• Food & Recipe

    ကြက်ဥဆလတ်ထုပ် လုပ်စားကြမယ်

Thiha Htun
[Unicode Version]

ကြက်ဥဟာ အာဟာရအလွန် ကြွယ်ဝတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေများစွာ ပါဝင်တဲ့အပြင် ကြက်ဥထဲမှာပါဝင်တဲ့ ခိုလင်း (Choline) ဆိုတဲ့ အာဟာရဓာတ်က ဦးနှောက်ဆဲလ်နဲ့ တခြားအရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ လုပ်ဆောင်မှုအတွက် အလွန်အရေးပါပါတယ်။ နောက်ပြီး ကြက်ဥထဲမှာ ပါဝင်တဲ့ လူတိန်းနဲ့ ဇီဇန်သင်းဆိုတဲ့ antioxidant လေးတွေဟာ မျက်စိကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်လေးတွေပါပဲ။

Egg-And-Lettuce-Cups.jpg 

ဆလတ်ရွက်ကတော့ အားလုံးသိထားကြပြီးသား လတ်ဆတ်တဲ့ ကျန်းမာရေးဟင်းသီးဟင်းရွက် တစ်မျိုးပါ။ အကြော်စားရင် ဆလတ်ရွက်ပန်းကန်ပါ ချပေးတယ်ဆိုတာ ဆီကြော်မုန့်တွေစားရင် ကိုလက်စ်ထရော တက်မှာစိုးလို့ ဆလတ်ရွက်နဲ့ ပြန်ထိန်းတဲ့သဘောပါ။ တစ်နည်းအားဖြင့် ဆလတ်ရွက်ဟာ ကိုလက်စထရော မတက်အောင် ထိန်းထားနိုင်တဲ့ နေရာမှာ ထင်ရှားပါတယ်။

Fresh-Green-Lettuce-For-Dogs.jpg 

ဆလတ်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ကိုလက်စ်ထရောပါဝင်မှုနည်းခြင်း၊ ကင်ဆာကာကွယ်နိုင်ခြင်း၊ အာရုံကြောဒဏ် မဖြစ်အောင် ကာကွယ်ခြင်း၊ အိပ်ပျော်စားဝင်စေခြင်းနဲ့ antioxidant ကြွယ်ဝခြင်းတို့ပဲ ဖြစ်ပါတယ်။

ကြက်ဥစားရင် ကိုလက်စ်ထရောတက်တယ်ဆိုတဲ့ အမြင်တွေကို ဘေးဖယ်ထားလိုက်လို့ရပါပြီ။ ကြက်ဥဆလတ်ထုပ် ဟင်းပွဲလေးဟာ ကြက်ဥကြောင့်ဖြစ်တဲ့ ကိုုလက်စ်ထရောတွေကို ဆလတ်ရွက် စားပေးခြင်းနဲ့ ပြန်ထိန်းပေးမှာဖြစ်ပြီး ခရစ္စမတ်ကာလမှာ မိသားစုဝင်တွေအတွက် ပျော်ရွှင်ဖွယ်ဟင်းပွဲလေးတစ်ပွဲကို ဖန်တီးပေးနိုင်မှာပါ။ စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း အဆင်ပြေစေမယ့် ဟင်းပွဲလေးပဲပေါ့။

ပါဝင်ပစ္စည်းများ

baking-without-eggs.jpg 

ကြက်ဥဆလတ်ထုပ်ကို ဖန်တီးဖို့အတွက် ကြက်ဥ (၄) လုံး၊ မရိုးနိစ် လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း၊ ဟင်းမွှေးမဆလာ လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်း၊ ဆလတ်ရွက် (၁၂) ရွက်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

IMG_7262.JPG 

အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ ရေအေးနဲ့ ကြက်ဥကို အတူရောပြီးထည့်ပေးလိုက်ပါ။ ပြီးရင်တော့ (၄) မိနစ်ခန့်ကြာအောင် အပူပေးပြီး ကြက်ဥပြုတ်ပေးလိုက်ပါ။ ကြက်ဥပြုတ်ကျက်ရင်တော့ မီးဖိုပေါ်ကချပြီး ရေအေးထဲမှာ ခနလောက် ပြန်စိမ်ထားပေးလိုက်ပါ။ ခနကြာရင်တော့ ကြက်ဥကို အခွံခွာပြီး ပန်းကန်လုံး (အကြီး) တစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။ ကြက်ဥအားလုံးကို အခွံခွာပြီးပြီ ဆိုရင်တော့ ဇွန်းတစ်ချောင်းနဲ့ ကြက်ဥပြုတ်တွေကို ခြေပေးရပါမယ်။

ကြက်ဥအားလုံးကို သမအောင်ခြေပြီးပြီဆိုရင်တော့ ကြက်ဥထဲမှာ မရိုးနိစ်နဲ့ မဆလာမှုန့်ကို ရောထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ကြက်ဥပြုတ်၊ မရိုးနိစ်နဲ့ မဆလာမှုန့်တို့ကို သမအောင်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆလတ်ရွက်လေးတွေကို အောက်ကခံပြီး ဆလတ်ရွက်တစ်ရွက်ချင်းစီမှာ ကြက်ဥအနှစ်လေးတွေကို လိုက်ထည့်ပြီး ထုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ကြက်ဥဆလတ်ထုပ်လေးကို ရရှိပါပြီ။

Source: Stylecraze

[Zawgyi Version]

ၾကက္ဥဟာ အာဟာရအလြန္ ၾကြယ္ဝတဲ့ အစားအစာတစ္မ်ိဳး ျဖစ္ပါတယ္။ ၾကက္ဥမွာ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ေတြမ်ားစြာ ပါဝင္တဲ့အျပင္ ၾကက္ဥထဲမွာပါဝင္တဲ့ ခိုလင္း (Choline) ဆိုတဲ့ အာဟာရဓာတ္က ဦးေႏွာက္ဆဲလ္နဲ႔ တျခားအေရးႀကီး ကိုယ္အဂၤါ အစိတ္အပိုင္းေတြ လုပ္ေဆာင္မႈအတြက္ အလြန္အေရးပါပါတယ္။ ေနာက္ၿပီး ၾကက္ဥထဲမွာ ပါဝင္တဲ့ လူတိန္းနဲ႔ ဇီဇန္သင္းဆိုတဲ့ antioxidant ေလးေတြဟာ မ်က္စိက်န္းမာေရးကို အေထာက္အကူျပဳႏိုင္တဲ့ အာဟာရဓာတ္ေလးေတြပါပဲ။

 

ဆလတ္ရြက္ကေတာ့ အားလံုးသိထားၾကၿပီးသား လတ္ဆတ္တဲ့ က်န္းမာေရးဟင္းသီးဟင္း႐ြက္ တစ္မ်ိဳးပါ။ အေၾကာ္စားရင္ ဆလတ္ရြက္ပန္းကန္ပါ ခ်ေပးတယ္ဆိုတာ ဆီေၾကာ္မုန္႔ေတြစားရင္ ကိုလက္စ္ထေရာ တက္မွာစိုးလို႔ ဆလတ္ရြက္နဲ႔ ျပန္ထိန္းတဲ့သေဘာပါ။ တစ္နည္းအားျဖင့္ ဆလတ္႐ြက္ဟာ ကိုလက္စထေရာ မတက္ေအာင္ ထိန္းထားႏိုင္တဲ့ ေနရာမွာ ထင္႐ွားပါတယ္။

 

ဆလတ္ရြက္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ ကိုလက္စ္ထေရာပါဝင္မႈနည္းျခင္း၊ ကင္ဆာကာကြယ္ႏိုင္ျခင္း၊ အာ႐ံုေၾကာဒဏ္ မျဖစ္ေအာင္ ကာကြယ္ျခင္း၊ အိပ္ေပ်ာ္စားဝင္ေစျခင္းနဲ႔ antioxidant ၾကြယ္ဝျခင္းတို႔ပဲ ျဖစ္ပါတယ္။

ၾကက္ဥစားရင္ ကိုလက္စ္ထေရာတက္တယ္ဆိုတဲ့ အျမင္ေတြကို ေဘးဖယ္ထားလိုက္လို႔ရပါၿပီ။ ၾကက္ဥဆလတ္ထုပ္ ဟင္းပြဲေလးဟာ ၾကက္ဥေၾကာင့္ျဖစ္တဲ့ ကိုုလက္စ္ထေရာေတြကို ဆလတ္႐ြက္ စားေပးျခင္းနဲ႔ ျပန္ထိန္းေပးမွာျဖစ္ၿပီး ခရစၥမတ္ကာလမွာ မိသားစုဝင္ေတြအတြက္ ေပ်ာ္ရႊင္ဖြယ္ဟင္းပြဲေလးတစ္ပြဲကို ဖန္တီးေပးႏိုင္မွာပါ။ စားလို႔လည္းေကာင္း၊ က်န္းမာေရးအတြက္လည္း အဆင္ေျပေစမယ့္ ဟင္းပြဲေလးပဲေပါ့။

ပါဝင္ပစၥည္းမ်ား

 

ၾကက္ဥဆလတ္ထုပ္ကို ဖန္တီးဖို႔အတြက္ ၾကက္ဥ (၄) လံုး၊ မ႐ိုးနိစ္ လက္ဖက္ရည္ဇြန္းနဲ႔ (၁) ဇြန္း၊ ဟင္းေမႊးမဆလာ လက္ဖက္ရည္ဇြန္း (၁/၄) ဇြန္း၊ ဆလတ္ရြက္ (၁၂) ရြက္တို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

 

အရင္ဆံုး ဒယ္အိုးတစ္လံုးထဲမွာ ေရေအးနဲ႔ ၾကက္ဥကို အတူေရာၿပီးထည့္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ (၄) မိနစ္ခန္႔ၾကာေအာင္ အပူေပးၿပီး ၾကက္ဥျပဳတ္ေပးလိုက္ပါ။ ၾကက္ဥျပဳတ္က်က္ရင္ေတာ့ မီးဖိုေပၚကခ်ၿပီး ေရေအးထဲမွာ ခနေလာက္ ျပန္စိမ္ထားေပးလိုက္ပါ။ ခနၾကာရင္ေတာ့ ၾကက္ဥကို အခြံခြာၿပီး ပန္းကန္လံုး (အႀကီး) တစ္လံုးထဲမွာ ထည့္ထားေပးလိုက္ပါ။ ၾကက္ဥအားလံုးကို အခြြံခြာၿပီးၿပီ ဆိုရင္ေတာ့ ဇြန္းတစ္ေခ်ာင္းနဲ႔ ၾကက္ဥျပဳတ္ေတြကို ေျခေပးရပါမယ္။

ၾကက္ဥအားလံုးကို သမေအာင္ေျခၿပီးၿပီဆိုရင္ေတာ့ ၾကက္ဥထဲမွာ မ႐ိုးနိစ္နဲ႔ မဆလာမႈန္႔ကို ေရာထည့္ေပးရမွာ ျဖစ္ပါတယ္။ ၿပီးရင္ ၾကက္ဥျပဳတ္၊ မ႐ိုးနိစ္နဲ႔ မဆလာမႈန္႔တို႔ကို သမေအာင္နယ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ဆလတ္႐ြက္ေလးေတြကုိ ေအာက္ကခံၿပီး ဆလတ္ရြက္တစ္ရြက္ခ်င္းစီမွာ ၾကက္ဥအႏွစ္ေလးေတြကို လိုက္ထည့္ၿပီး ထုတ္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အရသာလည္း႐ွိ၊ က်န္းမာေရးနဲ႔လည္း ညီညြတ္တဲ့ ၾကက္ဥဆလတ္ထုပ္ေလးကို ရရွိပါၿပီ။

Source: Stylecraze



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs