သားအိမ်ကျန်းမာရေးဟာ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးပါတယ်။

လောကကြီးထဲကို အမျိုးသမီးတစ်ဦးအဖြစ် ဝင်ရောက်လာရပြီဆိုရင် ခန္ဓာဗေဒအရ ကြုံတွေ့ရမယ့် ဒုက္ခလေးတွေ ရှိပါတယ်။ အဲဒီထဲမှာ လစဉ်ဓမ္မတာလာခြင်းနဲ့ ကိုယ်ဝန်ဆောင်ရခြင်းလည်း ပါဝင်ပါတယ်။ အဲဒီနှစ်မျိုးစလုံးဟာလည်း သားအိမ်ဆိုတဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက် ပါဝင်လာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုနဲ့ ဆက်နွယ်နေပါတယ်။ တနည်းအားဖြင့် သားအိမ်ကျန်းမာရေးဟာ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် သားအိမ်ကျန်းမာနေစေဖို့အတွက် အမျိုးသမီးတိုင်း အောက်ပါအစားအသောက်တွေကို စားသုံးပေးသင့်ပါတယ်။



၁။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ

000c (0).jpg 

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကိုု ရှင်းလင်းပေးနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ်ကြွယ်ဝမယ်ဆိုရင် ပိုလျှံနေတဲ့ အက်စ်ထရိုဂျင် (အမျိုးသမီး လိင်စိတ်ဟော်မုန်း) တွေကိုလည်း ရှင်းထုုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ထဲမှာ uterine fibroids (သားအိမ်တွင်း အကြိတ်ဖု) လေးတွေ ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။ တနည်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ မဖြစ်တော့ဘူးပေါ့။ ပဲနီလေး၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်းတို့ဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါပဲ။

၂။ သစ်သီးဝလံများ

fruits.jpg 

ဗိုက်တာမင်စီနဲ့ ဘိုင်အိုဗလာဗိုနွိုက် ကြွယ်ဝတဲ့ သစ်သီးဝလံတွေ (စပျစ်သီး၊ ပန်းသီး၊ ကီဝီသီး၊ မက်မွန်သီး) တို့ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ uterine fibroids (သားအိမ်တွင်း အကြိတ်ဖု) တွေ ကြီးထွားခြင်းကို တားဆီးပေးနိုင်ပါတယ်။ နောက်ပြီး သူတို့က ခန္ဓာကိုယ်ထဲမှာ estrogen ပမာဏညီမျှအောင်လည်း ထိန်းညှိပေးနိုင်ပါသေးတယ်။ ဒီလိုသစ်သီးဝလံတွေကို ပုံမှန်စားပေးမယ်ဆိုရင် သားအိမ်ကျန်းမာရေးအတွက် အကျိုးရှိစေရုံတင်မက အိမ်ထောင်ရေးကိုလည်း သာယာစေနိုင်ပါတယ်။

၃။ နို့ထွက်ပစ္စည်းများ

Dairy-products.jpg 

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ်စတဲ့ နို့ထွက်ပစ္စည်းတွေဟာလည်း အမျိုးသမီးတွေရဲ့ သားအိမ်ကျန်းမာရေးအတွက် အရေးပါပါတယ်။ အဲဒီအစားအသောက်တွေမှာ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ကြွယ်ဝစွာပါဝင်ပြီး အဲဒီအာဟာရဓာတ်တွေကတော့ အရိုးတွေကို သန်မာစေသလို သားအိမ်တွင်းအကြိတ်ဖုလေးတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

၄။ Green tea (လက်ဖက်စိမ်း ရေနွေးကြမ်း)

Green-Tea5.jpg 

သားအိမ်ကျန်းမာရေးအတွက် လိုအပ်တဲ့ နောက်ထပ်အရာတစ်မျိုးကတော့ antioxidant ဖြစ်ပြီး Green tea (လက်ဖက်စိမ်း ရေနွေးကြမ်း) က ဒါကိုပြည့်ဝအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Green tea (လက်ဖက်စိမ်း ရေနွေးကြမ်း) က ကျန်းမာတဲ့သားအိမ်လေးတစ်ခု ရရှိအောင် ကူညီနိုင်ရုံသာမက သားအိမ်ထဲမှာ သားအိမ်ခေါင်းအကြိတ်ဖုလေးတွေ ပျောက်ကင်းသက်သာအောင်လည်း ကူညီပေးနိုင်ပါတယ်။ အာဟာရဗေဒ ပညာရှင်တွေအရ သားအိမ်ခေါင်းအကြိတ်ဖု ရှိတဲ့အမျိုးသမီးတွေ green tea ကို (၈) ပတ်လောက် နေ့စဉ်ပုံမှန်သောက်ပေးမယ်ဆိုရင် အကြိတ်ဖုပမာဏ သိသိသာသာ လျော့နည်းသွားတာကို တွေ့ရှိရမှာပါ။

၅။ ဆယ်လ်မွန်ငါး

SV-Salmon-MK3_9397.jpg 

ဆယ်လ်မွန်ငါးကတော့ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကြွယ်ဝပြီး အဲဒီအက်ဆစ်တွေဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ prostaglandin လို့ခေါ်တဲ့ ဟော်မုန်းတွေကို လျော့ကျစေပါတယ်။ အဲဒီဟော်မုန်းလေးတွေဟာ သားအိမ်ခေါင်းကြုံ့ြ့ခင်း ဝေဒနာကို ဆိုးဆိုးဝါးဝါးဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ အဲဒီလိုသားအိမ်ကြုံ့ခြင်းကြောင့် သားအိမ်ခေါင်း နေရာပြောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

၆။ ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်ကိုတော့ super food လို့တောင် တင်စားခေါ်ဝေါ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်က ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိလို့ပါပဲ။ အဲဒီထဲမှာ အမျိုးသမီးတွေအတွက် သားအိမ်ကျန်းမာရေးလည်း ပါဝင်ပါတယ်။ ဟင်းနုနွယ်ရွက် ပုံမှန်စားပေးခြင်းဟာ သားအိမ်ထဲမှာ အယ်လ်ကာလိုင်းပမာဏကို ထိန်းညှိပေးနိုင်သလို အာရုံကြောစနစ် ကောင်းမွန်စေရေးအတွက်လည်း လိုအပ်တဲ့သတ္ထုဓာတ်တွေကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေ စားပေးမယ်ဆိုရင် မိခင်ရော၊ ကလေးပါ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က