• Food & Recipe

    ကမ္ဘာတလွှားက foodie တွေ သိပ်မသိသေးတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်နေရာလေးများ

Thiha Htun
[Unicode Version]

သင်ဟာ အစားအသောက်နဲ့ ပတ်သက်လာရင် အရူးအမူးစိတ်ဝင်စားတဲ့ foodie တစ်ယောက် ဖြစ်ပါသလား။ အစားအသောက်တစ်ခု ကောင်းတယ်လို့ သတင်းကြားရင်၊ စားသောက်ဆိုင် အသစ်အဆန်းတစ်ခုဖွင့်ရင် ရှေ့ဆုံးက ပြေးစားတတ်သူတစ်ဦး ဖြစ်ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ကမ္ဘာတလွှားက foodie တွေ သိပ်မသိသေးတဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတွေအကြောင်း ဖော်ပြထားပါတယ်။

၁။ ယူနန်ဘဲကင်

shutterstock_264085049.jpg 

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ရာဒေသဖြစ်တဲ့ ယူနန်ပြည်နယ်မှာ Yiliang ဆိုတဲ့ တောင်ပေါ်မြို့လေး တစ်မြို့ရှိပါတယ်။ အဲဒီမြို့က ဘဲကင်ဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် ပီကင်းဘဲကင်ကို ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်လောက်အောင် အရသာကောင်းမွန်ပါတယ်။ ချက်ပြုတ်နည်း (recipe) ဟာ ချင်မင်းဆက် (၁၆၄၄-၁၉၁၂) ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပျားရည်နဲ့ တခြားဟင်းခတ် အမွှေးအကြိုင်တွေကိုသုံးပြီး ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။ ဘဲကင်ရာမှာတော့ ဘေးမှာ ထင်းရှူးကိုင်းလေးတွေနဲ့အတူ မြေသားမီးဖိုထဲမှာ ထည့်ကင်ထားတဲ့အတွက် တမူထူးတဲ့ အနံ့၊ အရသာကို ပေးစွမ်းနိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ ယူနန်ဘဲခြံပေါင်း (၁၀၀၀) ခန့်ရှိပြီး စားသောက်ဆိုင် တော်တော်များများကလည်း ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းကြပါတယ်။ အဲဒီထဲမှာ နာမည်အကြီးဆုံးကတော့ Xuecheng စားတော်ဆက်ဖြစ်ပါတယ်။ ကြက်သွန်မြိတ်နဲ့ မက်မွန်သီးအနှစ်ကို ရောပြီးပြုလုပ်ထားတဲ့ ဆော့စ်လေးနဲ့ တို့စားလိုက်ရင် ယူနန်ဘဲကင်ရဲ့ နူးညံ့တဲ့အသားနဲ့ ထင်းရှူးနံ့လေး မွှေးနေတဲ့ အနံ့၊ အရသာတို့ကို အကောင်းဆုံးပေါ်လွင်စေမှာပါ။

၂။ ဂျပန် katsu ကြက်သားဟင်း

shutterstock_414496585.jpg 

ဂျပန်စတိုင်လ် katsu ကြက်သားဟင်းစစ်စစ်ကို စားချင်တယ်ဆိုရင်တော့ တိုကျိုမြို့က Ginza ရပ်ကွက်မှာသာ သွားရှာလိုက်ပါ။ အဲဒီရပ်ကွက်မှာ လူသိပ်မသိသေးတဲ့ အရသာထူးခြားတဲ့ ဂျပန်အစားအစာ စတင်မွေးဖွားခဲ့ရာ နေရာလည်းဖြစ်ပါတယ်။ ဂျပန် katsu ကြက်သားဟင်းလေး စတင်ဖြစ်ပေါ်လာခဲ့တဲ့ ပုံပြင်လေးလည်း ရှိပါတယ်။

၁၉၄၈ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးဘေ့စ်ဘော ကစားသမား တစ်ဦးဖြစ်တဲ့ Shigeru Chiba ဟာ စားသောက်ဆိုင် တစ်ဆိုင်ကိုသွားပြီး ထမင်းဖြူပေါ်မှာ ကြက်ကြော်ကိုု ပြန်ချက်ထားတဲ့ဟင်း ပုံပေးဖို့ မှာကြားခဲ့ပါတယ်။ သူ့ရဲ့ စမ်းသပ်တီထွင်မှု နောက်ကို လိုက်ပြီး အခြားစားသုံးသူတွေကလည်း သူ့လိုမျိုး ချက်ပေးဖို့ လိုက်မှာခဲ့ကြရာမှ ဂျပန် katsu ကြက်သားဟင်းလေး စတင်ပေါ်ပေါက်လာခဲ့တာပါ။

၃။ စပိန်ဒံပေါက်ထမင်း

6755989741_a9abec0cae_b.jpg 

စပိန်အစားအစာနဲ့ ပတ်သက်လာရင်တော့ ဘာစီလိုနာမြို့က နာမည်ကျော် La Boqueria ဈေးနဲ့ Tapas ဘာားတွေဟာ ကမ္ဘာ တဝှမ်းလုံးက အစားအစာချစ်သူတွေအတွက်တော့ အသည်းစွဲပါပဲ။ ဒါပေမယ့် လူသူသိပ်မသိသေးတဲ့ စပိန်အစားအသောက် တစ်မျိုးဟာ ဗလင်စီယာမြို့မှာ ရှိနေပါသေးတယ်။ အဲဒါကတော့ စပိန်ဒံပေါက်ထမင်းစတိုင်လ် တစ်မျိုးဖြစ်တဲ့ paella ပါပဲ။ Paella ကို စပိန်လူမျိုးတွေက အသားနဲ့ ရောစားကြသလို ပင်လယ်စာနဲ့လည်း ရောစားကြပါတယ်။

Paella နဲ့ ပတ်သက်ရင်တော့ ၁၉၂၈ ခုနှစ်တည်းက ဖွင့်လှစ်ခဲ့တဲ့ La Parada de las Especias ဆိုတဲ့ မိသားစုဆိုင်လေးက အကောင်းဆုံးပါပဲ။ အဲဒီဆိုင်က ကုံကုမံနဲ့ အရောင်တင်မှုန့်က paella ရဲ့ အရောင်နဲ့ အနံ့အရသာကို တမူထူးခြားစေပါတယ်။

၄။ ထိုင်းနိုင်ငံရဲ့ ဟင်းခတ်အမွှေးအကြိုင်မြို့တော်

shutterstock_367744871.jpg 

ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်တစ်ခုဖြစ်တဲ့ Nakhon Si Thammarat ဟာတောင် ထိုင်းနိုင်ငံရဲ့ တရားမဝင် ဟင်းခတ်အမွှေးအကြိုင် မြို့တော်အဖြစ် ထင်ရှားပါတယ်။ အပူပိုင်းဒေသရဲ့နေရောင်၊ စိမ်းစိုလှပတဲ့ ပန်းဥယျာဉ်တွေ၊ သာယာလှပတဲ့ ကမ်းခြေတွေက ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်သလို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဟင်းခတ်အမွှေးအကြိုင် မျိုးစုံကို အဓိကထုတ်လုပ်သူဆိုတဲ့ အချက်ကလည်း ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို စိတ်လှုပ်ရှားစေပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ။ ထိုင်းရိုးရာအစားအစာတွေမှာ ဟင်းခတ်အမွှေးအကြိုင်တွေက အရေးပါတယ်လေ။ ဒါကြောင့် ဒီမြို့လေးကို ရောက်ဖူးမယ်ဆိုရင် စားနေကျ ထိုင်းအစားအသောက်တွေတောင် တမူထူးကဲပြီး အရသာနဲ့ပြည့်စုံနေမှာ အမှန်ပါပဲ။

၅။ မလေးရှားမှာ rendang စားတဲ့ပွဲတော်

shutterstock_346868396.jpg

မလေးရှားဟင်းလျာတွေမှာ မွှေးကြိုင်ပြီး လျှာပေါ်က အရသာခံဖုလေးတွေကို လျှာရည်စိမ့်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အဲဒီထဲမှာ အမဲသားဟင်းလျာတစ်မျိုးဖြစ်တဲ့ rendang ဟာ မလေးရှားနိုင်ငံမှာ အကောင်းဆုံးဟင်းလျာတစ်မျိုး ဖြစ်သလို မကြာသေးမီက CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာစာရင်းမှာ နံပါတ်တစ်ချိတ်ထားတာ ဖြစ်ပါတယ်။ အစပ်၊ အချို၊ အချဉ် အရသာတို့ကို အချိုးကျ ပေါင်းစပ်ထားသလို မွှေးကြိုင်ပြီး အရသာလေးတဲ့ ဟင်းလျာလေးက မလေးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေခြင်းကို ဖော်ပြနေပါတယ်။

အံ့သြဖို့ကောင်းတာ တစ်ခုက အကောင်းဆုံး rendang ဟင်းလက်ရာကို မြို့ကြီးပြကြီးတွေပေါ်က ဆိုင်ကြီးတွေမှာ မတွေ့ရဘဲ Perak ပြည်နယ်က Lush Kampungs ဆိုတဲ့ ရွာငယ်လေးတွေမှာ တွေ့ရတာပါပဲ။ အဲဒီမလေးရှား အနောက်ဘက်ဒေသတွေမှာတော့ rendang ချက်ပြုတ်ခြင်းဟာ တစ်ရပ်ကွက်လုံး ပူးပေါင်းဆောင်ရွက်တဲ့ ဓလေ့တစ်ခုဖြစ်ပြီး ဒယ်အိုးကြီးတွေနဲ့ ချက်ပြုတ်ကြပါတယ်။ ကျက်သွားတဲ့အခါမှာလည်း တစ်ရပ်ကွက်လုံး ဝိုင်းဝန်းစားသောက်ကြတာပါ။ ပျော်စရာကောင်းသလို ချစ်ဖို့လည်းကောင်းတဲ့ ယဉ်ကျေးမှုဓလေ့လေးပါ။

Source: theculturtrip

[Zawgyi Version]

သင္ဟာ အစားအေသာက္နဲ႔ ပတ္သက္လာရင္ အ႐ူးအမူးစိတ္ဝင္စားတဲ့ foodie တစ္ေယာက္ ျဖစ္ပါသလား။ အစားအေသာက္တစ္ခု ေကာင္းတယ္လို႔ သတင္းၾကားရင္၊ စားေသာက္ဆိုင္ အသစ္အဆန္းတစ္ခုဖြင့္ရင္ ေ႐ွ႔ဆံုးက ေျပးစားတတ္သူတစ္ဦး ျဖစ္ပါသလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးက သင့္အတြက္ပါပဲ။ ကမၻာတလႊားက foodie ေတြ သိပ္မသိေသးတဲ့ အစားအေသာက္နဲ႔ ပတ္သက္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေလးေတြအေၾကာင္း ေဖာ္ျပထားပါတယ္။

၁။ ယူနန္ဘဲကင္

 

တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံ နယ္နိမိတ္ခ်င္း ထိစပ္ရာေဒသျဖစ္တဲ့ ယူနန္ျပည္နယ္မွာ Yiliang ဆိုတဲ့ ေတာင္ေပၚၿမိဳ႕ေလး တစ္ၿမိဳ႕႐ွိပါတယ္။ အဲဒီၿမိဳ႕က ဘဲကင္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ နာမည္ေက်ာ္ ပီကင္းဘဲကင္ကို ရင္ေဘာင္တန္းယွဥ္ၿပိဳင္ႏိုင္ေလာက္ေအာင္ အရသာေကာင္းမြန္ပါတယ္။ ခ်က္ျပဳတ္နည္း (recipe) ဟာ ခ်င္မင္းဆက္ (၁၆၄၄-၁၉၁၂) ကတည္းက ေပၚေပါက္ခဲ့တာျဖစ္ၿပီး ပ်ားရည္နဲ႔ တျခားဟင္းခတ္ အေမႊးအႀကိဳင္ေတြကိုသံုးၿပီး ျပဳလုပ္ဖန္တီးထားတာျဖစ္ပါတယ္။ ဘဲကင္ရာမွာေတာ့ ေဘးမွာ ထင္း႐ွဴးကိုင္းေလးေတြနဲ႔အတူ ေျမသားမီးဖိုထဲမွာ ထည့္ကင္ထားတဲ့အတြက္ တမူထူးတဲ့ အနံ႔၊ အရသာကို ေပးစြမ္းႏိုင္ပါတယ္။

ယေန႔ေခတ္မွာေတာ့ ယူနန္ဘဲျခံေပါင္း (၁၀၀၀) ခန္႔႐ွိၿပီး စားေသာက္ဆိုင္ ေတာ္ေတာ္မ်ားမ်ားကလည္း ႐ိုးရာဓေလ့ကို ဆက္လက္ထိန္းသိမ္းၾကပါတယ္။ အဲဒီထဲမွာ နာမည္အႀကီးဆံုးကေတာ့ Xuecheng စားေတာ္ဆက္ျဖစ္ပါတယ္။ ၾကက္သြန္ၿမိတ္နဲ႔ မက္မြန္သီးအႏွစ္ကို ေရာၿပီးျပဳလုပ္ထားတဲ့ ေဆာ့စ္ေလးနဲ႔ တို႔စားလိုက္ရင္ ယူနန္ဘဲကင္ရဲ႕ ႏူးညံ့တဲ့အသားနဲ႔ ထင္း႐ွဴးနံ႔ေလး ေမႊးေနတဲ့ အနံ႔၊ အရသာတို႔ကို အေကာင္းဆံုးေပၚလြင္ေစမွာပါ။

၂။ ဂ်ပန္ katsu ၾကက္သားဟင္း

 

ဂ်ပန္စတိုင္လ္ katsu ၾကက္သားဟင္းစစ္စစ္ကို စားခ်င္တယ္ဆိုရင္ေတာ့ တိုက်ိဳၿမိဳ႕က Ginza ရပ္ကြက္မွာသာ သြား႐ွာလိုက္ပါ။ အဲဒီရပ္ကြက္မွာ လူသိပ္မသိေသးတဲ့ အရသာထူးျခားတဲ့ ဂ်ပန္အစားအစာ စတင္ေမြးဖြားခဲ့ရာ ေနရာလည္းျဖစ္ပါတယ္။ ဂ်ပန္ katsu ၾကက္သားဟင္းေလး စတင္ျဖစ္ေပၚလာခဲ့တဲ့ ပံုျပင္ေလးလည္း ႐ွိပါတယ္။

၁၉၄၈ ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ႀကီးေဘ့စ္ေဘာ ကစားသမား တစ္ဦးျဖစ္တဲ့ Shigeru Chiba ဟာ စားေသာက္ဆိုင္ တစ္ဆိုင္ကိုသြားၿပီး ထမင္းျဖဴေပၚမွာ ၾကက္ေၾကာ္ကိုု ျပန္ခ်က္ထားတဲ့ဟင္း ပံုေပးဖို႔ မွာၾကားခဲ့ပါတယ္။ သူ႔ရဲ႕ စမ္းသပ္တီထြင္မႈ ေနာက္ကို လိုက္ၿပီး အျခားစားသံုးသူေတြကလည္း သူ႔လိုမ်ိဳး ခ်က္ေပးဖို႔ လိုက္မွာခဲ့ၾကရာမွ ဂ်ပန္ katsu ၾကက္သားဟင္းေလး စတင္ေပၚေပါက္လာခဲ့တာပါ။

၃။ စပိန္ဒံေပါက္ထမင္း

 

စပိန္အစားအစာနဲ႔ ပတ္သက္လာရင္ေတာ့ ဘာစီလိုနာၿမိဳ႕က နာမည္ေက်ာ္ La Boqueria ေစ်းနဲ႔ Tapas ဘာားေတြဟာ ကမၻာ တဝွမ္းလံုးက အစားအစာခ်စ္သူေတြအတြက္ေတာ့ အသည္းစြဲပါပဲ။ ဒါေပမယ့္ လူသူသိပ္မသိေသးတဲ့ စပိန္အစားအေသာက္ တစ္မ်ိဳးဟာ ဗလင္စီယာၿမိဳ႕မွာ ႐ွိေနပါေသးတယ္။ အဲဒါကေတာ့ စပိန္ဒံေပါက္ထမင္းစတိုင္လ္ တစ္မ်ိဳးျဖစ္တဲ့ paella ပါပဲ။ Paella ကို စပိန္လူမ်ိဳးေတြက အသားနဲ႔ ေရာစားၾကသလို ပင္လယ္စာနဲ႔လည္း ေရာစားၾကပါတယ္။

Paella နဲ႔ ပတ္သက္ရင္ေတာ့ ၁၉၂၈ ခုႏွစ္တည္းက ဖြင့္လွစ္ခဲ့တဲ့ La Parada de las Especias ဆိုတဲ့ မိသားစုဆိုင္ေလးက အေကာင္းဆံုးပါပဲ။ အဲဒီဆိုင္က ကံုကုမံနဲ႔ အေရာင္တင္မႈန္႔က paella ရဲ႔ အေရာင္နဲ႔ အနံ႔အရသာကို တမူထူးျခားေစပါတယ္။

၄။ ထိုင္းႏိုင္ငံရဲ႕ ဟင္းခတ္အေမႊးအႀကိဳင္ၿမိဳ႔ေတာ္

 

ထိုင္းႏိုင္ငံေတာင္ပိုင္းက ျပည္နယ္တစ္ခုျဖစ္တဲ့ Nakhon Si Thammarat ဟာေတာင္ ထိုင္းႏိုင္ငံရဲ႔ တရားမဝင္ ဟင္းခတ္အေမႊးအႀကိဳင္ ၿမိဳ႔ေတာ္အျဖစ္ ထင္႐ွားပါတယ္။ အပူပိုင္းေဒသရဲ႕ေနေရာင္၊ စိမ္းစိုလွပတဲ့ ပန္းဥယ်ာဥ္ေတြ၊ သာယာလွပတဲ့ ကမ္္းေျခေတြက ကမၻာလွည့္ခရီးသည္ေတြကို ဆြဲေဆာင္သလို ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ဟင္းခတ္အေမႊးအႀကိဳင္ မ်ိဳးစံုကို အဓိကထုတ္လုပ္သူဆိုတဲ့ အခ်က္ကလည္း ျပည္တြင္း၊ ျပည္ပခရီးသြားေတြကို စိတ္လႈပ္႐ွားေစပါတယ္။

အားလံုးသိတဲ့အတိုင္းပဲ။ ထိုင္း႐ိုးရာအစားအစာေတြမွာ ဟင္းခတ္အေမႊးအႀကိဳင္ေတြက အေရးပါတယ္ေလ။ ဒါေၾကာင့္ ဒီၿမိဳ႕ေလးကို ေရာက္ဖူးမယ္ဆိုရင္ စားေနက် ထိုင္းအစားအေသာက္ေတြေတာင္ တမူထူးကဲၿပီး အရသာနဲ႔ျပည့္စံုေနမွာ အမွန္ပါပဲ။

၅။ မေလး႐ွားမွာ rendang စားတဲ့ပြဲေတာ္

မေလး႐ွားဟင္းလ်ာေတြမွာ ေမႊးႀကိဳင္ၿပီး လွ်ာေပၚက အရသာခံဖုေလးေတြကို လွ်ာရည္စိမ့္ေစႏိုင္တဲ့ အစြမ္းသတၱိ႐ွိပါတယ္။ အဲဒီထဲမွာ အမဲသားဟင္းလ်ာတစ္မ်ိဳးျဖစ္တဲ့ rendang ဟာ မေလး႐ွားႏိုင္ငံမွာ အေကာင္းဆံုးဟင္းလ်ာတစ္မ်ိဳး ျဖစ္သလို မၾကာေသးမီက CNN Travel ရဲ႕ ကမၻာ့အေကာင္းဆံုး အစားအစာစာရင္းမွာ နံပါတ္တစ္ခ်ိတ္ထားတာ ျဖစ္ပါတယ္။ အစပ္၊ အခ်ိဳ၊ အခ်ဥ္ အရသာတို႔ကို အခ်ိဳးက် ေပါင္းစပ္ထားသလို ေမႊးႀကိဳင္ၿပီး အရသာေလးတဲ့ ဟင္းလ်ာေလးက မေလး႐ွားႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြ ကူးလူးယွက္ႏြယ္ေနျခင္းကို ေဖာ္ျပေနပါတယ္။

အံ့ၾသဖို႔ေကာင္းတာ တစ္ခုက အေကာင္းဆံုး rendang ဟင္းလက္ရာကို ၿမိဳ႕ႀကီးျပႀကီးေတြေပၚက ဆိုင္ႀကီးေတြမွာ မေတြ႕ရဘဲ Perak ျပည္နယ္က Lush Kampungs ဆိုတဲ့ ႐ြာငယ္ေလးေတြမွာ ေတြ႕ရတာပါပဲ။ အဲဒီမေလး႐ွား အေနာက္ဘက္ေဒသေတြမွာေတာ့ rendang ခ်က္ျပဳတ္ျခင္းဟာ တစ္ရပ္ကြက္လံုး ပူးေပါင္းေဆာင္႐ြက္တဲ့ ဓေလ့တစ္ခုျဖစ္ၿပီး ဒယ္အိုးႀကီးေတြနဲ႔ ခ်က္ျပဳတ္ၾကပါတယ္။ က်က္သြားတဲ့အခါမွာလည္း တစ္ရပ္ကြက္လံုး ဝိုင္းဝန္းစားေသာက္ၾကတာပါ။ ေပ်ာ္စရာေကာင္းသလို ခ်စ္ဖို႔လည္းေကာင္းတဲ့ ယဥ္ေက်းမႈဓေလ့ေလးပါ။

Source: theculturtrip



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs