• Food & Recipe
    များလည်းများ၊ တန်လည်းတန်တဲ့ တန်ဖိုးနည်း ထမင်းသုပ်လေး စားကြမယ်
Thiha Htun
[Unicode Version]

မနေ့ကတုန်းက အပြင်ရောက်တုန်းလေး St. John City Mall ဘက် ဝင်ခဲ့သေးတယ်။ အစကတော့ ဝင်ဖို့ စိတ်ကူးမရှိပါဘူး။ ပျော်ရွှင်စရာ ခရစ္စမတ် အချိန်အခါ ဆိုတဲ့ event အတွက် ခရစ္စမတ်သစ်ပင်တွေ၊ decoration တွေ ပြင်ဆင်ထားတာလှလို့ ရောက်သွားတာ။ ဓာတ်ပုံလေးဘာလေး ရိုက်မယ်စိတ်ကူးတာပေါ့။

အေးလည်းသိပ်မအေး၊ ခရစ္စမတ် အငွေ့အသက်တွေလည်း ပျောက်ဆုံးနေတဲ့ ရန်ကုန်မြို့ကြီးမှာ (ဒီမနက်တော့ နည်းနည်းအေးသလိုပဲ :D) St. John City Mall ထဲရောက်မှပဲ ခရစ္စမတ် သီချင်းသံလေးတွေ၊ ခရစ္စမတ် theme လေးတွေနဲ့ ခရစ္စမတ်ရဲ့ အရသာကို အပြည့်အဝရတော့တယ်။

ဟိုငေး ဒီငေး ဟိုရိုက်ဒီရိုက် လုပ်လို့ပြီးတော့ ထုံးစံအတိုင်း အစာအိမ်က အချက်ပြလာပါတော့တယ်။ ပြတ်တုန်း လပ်တုန်း ၂၃ ဆိုပေမယ့် ၂၃ ရက်နေ့ မရောက်ခင်ကတည်းက ဘိုင်ပြတ်နေနှင့်သောအခါ အပေါ်ဆုံးထပ်က Food Court ကို မလှမ်းရဲတော့ပါဘူး။ အဲဒီကိုသွားမိရင် ကိုယ့်ဗီဇအရဆိုရင် အနည်းဆုံး ဆင်တစ်ကောင်ကတော့ ပြောင်သွားမှာလေ။ ဒါနဲ့ပဲ Ocean ထဲကို ခြေလှမ်းမိပါတော့တယ်။

IMG_20171217_145011.jpg

Ocean Supercenter ထဲမှာက အစားအစာလေးတွေ စုံစုံလင်လင်ရှိတယ်လေ။ မြန်မာ့ရိုးရာ အစားအစာလေးတွေ၊ အသုပ်လေးတွေအပြင် ရှမ်းခေါက်ဆွဲတို့၊ ကွေ့တီယိုတို့လည်း ရနိုင်ပါသေးတယ်။ နေ့လည်စာကို အိမ်က ချက်ခဲ့ဖို့ မအားတဲ့ ရုံးဝန်ထမ်းတွေအတွက်လည်း မြန်မာထမင်း၊ ဟင်းလေးတွေကို သင့်တင့်မျှတတဲ့ တန်ဖိုးနဲ့ သန့်သန့်ရှင်းရှင်း ရောင်းပေးပါသေးတယ်။

ကိုယ်ကတော့ မြန်မာ ထမင်း၊ ဟင်းလည်း မစားချင်၊ ဗိုက်ကလည်း ဆာနေပြန်တော့ ခေါက်ဆွဲတွေဘက် ခြေဦးမလှည့်မိဘဲ ထမင်းသုပ်တန်းကိုပဲ လမ်းကြောင်းပြောင်းလိုက်ပါတယ်။ ပုံမှာမြင်တဲ့အတိုင်းပါပဲ။ တချို့ကလည်း ဇလုံထမင်းလို့ ခေါ်ကြတဲ့ ထမင်းသုပ်လေးတွေက အမျိုးအစားစုံစုံလင်လင် ရရှိနိုင်ပါတယ်။

IMG_20171217_141248.jpg 

ငါးပိရည်ကျိုထမင်းသုပ်၊ ပဲပုတ်ထမင်းသုပ်၊ ချဉ်ပေါင်ကြော်ထမင်းသုပ်၊ အာလူးထမင်းသုပ်၊ ငပိထောင်းထမင်းသုပ်၊ ငပိကြော် ထမင်းသုပ်၊ မျှစ်ကြော်ထမင်းသုပ်၊ ငပိလက်ဖက်ထမင်းသုပ်၊ လက်ဖက်ထမင်းသုပ်နဲ့ ပုန်းရည်ကြီးထမင်းသုပ် ဆိုပြီး (၁၀) မျိုးရှိတဲ့အထဲက မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

ကျွန်တော်ကတော့ အာလူးထမင်းသုပ်နဲ့ ပုန်းရည်ကြီးထမင်းသုပ်ကိုပဲ ရွေးလိုက်တယ်။ အဲဒီနှစ်မျိုးကို ရွေးလိုက်တာလည်း အကြောင်းရှိတယ်ဗျ။

ပုန်းရည်ကြီးကတော့ အားလုံးသိပြီးသား မြန်မာအစားအစာတစ်မျိုးပါ။ ပဲပိစပ်ကို ပြုတ်ပြီး ရလာတဲ့ ပဲပြုတ်ရည်ကို အချဉ်ပြန်ဖောက်ထားတဲ့ ပုန်းရည်ကြီးကို ပုဂံနဲ့ အညာဘက်မှာ ရောင်းတယ်လေ။ ကြက်သွန်နီလေး ပါးပါးလှီးထည့်ပြီး နှမ်းဆီလေးနဲ့ သုပ်စားရင် စားလို့ကောင်းသလို ဝက်သားသုံးထပ်သား အတုံးကြီးကြီးကို ပုန်းရည်ကြီးနဲ့ နှပ်စားတာကလည်း လျှာကျွမ်းပြန်အောင် ကောင်းတဲ့ အစားအစာတစ်မျိုးပါ။

IMG_20171217_145004.jpg 

အရသာပိုင်းမှာ ရှယ်ကောင်းသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါပဲ။ ပဲပိစပ်ကနေ ပြုလုပ်ထားတော့ အာဟာရပြည့်ဝစေသလို အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။ ဆီးမှန်ဝမ်းမှန်တာက ပုန်းရည်ကြီးရဲ့ နာမည်ကျော် အာနိသင်တစ်ခုပါပဲ။ ဒါကြောင့်လည်း ပုန်းရည်ကြီးထမင်းသုပ်ကို ရွေးချယ်မိတာပေါ့။

လူကောင်ကြီးသလို အစားလည်းပုတ်တဲ့ ကိုယ့်အတွက် ပုန်းရည်ကြီးထမင်းသုပ်တစ်ပွဲတည်းနဲ့ မဝနိုင်တာသိနေတော့ အာလူးထမင်းသုပ်ကိုပါ မှာခဲ့သေးတယ်။ အာလူးထဲမှာတော့ ဗိုက်တာမင်စီနဲ့ ပိုတက်စီယမ် ကြွယ်ဝတယ်လေ။ နောက်ပြီး ကစီဓာတ်လည်း ပါဝင်မှုများတော့ စားလို့ကောင်းသလို ခန္ဓာကိုယ်အတွက် လိုအင်တဲ့ စွမ်းအင်တွေလည်း ရရှိတာပေါ့။ အဲဒါနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် အာလူးထမင်းသုပ်နဲ့ ပုန်းရည်ကြီးထမင်းသုပ်ကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

IMG_20171217_144954.jpg 

Ocean က ဝန်ထမ်းတွေဟာ သန့်ရှင်းမှုအပိုင်းကိုလည်း တော်တော်လေး ဂရုစိုက်ပါတယ်။ ထမင်းသုပ်သုပ်ဖို့ ပစ္စည်းကိရိယာ၊ တန်ဆာပလာတွေကိုလည်း သန့်သန့်ရှင်းရှင်းပဲ ထားထားတာကို တွေ့ရတယ်။ နောက်ပြီးတော့ မှာတုန်းကတော့ နည်းမယ်ထင်ထားတာ။ ရလာတော့ ထင်ထားသလောက် မနည်းဘူး။ ကိုယ့်လို အစားပုတ်တဲ့သူတောင် အဲဒီနှစ်ပွဲကို တော်တော်စားယူလိုက်ရတယ်။ ဘာပဲပြောပြော မြန်မာကျပ်ငွေ (၂၀၀၀) တည်းနဲ့ စားလို့လည်းကောင်း၊ ကျန်းမာရေးနဲ့လည်းညီညွတ်၊ အာဟာရလည်းပြည့်ဝတဲ့ ထမင်းသုပ် (၂) ပွဲကို တဝကြိတ်လိုက်ရတာ ကိုယ့်အတွက်တော့ တကယ်တန်ပါတယ်။ ပြန်အထွက်မှာတော့ အစာအိမ်ကို အစာကျွေးပြီးပြီဆိုတော့ မျက်စိကိုအစာလေးဘာလေးကျွေးခဲ့သေးတယ်လေ။

[Zawgyi Version]

မေန႔ကတုန္းက အျပင္ေရာက္တုန္းေလး St. John City Mall ဘက္ ဝင္ခဲ့ေသးတယ္။ အစကေတာ့ ဝင္ဖို႔ စိတ္ကူးမ႐ွိပါဘူး။ ေပ်ာ္႐ႊင္စရာ ခရစၥမတ္ အခ်ိန္အခါ ဆိုတဲ့ event အတြက္ ခရစၥမတ္သစ္ပင္ေတြ၊ decoration ေတြ ျပင္ဆင္ထားတာလွလို႔ ေရာက္သြားတာ။ ဓာတ္ပံုေလးဘာေလး ႐ိုက္မယ္စိတ္ကူးတာေပါ့။

ေအးလည္းသိပ္မေအး၊ ခရစၥမတ္ အေငြ႔အသက္ေတြလည္း ေပ်ာက္ဆံုးေနတဲ့ ရန္ကုန္ၿမိဳ႕ႀကီးမွာ (ဒီမနက္ေတာ့ နည္းနည္းေအးသလိုပဲ :D) St. John City Mall ထဲေရာက္မွပဲ ခရစၥမတ္ သီခ်င္းသံေလးေတြ၊ ခရစၥမတ္ theme ေလးေတြနဲ႔ ခရစၥမတ္ရဲ႕ အရသာကို အျပည့္အဝရေတာ့တယ္။

ဟိုေငး ဒီေငး ဟို႐ိုက္ဒီ႐ိုက္ လုပ္လို႔ၿပီးေတာ့ ထံုးစံအတိုင္း အစာအိမ္က အခ်က္ျပလာပါေတာ့တယ္။ ျပတ္တုန္း လပ္တုန္း ၂၃ ဆိုေပမယ့္ ၂၃ ရက္ေန႔ မေရာက္ခင္ကတည္းက ဘိုင္ျပတ္ေနႏွင့္ေသာအခါ အေပၚဆံုးထပ္က Food Court ကို မလွမ္းရဲေတာ့ပါဘူး။ အဲဒီကိုသြားမိရင္ ကိုယ့္ဗီဇအရဆိုရင္ အနည္းဆံုး ဆင္တစ္ေကာင္ကေတာ့ ေျပာင္သြားမွာေလ။ ဒါနဲ႔ပဲ Ocean ထဲကို ေျခလွမ္းမိပါေတာ့တယ္။

Ocean Supercenter ထဲမွာက အစားအစာေလးေတြ စံုစံုလင္လင္႐ွိတယ္ေလ။ ျမန္မာ့႐ိုးရာ အစားအစာေလးေတြ၊ အသုပ္ေလးေတြအျပင္ ႐ွမ္းေခါက္ဆြဲတို႔၊ ေကြ႔တီယိုတို႔လည္း ရႏိုင္ပါေသးတယ္။ ေန႔လည္စာကို အိမ္က ခ်က္ခဲ့ဖို႔ မအားတဲ့ ႐ံုးဝန္ထမ္းေတြအတြက္လည္း ျမန္မာထမင္း၊ ဟင္းေလးေတြကို သင့္တင့္မွ်တတဲ့ တန္ဖိုးနဲ႔ သန္႔သန္႔႐ွင္း႐ွင္း ေရာင္းေပးပါေသးတယ္။

ကိုယ္ကေတာ့ ျမန္မာ ထမင္း၊ ဟင္းလည္း မစားခ်င္၊ ဗိုက္ကလည္း ဆာေနျပန္ေတာ့ ေခါက္ဆြဲေတြဘက္ ေျခဦးမလွည့္မိဘဲ ထမင္းသုပ္တန္းကိုပဲ လမ္းေၾကာင္းေျပာင္းလိုက္ပါတယ္။ ပံုမွာျမင္တဲ့အတိုင္းပါပဲ။ တခ်ိဳ႕ကလည္း ဇလံုထမင္းလို႔ ေခၚၾကတဲ့ ထမင္းသုပ္ေလးေတြက အမ်ိဳးအစားစံုစံုလင္လင္ ရ႐ွိႏိုင္ပါတယ္။

ငါးပိရည္က်ိဳထမင္းသုပ္၊ ပဲပုတ္ထမင္းသုပ္၊ ခ်ဥ္ေပါင္ေၾကာ္ထမင္းသုပ္၊ အာလူးထမင္းသုပ္၊ ငပိေထာင္းထမင္းသုပ္၊ ငပိေၾကာ္ ထမင္းသုပ္၊ မွ်စ္ေၾကာ္ထမင္းသုပ္၊ ငပိလက္ဖက္ထမင္းသုပ္၊ လက္ဖက္ထမင္းသုပ္နဲ႔ ပုန္းရည္ႀကီးထမင္းသုပ္ ဆိုၿပီး (၁၀) မ်ိဳး႐ွိတဲ့အထဲက မိမိႏွစ္သက္ရာကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။

ကြ်န္ေတာ္ကေတာ့ အာလူးထမင္းသုပ္နဲ႔ ပုန္းရည္ႀကီးထမင္းသုပ္ကိုပဲ ေ႐ြးလိုက္တယ္။ အဲဒီႏွစ္မ်ိဳးကို ေ႐ြးလိုက္တာလည္း အေၾကာင္း႐ွိတယ္ဗ်။

ပုန္းရည္ႀကီးကေတာ့ အားလံုးသိၿပီးသား ျမန္မာအစားအစာတစ္မ်ိဳးပါ။ ပဲပိစပ္ကို ျပဳတ္ၿပီး ရလာတဲ့ ပဲျပဳတ္ရည္ကို အခ်ဥ္ျပန္ေဖာက္ထားတဲ့ ပုန္းရည္ႀကီးကို ပုဂံနဲ႔ အညာဘက္မွာ ေရာင္းတယ္ေလ။ ၾကက္သြန္နီေလး ပါးပါးလွီးထည့္ၿပီး ႏွမ္းဆီေလးနဲ႔ သုပ္စားရင္ စားလို႔ေကာင္းသလို ဝက္သားသံုးထပ္သား အတံုးႀကီးႀကီးကုိ ပုန္းရည္ႀကီးနဲ႔ ႏွပ္စားတာကလည္း လွ်ာကြ်မ္းျပန္ေအာင္ ေကာင္းတဲ့ အစားအစာတစ္မ်ိဳးပါ။

အရသာပိုင္းမွာ ႐ွယ္ေကာင္းသလုိ က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးပါပဲ။ ပဲပိစပ္ကေန ျပဳလုပ္ထားေတာ့ အာဟာရျပည့္ဝေစသလို အစာေျခစနစ္ကိုလည္း အားေကာင္းေစပါတယ္။ ဆီးမွန္ဝမ္းမွန္တာက ပုန္းရည္ႀကီးရဲ႕ နာမည္ေက်ာ္ အာနိသင္တစ္ခုပါပဲ။ ဒါေၾကာင့္လည္း ပုန္းရည္ႀကီးထမင္းသုပ္ကို ေ႐ြးခ်ယ္မိတာေပါ့။

လူေကာင္ႀကီးသလို အစားလည္းပုတ္တဲ့ ကိုယ့္အတြက္ ပုန္းရည္ႀကီးထမင္းသုပ္တစ္ပြဲတည္းနဲ႔ မဝႏိုင္တာသိေနေတာ့ အာလူးထမင္းသုပ္ကိုပါ မွာခဲ့ေသးတယ္။ အာလူးထဲမွာေတာ့ ဗုိက္တာမင္စီနဲ႔ ပိုတက္စီယမ္ ၾကြယ္ဝတယ္ေလ။ ေနာက္ၿပီး ကစီဓာတ္လည္း ပါဝင္မႈမ်ားေတာ့ စားလို႔ေကာင္းသလို ခႏၶာကိုယ္အတြက္ လိုအင္တဲ့ စြမ္းအင္ေတြလည္း ရရွိတာေပါ့။ အဲဒါနဲ႔ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ အာလူးထမင္းသုပ္နဲ႔ ပုန္းရည္ႀကီးထမင္းသုပ္ကိုပဲ ေရြးခ်ယ္ျဖစ္ခဲ့ပါတယ္။

Ocean က ဝန္ထမ္းေတြဟာ သန္႔႐ွင္းမႈအပိုင္းကိုလည္း ေတာ္ေတာ္ေလး ဂရုစိုက္ပါတယ္။ ထမင္းသုပ္သုပ္ဖို႔ ပစၥည္းကိရိယာ၊ တန္ဆာပလာေတြကိုလည္း သန္႔သန္႔႐ွင္း႐ွင္းပဲ ထားထားတာကို ေတြ႕ရတယ္။ ေနာက္ၿပီးေတာ့ မွာတုန္းကေတာ့ နည္းမယ္ထင္ထားတာ။ ရလာေတာ့ ထင္ထားသေလာက္ မနည္းဘူး။ ကိုယ့္လို အစားပုတ္တဲ့သူေတာင္ အဲဒီႏွစ္ပြဲကို ေတာ္ေတာ္စားယူလိုက္ရတယ္။ ဘာပဲေျပာေျပာ ျမန္မာက်ပ္ေငြ (၂၀၀၀) တည္းနဲ႔ စားလို႔လည္းေကာင္း၊ က်န္းမာေရးနဲ႔လည္းညီညြတ္၊ အာဟာရလည္းျပည့္ဝတဲ့ ထမင္းသုပ္ (၂) ပြဲကို တဝႀကိတ္လိုက္ရတာ ကိုယ့္အတြက္ေတာ့ တကယ္တန္ပါတယ္။ ျပန္အထြက္မွာေတာ့ အစာအိမ္ကို အစာေကြ်းၿပီးၿပီဆိုေတာ့ မ်က္စိကိုအစာေလးဘာေလးေကြ်းခဲ့ေသးတယ္ေလ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs