• Food & Recipe
    ခရစ္စမတ်သစ်ပင်ပုံစံ အသီးအရွက်သုပ်လေး လုပ်စားကြမယ်
Thiha Htun
[Unicode Version]

ခရစ္စမတ်ရာသီထဲ ရောက်နေပြီဆိုတော့ နေရာတကာမှာ ခရစ္စမတ်သစ်ပင်တွေ၊ ခရစ္စမတ် အလှဆင်မှုတွေကို မြင်တွေ့ရမှာပါ။ ခရစ္စမတ်မီးဆိုင်းတွေ၊ အနီရောင်နဲ့ အပြာရောင် အဆင်အယင်တွေနဲ့ ခရစ္စမတ်အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ဒီဇင်ဘာလမှာ မိသားစုညစာစားပွဲလေးတွေ စားကြတဲ့အခါ ခရစ္စမတ်သစ်ပင်စတိုင်လ် အသီးအရွက်သုပ်လေးကိုကော ထည့်ချင်စိတ် မရှိကြဘူးလား။ ခရစ္စမတ် သစ်ပင်ပုံစံ ဖော်ထားတဲ့ ပန်းကန်တစ်ချပ်ကို ထမင်းစားစားပွဲပေါ်မှာ တင်ချင်တယ်ဆိုရင်တော့ ဆက်ဖတ်ပေးကြပါဦးနော်။

ပါဝင်ပစ္စည်းများ

461262343.jpg 

ပါဝင်ပစ္စည်းအဖြစ် ပန်းဂေါ်ဖီစိမ်း (၂) ပွင့်ခန့်၊ ဘလူးဘယ်ရီသီး (၁/၂) ခွက်၊ မုန်လာဥ (၂) တောင့်ခန့်၊ ကညွတ်တစ်စည်းခန့်၊ မုန်လာဥနီ တစ်တောင့်ခန့်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

marijasmine-chrsitmas-tree-salad.jpg 

ပြုလုပ်နည်းကလည်း အရမ်းလွယ်ကူပါတယ်။ အရင်ဆုံး ပန်းဂေါ်ဖီစိမ်းကို ပုံမှန်ကြော်စားရင် လုပ်နေကျအတိုင်း အဖတ်လေးတွေဖြစ်အောင် ခွဲထုတ်လိုက်ပါ။ ကညွှတ်ကိုလည်း အရိုးတွေကို ဖြတ်တောက် ထားပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ ပန်းဂေါ်ဖီဖတ်လေးတွေနဲ့ ကညွတ်ဖတ်လေးတွေကို (၅) မိနစ်ခန့်ကြာအောင် ရေလုံပြုတ်ပေးလိုက်ပါ။ ဒီနေရာမှာ ပန်းဂေါ်ဖီစိမ်းနဲ့ ကညွတ်ရဲ့ မူလအရောင်ဖြစ်တဲ့ အစိမ်းရောင်မပျောက်စေဖို့ကိုလည်း တစ်ချက်သတိထားပါ။ နောက်ပြီး ကျွတ်ကျွတ်ရွရွလေး ဖြစ်ရုံလောက်လေးပဲ ပြုတ်ပေးရမှာပါ။

46a5f27d-1339-40af-a45c-fcd180429452.jpg 

အဲဒါပြုတ်ထားတုန်း မုန်လာဥ (အဖြူ) နဲ့ မုန်လာဥနီ (ခါကြက်ဥ) တို့ကို လက်မဝက်အရွယ်ခန့် အပြားပါးပါးလေးတွေဖြစ်အောင် လှီးထားပေးလိုက်ပါ။ ပြီးရင်တော့ ပုံပါအတိုင်း အဖြူရောင်အကွင်းလေးတွေနဲ့ ကြယ်ပုံလေးတွေဖြစ်အောင် ပုံဖော်ဖို့အတွက် ဓားပါးပါးထက်ထက်လေးတစ်လက်နဲ့ လှီးဖြတ်ပေးလိုက်ပါ။

