• Food & Recipe
    စားပြီးရင် လူကိုဗိုက်ပိုဆာစေမယ့် အစားအသောက်များ
Thiha Htun
[Unicode Version]

"ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး" ပြီးမှ ပိုလေးရတယ်ဆိုတာ ဗိုက်ဆာလို့ မုန့်စားပါတယ်ဆိုမှ စားပြီးတိုင်း ဗိုက်ပိုဆာတတ်တာကို ပြောတာပါ။ တချို့ကတော့ ဒါကို မိမိတို့အစာအိမ် အစာခြေနှုန်း အရမ်းကောင်းလို့ ဗိုက်ခနခန ဆာရတယ်လို့ နောက်ပြောင်ပြီး ပြောတတ်ပါတယ်။

တကယ်တော့ ခနခနဗိုက်ဆာတယ်ဆိုတာ အစာခြေနှုန်းနဲ့ သိပ်မဆိုင်ဘဲ မိမိရွေးချယ်ထားတဲ့ အစားအစာတွေနဲ့ ပိုဆိုင်ပါတယ်။ နောက်ပြီးတော့ အဲဒီလို အစားအစာတွေကို ဗိုက်ဆာတိုင်းစားမိမယ်ဆိုရင် ကယ်လိုရီတွေတက်ပြီး ဝိတ်လည်းပိုများလာနိုင်ပါတယ်။

၁။ အမြန်ရအစားအစာတွေ

image-1-10.jpg 

ကျွန်တော်တို့တွေ အလုပ်များနေချိန်မှာ၊ အလျင်လိုနေချိန်မှာ အမြန်ရအစားအစာ (fast food) တွေကိုပဲ ဦးစားပေးရွေးချယ် တတ်ကြပါတယ်။ အဲဒီအမြန်ရ အစားအသောက်တွေမှာ ပြောင်းလဲဆီတွေ ပါဝင်ပြီး အဲဒီပြောင်းလဲဆီတွေဟာ စားချင် သောက်ချင်စိတ်ကို ဖြစ်စေတဲ့ အာရုံကြောလှုံ့ဆော်ပစ္စည်း (neurotransmitter) လေးတွေကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ခြင်းကို လျော့နည်းစေပါတယ်။ ဒီလိုနဲ့ ခဏခဏဗိုက်ဆာစေပြီး

အစားပိုစားမိစေနိုင်ပါတယ်။

၂။ ပေါင်မုန့်ဖြူ

image-2-11.jpg 

ပေါင်မုန့်ဖြူစားခြင်းဟာ စားချင်သောက်ချင်စိတ်ကို များစွာမြင့်တက်စေနိုင်တယ်လို့ အဆိုရှိပါတယ်။ သုတေသနတစ်ခုအရတော့ ပေါင်မုန့်ဖြူကို တစ်နေ့ကို (၂) ကြိမ်၊ (၃) ကြိမ်ခန့် စားတတ်တဲ့သူတွေဟာ ဝိတ်တက်တတ်တယ်လို့လည်း သိရပါတယ်။

၃။ ဆေးသကြားများတဲ့ အချိုရည်တွေ

image-3-10.jpg 

ဈေးကွက်ထဲမှာ ရောင်းနေတဲ့ လူလုပ်ဆေးသကြားတွေ၊ ဆိုးဆေးတွေနဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေမှာ လူလုပ်အရသာအတုတွေ၊ တာရှည်ခံဆေးတွေ၊ သကြားတွေပါဝင်ပြီး ခန္ဓာကိုယ်တွင်း အချိုဓာတ်ကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကိုမပေးဘဲ ခနခနဗိုက်ဆာစေပြီး ခန္ဓာကိုယ်အတွက် ပိုလျှံနေမယ့် သကြားဓာတ်တွေကိုပဲ ပေးပါတယ်။

၄။ ပေါက်ပေါက်နဲ့ အာလူးကြော်

image-6-8.jpg

ရုပ်ရှင်ကြည့်ရင် ထောပတ်ပေါက်ပေါက်နဲ့ အာလူးကြော်ဝါးတတ်တဲ့ အကျင့်ရှိရင် ပြင်လိုက်ပါ။ ဘာလို့လဲဆိုတော့ ဒါတွေက ဘယ်လောက်စားစား ဗိုက်ဝမယ့်အစားအစာတွေ မဟုတ်လို့ပါပဲ။ ဒါတင်မကသေးပါဘူး။ ဆားဓာတ်နဲ့ အဆီများတဲ့ အဲဒီအစားအစာတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကိုလည်း ခမ်းခြောက်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အဲဒီအစားအစာတွေက အဆက်မပြတ် ဝါးနေမိတဲ့ အကျင့်ကိုလည်း ဖြစ်စေတော့ လူကိုဝိတ်တက်စေမှာ အမှန်ပါပဲ။

