• Food & Recipe

    ချာပါတီကို အာလူးဟင်းနဲ့ တို့စားကြမယ်

Thiha Htun
[Unicode Version]

ရှေးတုန်းက အာရပ်လူမျိုးတွေဟာ ကန္တာရထဲသွားရင် ဂျုံတစ်အိတ်နဲ့ ရေတစ်ဘူးပဲ ပါပါသတဲ့။ ဂျုံရှိရင် ဂျုံမှုန့်ကို ရေနဲ့နယ်ပြီး မုန့်လုံးလေးဖြစ်အောင်လုပ်၊ ပြီးရင် ကျောက်တုံးပူပူပေါ်မှာ ခနလောက်ကပ်ထားလိုက်တာနဲ့ မိနစ်အနည်းငယ်ကြာရင် ချာပါတီ (ရိုတီ) မုန့်လေးကို ရရှိပါသတဲ့။ ကဲ ဘယ်လိုလဲ။ ချာပါတီလုပ်ရတာ လွယ်လွယ်လေးပဲ မဟုတ်လား။ ချာပါတီလုပ်နည်းပေါင်းစုံ ရှိပေမယ့် ဒီနေ့မှာတော့ ချာပါတီကို အာလူးဟင်းနဲ့ တို့စားနိုင်မယ့် ချာပါတီ version လေးကိုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

footer0403.jpg 

ပါဝင်ပစ္စည်းတွေကတော့ အရွယ်တော်အာလူး ငါးလုံး (တုံးတစ်ပြီး နနွင်းမှုန့်နဲ့ ပြုတ်ထားပြီး)၊ ကြက်သွန်နီ အရွယ်တော် (၂) လုံး၊ ခရမ်းချဉ်သီး အရွယ်တော် (၃) လုံး၊ ငရုပ်သီးစိမ်း (၃) တောင့်၊ ဟင်းမွှေးရွက် (၅) ရွက်၊ နံနံပင် (နုတ်နုတ်စင်းပြီးသား) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ စမုန်စပါး လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ရှိန်းခိုမှုန့် လက်တစ်ကော်စာခန့်၊ ဂျင်းတစ်တောင့်ခန့်၊ ဆီ လက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ whole wheat flour (ဂျုံမှုန့်) (၁/၂) ခွက်၊ ဆားအနည်းငယ်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

DSC_0046.JPG 

အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ ဆီကို လက်ဖက်ရည်ဇွန်းနဲ့ (၄) ဇွန်းခန့်ထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလောက်ပြီဆိုရင် မုန်ညင်းစေ့ကို အရင်ထည့်လှော်ရမှာပါ။ မုန်ညင်းစေ့လေးတွေ အရောင်သမ်းလာပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ဟင်းမွှေးရွက်တို့ပါ ရောထည့်လိုက်ပါ။ ကြက်သွန်နီလေးတွေ ရွှေအိုရောင်သမ်းလာပြီဆိုရင်တော့ မီးကိုလျှော့လိုက်ပါ။

ခဏကြာရင်တော့ ခရမ်းချဉ်သီးကို ပါးပါးလှီးထည့်လိုက်ပြီး ခရမ်းချဉ်သီး ဆီသတ်လိုက်ပါ။ အဲဒီအချိန်မှာ နနွင်းမှုန့်နဲ့ရောပြုတ်ထားတဲ့ အာလူးကို ဇွန်းရှည်တစ်ချောင်းနဲ့ mash potato ဖြစ်အောင် ချေလိုက်ပါ။ ပြီးရင်တော့ ခရမ်းချဉ်သီး ဆီသတ်ထဲကို အာလူးရယ်၊ ဆားရယ်၊ ရေရယ်ကို ထည့်လိုက်ပါ။ ပြီးရင် (၃) မိနစ်ခန့် အပူဆက်ပေးထားလိုက်ပါ။

ဂျင်းတက်ကို အမှုန့်ကြိတ်ထားတာရယ်၊ နံနံပင်ကို နုတ်နုတ်စင်းထားတာရယ်၊ ရှိန်းခိုမှုန့်ရယ်ကိုပါ အပေါ်ကအုပ်ပေးလိုက်ပါ။ ဆူပွက်လာပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။ နောက်ထပ်ဒယ်အိုးပြား အသေးတစ်လုံးထဲမှာတော့ စမုန်စပါးစေ့ကို ဆီအနည်းနဲ့ ဆီပူထိုးပေးလိုက်ပါ။ အဲဒီစမုန်စပါးကိုလည်း အာလူးဟင်းထဲ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မိမိနှစ်သက်ရာ ခွက်တစ်ခွက်ထဲကို လှယ်ထည့်ထားပေးလိုက်ပါ။