ပန်းဂေါ်ဖီစိမ်းနဲ့ ကညွတ်လည်း ကြွပ်ကြွပ်ရွရွ အခြေအနေမှာပဲ ငါးမိနစ်လောာက် ရေလုံပြုတ်ပြီးပြီဆိုရင်တော ပန်းကန်ပြားအကြီး တစ်ချပ်ထဲမှာ ခရစ္စမတ်သစ်ပင်ပုံ ဖော်ရပါတော့မယ်။ ပန်းဂေါ်ဖီဖတ်လေးတွေကို သစ်ကိုင်းပုံဖော်ပြီး ကညွတ်ရိုးတံလေးတွေကိုတော့ ပင်စည်ပုံဖော်ပေးလိုက်ပါ။ ပြီးရင်တော့ ခုနကလှီးထားတဲ့ မုန်လာဥ (အဖြူဖတ်) အဝိုင်းလေးတွေ၊ ကြယ်ပုံဖော်ထားတဲ့ မုန်လာဥနီဖတ်လေးတွေ၊ ချယ်ရီခရမ်းချဉ်သီးလို့ခေါ်တဲ့ ခရမ်းချဉ်သီး သေးသေးလေးတွေ၊ ဘလူးဘယ်ရီသီးလေးတွေကို အပေါ်ကနေ အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ခရစ္စမတ်သစ်ပင်စတိုင်လ် အသီးအရွက်သုပ်လေးကို ရရှိပါပြီ။ ဘေးမှာ မရောနိစ်ပန်းကန်လေးချထားပြီး တို့ထားလိုု့ရသလို ရောပြီးသုပ်စားလို့လည်း ရပါတယ်။ ဒါပေမယ့် မိမိအလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်လေးကို ဓာတ်ပုံရိုက်ပြီး Facebook ပေါ် အရင်တင်လိုက်ဦးနော်။

Source: marijasmine

[Zawgyi Version]

ခရစၥမတ္ရာသီထဲ ေရာက္ေနၿပီဆိုေတာ့ ေနရာတကာမွာ ခရစၥမတ္သစ္ပင္ေတြ၊ ခရစၥမတ္ အလွဆင္မႈေတြကို ျမင္ေတြ႕ရမွာပါ။ ခရစၥမတ္မီးဆိုင္းေတြ၊ အနီေရာင္နဲ႔ အျပာေရာင္ အဆင္အယင္ေတြနဲ႔ ခရစၥမတ္အေငြ႕အသက္ေတြ ဖံုးလႊမ္းေနတဲ့ ဒီဇင္ဘာလမွာ မိသားစုညစာစားပြဲေလးေတြ စားၾကတဲ့အခါ ခရစၥမတ္သစ္ပင္စတိုင္လ္ အသီးအ႐ြက္သုပ္ေလးကိုေကာ ထည့္ခ်င္စိတ္ မရွိၾကဘူးလား။ ခရစၥမတ္ သစ္ပင္ပံုစံ ေဖာ္ထားတဲ့ ပန္းကန္တစ္ခ်ပ္ကို ထမင္းစားစားပြဲေပၚမွာ တင္ခ်င္တယ္ဆိုရင္ေတာ့ ဆက္ဖတ္ေပးၾကပါဦးေနာ္။

ပါဝင္ပစၥည္းမ်ား

461262343.jpg 

ပါဝင္ပစၥည္းအျဖစ္ ပန္းေဂၚဖီစိမ္း (၂) ပြင္႔ခန္႔၊ ဘလူးဘယ္ရီသီး (၁/၂) ခြက္၊ မုန္လာဥ (၂) ေတာင့္ခန္႔၊ ကညြတ္တစ္စည္းခန္႔၊ မုန္လာဥနီ တစ္ေတာင့္ခန္႔တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

marijasmine-chrsitmas-tree-salad.jpg 

ျပဳလုပ္နည္းကလည္း အရမ္းလြယ္ကူပါတယ္။ အရင္ဆံုး ပန္းေဂၚဖီစိမ္းကို ပံုမွန္ေၾကာ္စားရင္ လုပ္ေနက်အတိုင္း အဖတ္ေလးေတြျဖစ္ေအာင္ ခြဲထုတ္လိုက္ပါ။ ကညႊတ္ကိုလည္း အ႐ိုးေတြကို ျဖတ္ေတာက္ ထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ရလာတဲ့ ပန္းေဂၚဖီဖတ္ေလးေတြနဲ႔ ကညြတ္ဖတ္ေလးေတြကို (၅) မိနစ္ခန္႔ၾကာေအာင္ ေရလံုျပဳတ္ေပးလိုက္ပါ။ ဒီေနရာမွာ ပန္းေဂၚဖီစိမ္းနဲ႔ ကညြတ္ရဲ႕ မူလအေရာင္ျဖစ္တဲ့ အစိမ္းေရာင္မေပ်ာက္ေစဖို႔ကိုလည္း တစ္ခ်က္သတိထားပါ။ ေနာက္ၿပီး ကြ်တ္ကြ်တ္ရြရြေလး ျဖစ္႐ံုေလာက္ေလးပဲ ျပဳတ္ေပးရမွာပါ။

အဲဒါျပဳတ္ထားတုန္း မုန္လာဥ (အျဖဴ) နဲ႔ မုန္လာဥနီ (ခါၾကက္ဥ) တို႔ကို လက္မဝက္အရြယ္ခန္႔ အျပားပါးပါးေလးေတြျဖစ္ေအာင္ လွီးထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ပံုပါအတိုင္း အျဖဴေရာင္အကြင္းေလးေတြနဲ႔ ၾကယ္ပံုေလးေတြျဖစ္ေအာင္ ပံုေဖာ္ဖို႔အတြက္ ဓားပါးပါးထက္ထက္ေလးတစ္လက္နဲ႔ လွီးျဖတ္ေပးလိုက္ပါ။

ပန္းေဂၚဖီစိမ္းနဲ႔ ကညြတ္လည္း ၾကြပ္ၾကြပ္ရြရြ အေျခအေနမွာပဲ ငါးမိနစ္ေလာာက္ ေရလံုျပဳတ္ၿပီးၿပီဆိုရင္ေတာ ပန္းကန္ျပားအႀကီး တစ္ခ်ပ္ထဲမွာ ခရစၥမတ္သစ္ပင္ပံု ေဖာ္ရပါေတာ့မယ္။ ပန္းေဂၚဖီဖတ္ေလးေတြကို သစ္ကိုင္းပံုေဖာ္ၿပီး ကညြတ္႐ိုးတံေလးေတြကိုေတာ့ ပင္စည္ပံုေဖာ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ခုနကလွီးထားတဲ့ မုန္လာဥ (အျဖဴဖတ္) အဝိုင္းေလးေတြ၊ ၾကယ္ပံုေဖာ္ထားတဲ့ မုန္လာဥနီဖတ္ေလးေတြ၊ ခ်ယ္ရီခရမ္းခ်ဥ္သီးလို႔ေခၚတဲ့ ခရမ္းခ်ဥ္သီး ေသးေသးေလးေတြ၊ ဘလူးဘယ္ရီသီးေလးေတြကို အေပၚကေန အလွဆင္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ ခရစၥမတ္သစ္ပင္စတိုင္လ္ အသီးအရြက္သုပ္ေလးကို ရ႐ွိပါၿပီ။ ေဘးမွာ မေရာနိစ္ပန္းကန္ေလးခ်ထားၿပီး တို႔ထားလိုု႔ရသလို ေရာၿပီးသုပ္စားလို႔လည္း ရပါတယ္။ ဒါေပမယ့္ မိမိအလွဆင္ထားတဲ့ ခရစၥမတ္သစ္ပင္ေလးကို ဓာတ္ပံု႐ိုက္ၿပီး Facebook ေပၚ အရင္တင္လိုက္ဦးေနာ္။

Source: marijasmine


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs