုင်ပါတယ်။

ပြီးရင်တော့ smoothie ကို ခွက် (၃) ခွက်ထဲမှာ အညီအမျှခွဲထည့်ပေးလိုက်ပါ။ ဒီနေရာမှာ ခွက်တွေထဲမှာ ဘယ်ရီအလွှာအတွက် နေရာလွတ်ချန်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

hawaiian-berry-smoothie-breakfast.jpg

ဘယ်ရီအလွှာကို လုပ်ဖို့အတွက် ခုနက သစ်သီးဖျော်စက်ကိုပဲ ဆက်ပြီးသုံးနိုင်ပါတယ်။ ဒါပေမယ့် အရင်ဆုံးတော့ အဲဒီသစ်သီး ဖျော်စက်ကို ဆေးကြောသန့်စင်ထားဖို့ လိုအပ်ပါတယ်နော်။ ဘယ်ရီအလွှာအတွက် လိုအပ်တဲ့ ဒိန်ချဉ်ရယ်၊ ဘယ်ရီသီးတွေရယ်၊ ငှက်ပျောသီးရယ်၊ နွားနို့ရယ်ကို သစ်သီးဖျော်စက်ထဲ ထည့်ပြီးမွှေပေးလိုက်ပါ။ ပါဝင်ပစ္စည်းတွေအားလုံး သမသွားသည်အထိ မွှေပေးလိုက်ပြီးမှ သစ်သီးဖျော်စက်ကို ပြန်ပိတ်ပေးလိုက်ပါ။

BlueberrySmoothie-1000x383.jpg

ဘယ်ရီအလွှာပြီးပြီဆိုရင်တော့ ရလာတဲ့ဖျော်ရည်လေးကို ခုနက ဟာဝိုင်ယီအလွှာထည့်ထားတဲ့ ဖန်ခွက် (၃) ခွက်ထဲ အညီအမျှ ခွဲထည့်ပေးလိုက်ပါ။ ဒီနေရာမှာ အဝါရောင်အလွှာနဲ့ ခရမ်းရောင်အလွှာ ကွဲနေစေဖို့ သတိထားပေးဖို့ လိုပါတယ်နော်။ ပြီးရင်တော့ ဖန်ခွက်နှုတ်ခမ်းမှာ ဘယ်ရီသီးလေးတွေကို ထက်ခြမ်းခြမ်းပြီး ချိတ်ထားပေးလိုက်ပေါ့။

ဒီ smoothie လေးကိုတော့ အိမ်ကိုအထူးဧည့်သည်လာတဲ့အချိန်မှာ တည်ခင်းဧည့်ခံနိုင်သလို ညဘက်ရုပ်ရှင်ကြည့်ရင်း အအေးခွက်လေးကိုင်ပြီး အေးဆေ းဖီးလ်လို့လည်း ရပါပြီနော်။

Source: healthshoot

[Zawgyi Version]

ရယ္ဒီမိတ္ အေအးေတြခ်ည္းပဲ ေသာက္ေနရတာ ပ်င္းဖို႔ေကာင္းပါတယ္။ ႏြားႏို႔နည္းနည္း၊ ဒိန္ခ်ဥ္နည္းနည္း၊ အသီးနည္းနည္း႐ွိရင္ လုပ္လို႔ရတဲ့ smoothie ေလးတစ္ခြက္ လုပ္ေသာက္ၾကရင္ မေကာင္းဘူးလား။ ဒီေန႔မွာေတာ့ လိေမၼာ္သီး၊ ငွက္ေပ်ာသီး၊ ဘယ္ရီသီးတို႔လို ဗိုက္တာမင္၊ သတၳဳဓာတ္နဲ႔ အာဟာရဓာတ္ေတြ ၾကြယ္ဝၿပီး ႏြားႏို႔နဲ႔ ဒိန္ခ်ဥ္လို အား႐ွိေစတဲ့ ဂုဏ္သတၱိလည္း ပါဝင္တဲ့ smoothie ေဖ်ာ္ရည္ေလးတစ္ခြက္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ဟာဝိုင္ယီအလႊာအတြက္ ပါးပါးလွီးထားတဲ့ လိေမၼာ္သီးတစ္လံုး၊ အေအးခံၿပီး ပါးပါးလွီးထားတဲ့ ငွက္ေပ်ာသီးႏွစ္လံုး၊ အေအးခံထားတဲ့ သရက္သီး (၂၀၀) ဂ၇မ္၊ လိေမၼာ္ရည္စစ္စစ္ (၅၀၀) မီလီဂရမ္တို႔ကို လိုအပ္ပါတယ္။ ဘယ္ရီအလႊာအတြက္ကေတာ့ ဒိန္ခ်ဥ္ (၁၇၀) ဂ၇မ္၊ ဘလက္ခ္ဘယ္ရီသီး (သို႔) စေတာ္ဘယ္ရီသီး (၂၀၀) ဂရမ္၊ အေအးခံၿပီးသား ငွက္ေပ်ာသီးတစ္လံုး၊ ႏြားႏို႔ (၅၀) ဂရမ္တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

 

Smoothie ကို ျပင္ဆင္ဖို႔အတြက္ အရင္ဆံုး ဟာဝိုင္ယီအလႊာကို ျပဳလုပ္ရမွာျဖစ္ပါတယ္။ အရင္ဆံုး သစ္သီးေဖ်ာ္စက္တစ္လံုးကိုယူၿပီး ဟာဝိုင္ယီအလႊာအတြက္ လိုအပ္မယ့္ ပါဝင္ပစၥည္းေတြကို အထက္မွာ ေဖာ္ျပထားတဲ့အတိုင္း ထည့္ေပးလိုက္ပါ။ လိေမၼာ္သီး ဖတ္ေလးေတြရယ္၊ ငွက္ေပ်ာသီးတံုးေလးေတြရယ္၊ သရက္သီးေတြရယ္၊ လိေမၼာ္ရည္ကိုပါ သမသြားသည္အထိ ေရာသမေမႊ ေပးလိုက္ပါ။ အရမ္းပ်စ္လြန္းေနတယ္ဆိုရင္ လိေမၼာ္ရည္နည္းနည္း ထပ္ေရာေပးႏိုင္ပါတယ္။

ၿပီးရင္ေတာ့ smoothie ကို ခြက္ (၃) ခြက္ထဲမွာ အညီအမွ်ခြဲထည့္ေပးလိုက္ပါ။ ဒီေနရာမွာ ခြက္ေတြထဲမွာ ဘယ္ရီအလႊာအတြက္ ေနရာလြတ္ခ်န္ထားဖို႔ေတာ့ မေမ့ပါနဲ႔ဦးေနာ္။

ဘယ္ရီအလႊာကို လုပ္ဖို႔အတြက္ ခုနက သစ္သီးေဖ်ာ္စက္ကိုပဲ ဆက္ၿပီးသံုးႏိုင္ပါတယ္။ ဒါေပမယ့္ အရင္ဆံုးေတာ့ အဲဒီသစ္သီး ေဖ်ာ္စက္ကို ေဆးေၾကာသန္႔စင္ထားဖို႔ လိုအပ္ပါတယ္ေနာ္။ ဘယ္ရီအလႊာအတြက္ လိုအပ္တဲ့ ဒိန္ခ်ဥ္ရယ္၊ ဘယ္ရီသီးေတြရယ္၊ ငွက္ေပ်ာသီးရယ္၊ ႏြားႏို႔ရယ္ကို သစ္သီးေဖ်ာ္စက္ထဲ ထည့္ၿပီးေမႊေပးလိုက္ပါ။ ပါဝင္ပစၥည္းေတြအားလံုး သမသြားသည္အထိ ေမႊေပးလိုက္ၿပီးမွ သစ္သီးေဖ်ာ္စက္ကို ျပန္ပိတ္ေပးလိုက္ပါ။

ဘယ္ရီအလႊာၿပီးၿပီဆိုရင္ေတာ့ ရလာတဲ့ေဖ်ာ္ရည္ေလးကို ခုနက ဟာဝိုင္ယီအလႊာထည့္ထားတဲ့ ဖန္ခြက္ (၃) ခြက္ထဲ အညီအမွ် ခြဲထည့္ေပးလိုက္ပါ။ ဒီေနရာမွာ အဝါေရာင္အလႊာနဲ႔ ခရမ္းေရာင္အလႊာ ကြဲေနေစဖို႔ သတိထားေပးဖို႔ လိုပါတယ္ေနာ္။ ၿပီးရင္ေတာ့ ဖန္ခြက္ႏႈတ္ခမ္းမွာ ဘယ္ရီသီးေလးေတြကို ထက္ျခမ္းျခမ္းၿပီး ခ်ိတ္ထားေပးလိုက္ေပါ့။

ဒီ smoothie ေလးကိုေတာ့ အိမ္ကိုအထူးဧည့္သည္လာတဲ့အခ်ိန္မွာ တည္ခင္းဧည့္ခံႏိုင္သလို ညဘက္႐ုပ္႐ွင္ၾကည့္ရင္း အေအးခြက္ေလးကိုင္ၿပီး ေအးေဆ းဖီးလ္လို႔လည္း ရပါၿပီေနာ္။

Source: healthshoot


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs