ကမ္ဘောဒီးယား လူမျိုးတွေဟာ အစားအသောက်နဲ့ ပတ်သက်လာရင် ထူးဆန်းထွေလာတွေ စားကြလွန်းလို့ နာမည်ကြီးပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘောဒီးယား လူမျိုးတွေဟာ အစားအသောက်နဲ့ ပတ်သက်လာရင် ထူးဆန်းထွေလာတွေ စားကြလွန်းလို့ နာမည်ကြီးပါတယ်။ နာမည်ကျော် ကမ္ဘောဒီးယားအစားအစာတွေကတော့....



၁။ တာရင်ကူလာပင့်ကူကြော်

14468_10151125671931580_833127761_n.jpg 

တာရင်ကူလာပင့်ကူကို ကြွပ်နေအောင် ကြော်ထားတာကို ကမ္ဘောဒီးယားလူမျိုးတွေကတော့ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ သူများတွေအမြင်မှာ အဆိပ်ပြင်းတယ်ဆိုတဲ့ တာရင်ကူလာ ပင့်ကူကိုမှ ငရုပ်သီးစပ်စပ်နဲ့ ရဲနေအောင်ကြော်ထားတာပါ။ အပြင်ပိုင်းမှာ ကြွပ်ရွနေပြီး အထဲမှာတော့ ပူပူနွေးနွေး အရည်လေးတွေနဲ့ ပြည့်နေတော့ ကိုက်လိုက်တာနဲ့ ခံတွင်းထဲကို ပျော်ဆင်းသွားမှာပါ။ ပင့်ကူအမနဲ့ တိုးရင် ဗိုက်ထဲကဥတွေကိုပါ စားရဦးမှာပါ။ ကမ္ဘောဒီးယားက လမ်းဘေးဆိုင်လေးတွေမှာ ဝယ်စားနိုင်သလို မြို့ကြီးတွေက စားသောက်ဆိုင်တွေပေါ်မှာလည်း ငရုပ်ကောင်းမှုန့်လေး ဖြူးလိုက်၊ သံပုရာရည်လေး ညှစ်လိုက်နဲ့ စားသုံးနိုင်ပါတယ်။

၂။ နွားဖိုက်တင်းဘော

ဟုတ်ပါတယ်။ ကမ္ဘောဒီးယားလူမျိုးတွေဟာ နွားတစ်ကောင်ရဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းကိုလည်း စားစရာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် တိုးလ်ဂိုက်မပါဘဲ လျှောက်လည်မယ်ဆိုရင် အင်္ဂလိပ်လိုရေးမထားတဲ့ menu ကို ဖတ်ပြီး ရမ်းသမ်းမမှာပါနဲ့။ တော်ကြာနေ နွားဖိုက်တင်းဘောနဲ့ တိုးနေပါလိမ့်မယ်။ ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြတယ်ဆိုပေမယ့် နွားအင်္ဂါ စွပ်ပြုတ်နဲ့ နွားအင်္ဂါ ပုရွက်ဆိတ်နီ ဟင်းလျာတွေဟာ အထင်ရှားဆုံးပါပဲ။ နောက်ပြီး အဲဒီဟင်းလျာတွေဟာ ယောကျ်ားအားကောင်းစေတယ်လို့လည်း ယုံကြည်ကြပါတယ်။

၃။ ကင်းမြီးကောက်တုတ်ထိုး

bizarre-foods.jpg 

ပင့်ကူစားလို့မှ အားမရသေးရင်တော့ ကင်းမြီးကောက်ကို မြည်းကြည့်သင့်ပါတယ်။ အဆိပ်ရှိသတ္တဝါတွြေုဖစ်တဲ့ ကင်းမြီးကောက်ကို အဆိပ်ထုတ်၊ တံစို့ထိုးပြီးမှ မီးကင်ထားတာပါ။ တာရင်ကူလာ ပင့်ကူကြော်လိုပဲ ကြွပ်ရွနေတဲ့ အစားအစာတစ်မျိုးဖြစ်တဲ့ ကင်းမြီးကောက်တုတ်ထိုးကင်မှာလည်း ပရိုတိန်းဓာတ် အထူးကြွယ်ဝစွာပါဝင်ပါတယ်။ ကမ္ဘောဒီးယားမြို့ကြီးတွေရဲ့ လမ်းဘေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

၄။ မြွေဆေးစိမ်အရက်

အစားအစာအကြောင်းတွေချည်းပဲ ပြောနေရတာ ရိုးလာပြီဆိုတော့ သောက်စရာအကြောင်းလေး ပြောကြတာပေါ့။ ဒါဆိုရင် မြွေဝိုင်အရက်လေးကိုကော မမြည်းကြည့်ချင်ဘူးလား။ ဆေးဝါးပစ္စည်းတွေနဲ့ ရောယှက်ထားတဲ့ ဆန်အရက်ထဲမှာမှ မြွေတစ်ကောင်လုံးကို ထည့်စိမ်ထားတာပါ။ လအနည်းငယ်ကြာ စိမ်ပြီးမှ သောက်လို့ရတဲ့ အနေအထားကို ရောက်တာပါ။ နောက်တစ်မျိုးကတော့ မြွေကိုအဆီထုတ်ပြီး ဖန်ခွက်ထဲကို အရင်ညှစ်ချပြီးမှ တရှိန်ထိုးမော့သောက်ရတာပါ။ တရုတ်ရိုးရာ အယူအဆအရတော့ မြွေဆေးစိမ်အရက်ဟာ ဆံပင်ကျွတ်ခြင်းကို တားဆီးနိုင်ပြီး လိင်စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်တဲ့။

၅။ ပုရစ်ကြော်

shutterstock_601257767.jpg 

ပုရစ်ကြော်ကတော့ အစားအစာအဆန်းကြီး စာရင်းထဲမှာ သိပ်မဆန်းတဲ့ အစားအစာပါ။ ပြည်ပရောက်ရွှေမြန်မာတွေကတောင် တခုတ်တရမှာစားနေရတဲ့ အစားအစာလေးတစ်ခု ဖြစ်နေပြီလေ။ ကြက်သွန်ဖြူ၊ ငရုပ်သီးတို့နဲ့ ကြွပ်ရွနေအောင်ကြော်ထားပြီး မုန့်ပဲသရေစာလိုပဲစားစား၊ ဘီယာလေးနဲ့ပဲမြည်းမြည်း အရမ်းကိုလိုက်ဖက်ပါတယ်။ ပရိုတိန်းဓာတ် အထူးကြွယ်ဝတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတောင် စားသုံးသင့်တယ်လို့ အသိအမှတ်ပြုထားပါသတဲ့။

၆။ ဘဲဥပြုတ်

shutterstock_154750568.jpg 

ကမ္ဘောဒီးယားလူမျိုးတွေ စားတဲ့ဘဲဥပြုတ်က ခင်ဗျားတို့၊ ကျွန်တော်တို့ ရထားဘူတာမှာ၊ ကားဂိတ်မှာ ဝယ်စားတဲ့ ဘဲဥပြုတ်နဲ့ အလားသဏ္ဍာန်မတူပါဘူး။ ကမ္ဘောဒီးယား ဘဲဥပြုတ်တွေကို မပြုတ်မီ အရင်ဆုံး ဥဖောက်ပါသေးတယ်။ အထဲမှာသန္ဓေသားလေး ပေါက်နေပြီဆိုတော့မှ ဘဲဥကိုရေနွေးဖျောပြီး၊ ပြုတ်ပြီး စားရတာပါ။ သားဖောက်တဲ့ အခြေအနေပေါ်မူတည်ပြီး အထဲမှာပါတဲ့ အရာကတော့ ကွဲပြားမှာပါ။ တစ်ခါတလေ တစ်ဝက်တစ်ပျက်အကောင်ပေါက်နေတဲ့ ဘဲဥပြုတ်ကိုပဲ စားရမှာဖြစ်ပြီး တစ်ခါတလေမှာတော့ အမွှေးအတောင်တွေတောင်ပါတဲ့ ဘဲကောင်လေးကိုပါ ဝါးစားရမှာပါ။

Source: theculturetrip


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က