၅။ အယ်လ်ကိုဟောပါတဲ့ အရက်၊ ဘီယာ

image-7-9.jpg 

အယ်လ်ကိုဟောဓာတ်ပါဝင်တဲ့ အရက်၊ ဘီယာ၊ ဝိုင်တို့ကို သောက်သုံးခြင်းကလည်း လူကိုပိုမို ဆာလောင်စေပါတယ်။ ဘာလို့လဲဆိုတော့ အယ်လ်ကိုဟောဟာ Leptin ဆိုတဲ့ ဟော်မုန်းပမာဏကို လျော့နည်းစေပြီး အဲဒီဟော်မုန်းလျော့နည်းသွားခြင်းက လူကိုခနခန ဗိုက်ဆာစေပါတယ်။ ဒီလိုနဲ့ လိုတာထက်ပိုပြီး စားမိတတ်ပါတယ်။

၆။ အဖြူရောင်ပါစတာခေါက်ဆွဲ

image-9-8.jpg 

အဖြူရောင် ပါစတာခေါက်ဆွဲဟာ အီတလီအစားအစာတစ်မျိုးဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီပါစတာ ခေါက်ဆွဲတွေကို စားခြင်းဟာ ပန်ကရိယဂလင်းထဲမှာ အင်ဆူလင်ပမာဏကို လျော့နည်းစေပြီး သွေးတွင်းအချိုဓာတ်ကိုလည်း လျော့ကျစေပါတယ်။ ဒီလိုနဲ့ ခနခန ဗိုက်ဆာတတ်လာပါလိမ့်မယ်။

Source: Youngisthan

[Zawgyi Version]

"ေပါ့ေစလိုလို႔ ေၾကာင္႐ုပ္ထိုး" ၿပီးမွ ပိုေလးရတယ္ဆိုတာ ဗိုက္ဆာလို႔ မုန္႔စားပါတယ္ဆိုမွ စားၿပီးတိုင္း ဗိုက္ပိုဆာတတ္တာကို ေျပာတာပါ။ တခ်ိဳ႕ကေတာ့ ဒါကို မိမိတို႔အစာအိမ္ အစာေျခႏႈန္း အရမ္းေကာင္းလို႔ ဗိုက္ခနခန ဆာရတယ္လို႔ ေနာက္ေျပာင္ၿပီး ေျပာတတ္ပါတယ္။

တကယ္ေတာ့ ခနခနဗိုက္ဆာတယ္ဆိုတာ အစာေျခႏႈန္းနဲ႔ သိပ္မဆိုင္ဘဲ မိမိေရြးခ်ယ္ထားတဲ့ အစားအစာေတြနဲ႔ ပိုဆိုင္ပါတယ္။ ေနာက္ၿပီးေတာ့ အဲဒီလို အစားအစာေတြကို ဗိုက္ဆာတိုင္းစားမိမယ္ဆိုရင္ ကယ္လိုရီေတြတက္ၿပီး ဝိတ္လည္းပိုမ်ားလာႏိုင္ပါတယ္။

၁။ အျမန္ရအစားအစာေတြ

 

ကြ်န္ေတာ္တို႔ေတြ အလုပ္မ်ားေနခ်ိန္မွာ၊ အလ်င္လိုေနခ်ိန္မွာ အျမန္ရအစားအစာ (fast food) ေတြကိုပဲ ဦးစားေပးေ႐ြးခ်ယ္ တတ္ၾကပါတယ္။ အဲဒီအျမန္ရ အစားအေသာက္ေတြမွာ ေျပာင္းလဲဆီေတြ ပါဝင္ၿပီး အဲဒီေျပာင္းလဲဆီေတြဟာ စားခ်င္ ေသာက္ခ်င္စိတ္ကို ျဖစ္ေစတဲ့ အာ႐ံုေၾကာလႈံ႔ေဆာ္ပစၥည္း (neurotransmitter) ေလးေတြကို ခႏၶာကိုယ္မွ ထုတ္လႊတ္ျခင္းကို ေလ်ာ့နည္းေစပါတယ္။ ဒီလိုနဲ႔ ခဏခဏဗိုက္ဆာေစၿပီး

အစားပိုစားမိေစႏိုင္ပါတယ္။

၂။ ေပါင္မုန္႔ျဖဴ

 

ေပါင္မုန္႔ျဖဴစားျခင္းဟာ စားခ်င္ေသာက္ခ်င္စိတ္ကို မ်ားစြာျမင့္တက္ေစႏိုင္တယ္လို႔ အဆို႐ွိပါတယ္။ သုေတသနတစ္ခုအရေတာ့ ေပါင္မုန္႔ျဖဴကို တစ္ေန႔ကို (၂) ႀကိမ္၊ (၃) ႀကိမ္ခန္႔ စားတတ္တဲ့သူေတြဟာ ဝိတ္တက္တတ္တယ္လို႔လည္း သိရပါတယ္။

၃။ ေဆးသၾကားမ်ားတဲ့ အခ်ိဳရည္ေတြ

 

ေစ်းကြက္ထဲမွာ ေရာင္းေနတဲ့ လူလုပ္ေဆးသၾကားေတြ၊ ဆိုးေဆးေတြနဲ႔ ျပဳလုပ္ထားတဲ့ ေဖ်ာ္ရည္ေတြမွာ လူလုပ္အရသာအတုေတြ၊ တာ႐ွည္ခံေဆးေတြ၊ သၾကားေတြပါဝင္ၿပီး ခႏၶာကိုယ္တြင္း အခ်ိဳဓာတ္ကို ပိုမိုျမင့္တက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အာဟာရနဲ႔ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြလို ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အားအင္ေတြကိုမေပးဘဲ ခနခနဗိုက္ဆာေစၿပီး ခႏၶာကိုယ္အတြက္ ပိုလွ်ံေနမယ့္ သၾကားဓာတ္ေတြကိုပဲ ေပးပါတယ္။

၄။ ေပါက္ေပါက္နဲ႔ အာလူးေၾကာ္

႐ုပ္႐ွင္ၾကည့္ရင္ ေထာပတ္ေပါက္ေပါက္နဲ႔ အာလူးေၾကာ္ဝါးတတ္တဲ့ အက်င့္႐ွိရင္ ျပင္လုိက္ပါ။ ဘာလို႔လဲဆိုေတာ့ ဒါေတြက ဘယ္ေလာက္စားစား ဗိုက္ဝမယ့္အစားအစာေတြ မဟုတ္လို႔ပါပဲ။ ဒါတင္မကေသးပါဘူး။ ဆားဓာတ္နဲ႔ အဆီမ်ားတဲ့ အဲဒီအစားအစာေတြဟာ ခႏၶာကိုယ္ထဲက ေရဓာတ္ေတြကိုလည္း ခမ္းေျခာက္ေစႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ အဲဒီအစားအစာေတြက အဆက္မျပတ္ ဝါးေနမိတဲ့ အက်င့္ကိုလည္း ျဖစ္ေစေတာ့ လူကိုဝိတ္တက္ေစမွာ အမွန္ပါပဲ။

၅။ အယ္လ္ကိုေဟာပါတဲ့ အရက္၊ ဘီယာ

 

အယ္လ္ကိုေဟာဓာတ္ပါဝင္တဲ့ အရက္၊ ဘီယာ၊ ဝိုင္တို႔ကို ေသာက္သံုးျခင္းကလည္း လူကိုပိုမို ဆာေလာင္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့ အယ္လ္ကိုေဟာဟာ Leptin ဆိုတဲ႔ ေဟာ္မုန္းပမာဏကို ေလ်ာ့နည္းေစၿပီး အဲဒီေဟာ္မုန္းေလ်ာ့နည္းသြားျခင္းက လူကိုခနခန ဗိုက္ဆာေစပါတယ္။ ဒီလိုနဲ႔ လုိတာထက္ပိုၿပီး စားမိတတ္ပါတယ္။

၆။ အျဖဴေရာင္ပါစတာေခါက္ဆြဲ

 

အျဖဴေရာင္ ပါစတာေခါက္ဆြဲဟာ အီတလီအစားအစာတစ္မ်ိဳးျဖစ္ၿပီး ကာဘိုဟိုက္ဒရိတ္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အဲဒီပါစတာ ေခါက္ဆြဲေတြကို စားျခင္းဟာ ပန္ကရိယဂလင္းထဲမွာ အင္ဆူလင္ပမာဏကို ေလ်ာ့နည္းေစၿပီး ေသြးတြင္းအခ်ိဳဓာတ္ကိုလည္း ေလ်ာ့က်ေစပါတယ္။ ဒီလိုနဲ႔ ခနခန ဗိုက္ဆာတတ္လာပါလိမ့္မယ္။

Source: Youngisthan


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs