ကြက်မောက်သီးဆိုတာ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့သီးနှံတစ်မျိုးဖြစ်ပြီး သိပ္ပံလိုဆို Nephelium lappaceum လို့ခေါ်ပါတယ်။

ကြက်မောက်သီးဆိုတာ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့သီးနှံတစ်မျိုးဖြစ်ပြီး သိပ္ပံလိုဆို Nephelium lappaceum လို့ခေါ်ပါတယ်။ အမွှေးထူးတဲ့အခွံကြောင့် ကြက်မောက်သီးလို့ အမည်တွင်တာပါ။ ကြက်မောက်သီးမှာ ဗိုက်တာမင်စီ၊ သံဓာတ်၊ သတ္ထုဓာတ်နဲ့ တခြားလိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကြက်မောက်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...



၁။ ဆီးချိုကုသရာမှာ ကူညီပေးနိုင်တယ်

1.-Can-Aid-In-Diabetes-Treatment.jpg 

တရုတ်သုတေသနတစ်ခုမှာတော့ ကြက်မောက်သီးအခွံထဲမှာ ဆီးချိုရောဂါကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်အရလည်း ဆီးချိုရောဂါရှိနေတဲ့ ကြွက်ကို ကြက်မောက်သီးအခွံက ထုတ်ယူထားတဲ့ phenolic အရည်နဲ့ ထိုးပေးခဲ့ပြီး သွေးတွင်းဂလူးကို့စ် ပမာဏကို လျင်မြန်စွာ ကျဆင်းစေတာကို တွေ့ရှိရပါတယ်။

၂။ ဝိတ်တက်ခြင်းကို တားဆီးပေးနိုင်ပါတယ်

ကြက်မောက်သီးစားခြင်းက ဝိတ်တက်ခြင်းကို ဘယ်လိုတားဆီးပေးနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး သီးခြားလေ့လာထားတဲ့ သုတေသနတော့ မရှိပါဘူး။ ဒါပေမယ့် ကြက်မောက်သီးလို သစ်သီးဝလံတွေဟာ ရေဓာတ်ကြွယ်ဝပြီး စွမ်းအင်သိပ်သည်းဆ နည်းပါးတဲ့အတွက် ဝိတ်တက်ခြင်းကို တားဆီးနိုင်တာအမှန်ပါပဲ။ နောက်ပြီးတော့ ကြက်မောက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဝိတ်ကျစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

၃။ ကိုယ်ဝန်သည်တွေကို ကူညီပေးနိုင်တယ်

landscape-1477384846-pregnant-woman-drawing.jpg 

ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ကြက်မောက်သီးက အများကြီးကူညီပေးနိုင်ပါတယ်။ ကြက်မောက်သီးရဲ့ ချိုမြိန်တဲ့အရသာက ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်တတ်တဲ့ မူးဝေခြင်းနဲ့ အော့အန်လိုခြင်းကို တားဆီးပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကြက်မောက်သီးဟာ သံဓာတ်နဲ့ သတ္ထုဓာတ်ကြွယ်ဝတဲ့ သီးနှံတစ်မျိုး ဖြစ်တဲ့အတွက် မောပန်းခြင်းနဲ့ မူးဝေခြက်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ နောက်ပြီး သွေးတွင်းဟီမိုဂလိုဘင် ပမာဏကို တိုးတက်စေနိုင်ပါတယ်။ နောက်ပြီး ဗိုက်တာမင်အီး ကြွယ်ဝမှုက ဝမ်းဗိုက်ယားယံခြင်းကို တားဆီးပေးနိုင်ပါတယ်။

၄။ နှလုံးကျန်းမာရေးကောင်းစေတယ်

12-Amazing-Health-Benefits-Of-Rambutan.jpg 

ကြက်မောက်သီးရဲ့ အမျှင်ဓာတ်ကြွယ်ဝမှုက နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာတွေကို လျော့နည်းစေနိုင်ပါတယ်။ နောက်ပြီး နှလုံးကို ဒဏ်ဖြစ်စေနိုင်တဲ့ ကိုလက်စ်ထရောတက်ခြင်းနဲ့ သွေးတိုးရောဂါကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်တော့ နှလုံးကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။

၅။ အရိုးတွေကို သန်မာစေတယ်

29.jpg 

ကြက်မောက်သီးမှာ ဖော့စ်ဖရက်စ် (မီးစုန်း) ဓာတ်လည်း ကြွယ်ဝပါသေးတယ်။ အဲဒီဖော့စ်ဖရတ်စ်ဓာတ်က အရိုးတည်ဆောက်မှုနဲ့ အရိုးသန်မာမှုတို့အတွက် အလွန်အရေးပါပါတယ်။ နောက်ပြီး ကြက်မောက်သီးထဲမှာပါဝင်တဲ့ ဗိုက်တာမင်စီက အရိုးကျန်းမာရေး ကိုလည်း အကျိုးပြုစေနိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က