IMG_0442.jpg 

ချာပါတီ (ရိုတီ)ကို ပြုလုပ်ဖို့အတွက် အရင်ဆုံး ဂျုံမှုန့် (၁/၂) ခွက်ကို ဇလုံတစ်လုံထဲထည့်လိုက်ပါ။ (ဖော်ပြပါပမာဏဟာ ချာပါတီလေးချပ်စာအတွက်ဖြစ်ပြီး ချပ်ရေများများ ပိုလိုချင်ရင်တော့ ဂျုံမှုန့် ပမာဏကို တိုးထည့်နိုင်ပါတယ်။) ပြီးရင် ဂျုံမှုန့်ပေါ်မှာ ဆားနည်းနည်းဖြူးလိုက်ပါ။ ပြီးတော့မှ ကြက်သီးနွေးရုံလောက် ရေနွေး (၁/၂) ခွက်ကိုလည်း ဂျုံမှုန့်ထဲ ရောထည့်လိုက်ပါ။ ပြီးရင်တော့ လက်နဲ့သမအောင်နယ်ပြီး မုန့်နှစ်လုံးကို ဖန်တီးရမှာဖြစ်ပါတယ်။ (၂) မိနစ်လောက်နယ်ရင် မုန့်နှစ်က ရုပ်လုံးပေါ်လာလောက်ပါပြီ။ နယ်ရတာ ပိုမိုလွယ်ကူစေဖို့အတွက် ဆီလေးနည်းနည်းပါရောပြီး နယ်ပေးလိုက်ပါ။

မိနစ်အနည်းငယ်ကြာရင် မုန့်နှစ်လုံးလေးက ပျော့ပျော့အိအိ ဂျုံလုံးလေး ဖြစ်နေသင့်ပါပြီ။ ဂျုံနယ်ချိန်က (၁၀) မိနစ်ဝန်းကျင်လောက်တော့ ကြာသင့်ပါတယ်။ ပြီးရင်တော့ ချာပါတီ (ရိုတီ) ကို စလုပ်နိုင်ပါပြီ။

ချာပါတီလုပ်ဖို့အတွက် ဒယ်အိုးပြား (skillet) တစ်ချပ်လိုပါတယ်။ ဂျုံနယ်နေချိန်မှာ ဒယ်အိုးပြားကို မီးဖိုပေါ်တင်ပြီး အပူပေးထားရမှာဖြစ်ပါတယ်။ ဂျုံနယ်လို့ပြီးပြီဆိုရင်တော့ ဒယ်အိုးပြားပူမပူ စမ်းဖို့အတွက် ရေစက်လေးနည်းနည်းလောက် တောက်ချကြည့်လိုက်ပါ။ ရှဲခနဲမြည်သွားတယ်ဆိုရင်တော့ လုံလောက်တဲ့အပူချိန်ကို ရပါပြီ။ ရေစက်လေးတွေကို ပြန်သုတ်ပေးပြီး ချာပါတီ စလုပ်နိုင်ပါပြီ။

DSCN2856.jpg 

ခုနက မုန့်နှစ်လုံးကို လေးလုံးအညီအမျှခွဲလိုက်ပြီး လက်ဝါးထဲထည့်ပြီး လုံုးပေးလိုက်ပါ။ ရလာတဲ့ မုန့်နှစ်လုံးငယ်ထဲကမှ တစ်လုံးကိုယူပြီး အသားလှီးဘုတ်ပြားပေါ်မှာ တင်ထားလိုက်ပါ။ ပြီးရင် မုန့်နှစ်လုံးလေးကို ဂျုံမှုန့်နည်းနည်းသုတ်ပြီး သစ်သားဒလိမ့်တုံး (roller) နဲ့ လှိမ့်ပေးလိုက်ပါ။ ဒါဆိုရင် မုန့်နှစ်အပြားလေးကို ရလာပါလိမ့်မယ်။ ရလာတဲ့ မုန့်နှစ်ပြားကို ဂျုံနည်းနည်းပြန်သုတ်ပြီး နောက်တစ်ခါ ထပ်လှိမ့်ပါ။ ဒါဆိုရင် (၅) လက်မအရွယ်အစားခန့်ရှိတဲ့ မုန့်ချပ်လေးကို ရလာပါလိမ့်မယ်။

ရလာတဲ့ မုန့်ချပ်လေးကို ဒယ်အိုးပြားပေါ်တင်ပြီး အပေါ်ကနေ သံယောက်မနဲ့ ဖိဖိပေးပါ။ မိနစ်ပိုင်းအနည်းငယ်ကြာရင် ထက်အောက်လှန်ပြီး ပြန်ဖိပေးပါ။ သိပ်မကြာပါဘူး။ ချာပါတီ (ရိုတီ) လေးက ပွတက်လာပါလိမ့်မယ်။ လုံလောက်တဲ့ ပမာဏကိုရပြီဆိုရင် ချာပါတီ (ရိုတီ) မုန့်လေးကို သံယောက်မနဲ့ဆယ်ပြီး ပန်းကန်တစ်ချပ်ထဲ လှယ်ထည့်ထားလိုက်ပါ။ ပြီးရင် နောက်သုံးချပ်ကိုလည်း အထက်ပါပုံစံအတိုင်းပဲ ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင် ချာပါတီ (ရိုတီ) မုန့်ချပ်လေးတွေကို ရရှိပြီဖြစ်ပြီး ခုနက အာလူးဟင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Manjula's Kitchen

[Zawgyi Version]

ေရွးတုန္းက အာရပ္လူမ်ိဳးေတြဟာ ကႏၱာရထဲသြားရင္ ဂ်ံဳတစ္အိတ္နဲ႔ ေရတစ္ဘူးပဲ ပါပါသတဲ့။ ဂ်ံဳ႐ွိရင္ ဂ်ံဳမႈန္႔ကို ေရနဲ႔နယ္ၿပီး မုန္႔လံုးေလးျဖစ္ေအာင္လုပ္၊ ၿပီးရင္ ေက်ာက္တံုးပူပူေပၚမွာ ခနေလာက္ကပ္ထားလိုက္တာနဲ႔ မိနစ္အနည္းငယ္ၾကာရင္ ခ်ာပါတီ (ရိုတီ) မုန္႔ေလးကို ရရွိပါသတဲ့။ ကဲ ဘယ္လိုလဲ။ ခ်ာပါတီလုပ္ရတာ လြယ္လြယ္ေလးပဲ မဟုတ္လား။ ခ်ာပါတီလုပ္နည္းေပါင္းစုံ ရွိေပမယ့္ ဒီေန႔မွာေတာ့ ခ်ာပါတီကို အာလူးဟင္းနဲ႔ တို႔စားႏိုင္မယ့္ ခ်ာပါတီ version ေလးကိုပဲ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ပါဝင္ပစၥည္းေတြကေတာ့ အရြယ္ေတာ္အာလူး ငါးလံုး (တံုးတစ္ၿပီး နႏြင္းမႈန္႔နဲ႔ ျပဳတ္ထားၿပီး)၊ ၾကက္သြန္နီ အရြယ္ေတာ္ (၂) လံုး၊ ခရမ္းခ်ဥ္သီး အရြယ္ေတာ္ (၃) လံုး၊ ငရုပ္သီးစိမ္း (၃) ေတာင့္၊ ဟင္းေမႊးရြက္ (၅) ရြက္၊ နံနံပင္ (ႏုတ္ႏုတ္စင္းၿပီးသား) လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ မုန္ညင္းေစ့ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ စမုန္စပါး လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ႐ွိန္းခိုမႈန္႔ လက္တစ္ေကာ္စာခန္႔၊ ဂ်င္းတစ္ေတာင့္ခန္႔၊ ဆီ လက္ဖက္ရည္ဇြန္း (၄) ဇြန္း၊ whole wheat flour (ဂ်ံဳမႈန္႔) (၁/၂) ခြက္၊ ဆားအနည္းငယ္တို႔ပဲျဖစ္ပါတယ္။

ျပဳလုပ္နည္း

 

အရင္ဆံုး ဒယ္အိုးျပားတစ္လံုးထဲမွာ ဆီကို လက္ဖက္ရည္ဇြန္းနဲ႔ (၄) ဇြန္းခန္႔ထည့္ၿပီး အပူေပးလိုက္ပါ။ ဆီပူေလာက္ၿပီဆိုရင္ မုန္ညင္းေစ့ကို အရင္ထည့္ေလွာ္ရမွာပါ။ မုန္ညင္းေစ့ေလးေတြ အေရာင္သမ္းလာၿပီး ၾကက္သြန္နီ၊ ငရုပ္သီးစိမ္း၊ ဟင္းေမႊးရြက္တုိ႔ပါ ေရာထည့္လုိက္ပါ။ ၾကက္သြန္နီေလးေတြ ေရႊအိုေရာင္သမ္းလာၿပီဆိုရင္ေတာ့ မီးကိုေလွ်ာ့လိုက္ပါ။

ခဏၾကာရင္ေတာ့ ခရမ္းခ်ဥ္သီးကို ပါးပါးလွီးထည့္လိုက္ၿပီး ခရမ္းခ်ဥ္သီး ဆီသတ္လိုက္ပါ။ အဲဒီအခ်ိန္မွာ နႏြင္းမႈန္႔နဲ႔ေရာျပဳတ္ထားတဲ့ အာလူးကို ဇြန္း႐ွည္တစ္ေခ်ာင္းနဲ႔ mash potato ျဖစ္ေအာင္ ေခ်လိုက္ပါ။ ၿပီးရင္ေတာ့ ခရမ္းခ်ဥ္သီး ဆီသတ္ထဲကို အာလူးရယ္၊ ဆားရယ္၊ ေရရယ္ကို ထည့္လို္က္ပါ။ ၿပီးရင္ (၃) မိနစ္ခန္႔ အပူဆက္ေပးထားလိုက္ပါ။

ဂ်င္းတက္ကို အမႈန္႔ႀကိတ္ထားတာရယ္၊ နံနံပင္ကို ႏုတ္ႏုတ္စင္းထားတာရယ္၊ ရွိန္းခိုမႈန္႔ရယ္ကိုပါ အေပၚကအုပ္ေပးလိုက္ပါ။ ဆူပြက္လာၿပီဆိုရင္ေတာ့ မီးပိတ္လိုက္ပါ။ ေနာက္ထပ္ဒယ္အိုးျပား အေသးတစ္လံုးထဲမွာေတာ့ စမုန္စပါးေစ့ကို ဆီအနည္းနဲ႔ ဆီပူထိုးေပးလိုက္ပါ။ အဲဒီစမုန္စပါးကိုလည္း အာလူးဟင္းထဲ ေရာထည့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ မိမိႏွစ္သက္ရာ ခြက္တစ္ခြက္ထဲကို လွယ္ထည့္ထားေပးလိုက္ပါ။

 

ခ်ာပါတီ (ရိုတီ)ကို ျပဳလုပ္ဖို႔အတြက္ အရင္ဆံုး ဂ်ံဳမႈန္႔ (၁/၂) ခြက္ကို ဇလံုတစ္လံုထဲထည့္လိုက္ပါ။ (ေဖာ္ျပပါပမာဏဟာ ခ်ာပါတီေလးခ်ပ္စာအတြက္ျဖစ္ၿပီး ခ်ပ္ေရမ်ားမ်ား ပိုလိုခ်င္ရင္ေတာ့ ဂ်ံဳမႈန္႔ ပမာဏကို တုိးထည့္ႏိုင္ပါတယ္။) ၿပီးရင္ ဂ်ံဳမႈန္႔ေပၚမွာ ဆားနည္းနည္းျဖဴးလိုက္ပါ။ ၿပီးေတာ့မွ ၾကက္သီးေႏြး႐ံုေလာက္ ေရေႏြး (၁/၂) ခြက္ကိုလည္း ဂ်ံဳမႈန္႔ထဲ ေရာထည့္လိုက္ပါ။ ၿပီးရင္ေတာ့ လက္နဲ႔သမေအာင္နယ္ၿပီး မုန္႔ႏွစ္လံုးကို ဖန္တီးရမွာျဖစ္ပါတယ္။ (၂) မိနစ္ေလာက္နယ္ရင္ မုန္႔ႏွစ္က ရုပ္လံုးေပၚလာေလာက္ပါၿပီ။ နယ္ရတာ ပိုမိုလြယ္ကူေစဖို႔အတြက္ ဆီေလးနည္းနည္းပါေရာၿပီး နယ္ေပးလိုက္ပါ။

မိနစ္အနည္းငယ္ၾကာရင္ မုန္႔ႏွစ္လံုးေလးက ေပ်ာ့ေပ်ာ့အိအိ ဂ်ံဳလံုးေလး ျဖစ္ေနသင့္ပါၿပီ။ ဂ်ံဳနယ္ခ်ိန္က (၁၀) မိနစ္ဝန္းက်င္ေလာက္ေတာ့ ၾကာသင့္ပါတယ္။ ၿပီးရင္ေတာ့ ခ်ာပါတီ (ရိုတီ) ကို စလုပ္ႏိုင္ပါၿပီ။

ခ်ာပါတီလုပ္ဖို႔အတြက္ ဒယ္အိုးျပား (skillet) တစ္ခ်ပ္လိုပါတယ္။ ဂ်ံဳနယ္ေနခ်ိန္မွာ ဒယ္အိုးျပားကို မီးဖိုေပၚတင္ၿပီး အပူေပးထားရမွာျဖစ္ပါတယ္။ ဂ်ံဳနယ္လို႔ၿပီးၿပီဆိုရင္ေတာ့ ဒယ္အိုးျပားပူမပူ စမ္းဖို႔အတြက္ ေရစက္ေလးနည္းနည္းေလာက္ ေတာက္ခ်ၾကည့္လိုက္ပါ။ ရွဲခနဲျမည္သြားတယ္ဆိုရင္ေတာ့ လံုေလာက္တဲ့အပူခ်ိန္ကို ရပါၿပီ။ ေရစက္ေလးေတြကို ျပန္သုတ္ေပးၿပီး ခ်ာပါတီ စလုပ္ႏိုင္ပါၿပီ။

 

ခုနက မုန္႔ႏွစ္လံုးကို ေလးလံုးအညီအမွ်ခြဲလိုက္ၿပီး လက္ဝါးထဲထည့္ၿပီး လံုုးေပးလိုက္ပါ။ ရလာတဲ့ မုန္႔ႏွစ္လံုးငယ္ထဲကမွ တစ္လံုးကိုယူၿပီး အသားလွီးဘုတ္ျပားေပၚမွာ တင္ထားလိုက္ပါ။ ၿပီးရင္ မုန္႔ႏွစ္လံုးေလးကို ဂ်ံဳမႈန္႔နည္းနည္းသုတ္ၿပီး သစ္သားဒလိမ့္တံုး (roller) နဲ႔ လွိမ့္ေပးလိုက္ပါ။ ဒါဆိုရင္ မုန္႔ႏွစ္အျပားေလးကို ရလာပါလိမ့္မယ္။ ရလာတဲ့ မုန္႔ႏွစ္ျပားကို ဂ်ံဳနည္းနည္းျပန္သုတ္ၿပီး ေနာက္တစ္ခါ ထပ္လွိမ့္ပါ။ ဒါဆိုရင္ (၅) လက္မအရြယ္အစားခန္႔ရွိတဲ့ မုန္႔ခ်ပ္ေလးကို ရလာပါလိမ့္မယ္။

ရလာတဲ့ မုန္႔ခ်ပ္ေလးကို ဒယ္အိုးျပားေပၚတင္ၿပီး အေပၚကေန သံေယာက္မနဲ႔ ဖိဖိေပးပါ။ မိနစ္ပိုင္းအနည္းငယ္ၾကာရင္ ထက္ေအာက္လွန္ၿပီး ျပန္ဖိေပးပါ။ သိပ္မၾကာပါဘူး။ ခ်ာပါတီ (ရိုတီ) ေလးက ပြတက္လာပါလိမ့္မယ္။ လံုေလာက္တဲ့ ပမာဏကိုရၿပီဆိုရင္ ခ်ာပါတီ (ရိုတီ) မုန္႔ေလးကို သံေယာက္မနဲ႔ဆယ္ၿပီး ပန္းကန္တစ္ခ်ပ္ထဲ လွယ္ထည့္ထားလိုက္ပါ။ ၿပီးရင္ ေနာက္သံုးခ်ပ္ကိုလည္း အထက္ပါပံုစံအတိုင္းပဲ ျပဳလုပ္ေပးလိုက္ပါ။ ဒါဆိုရင္ ခ်ာပါတီ (ရိုတီ) မုန္႔ခ်ပ္ေလးေတြကို ရရွိၿပီျဖစ္ၿပီး ခုနက အာလူးဟင္းနဲ႔ တြဲဖက္စားသံုးႏိုင္ပါၿပီ။

Source: Manjula's Kitchen



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs