ထိုင်ဝမ်ရဲ့ အကောင်းဆုံး street food (လမ်းဘေးစာ) တွေထဲက ထိပ်ဆုံးစာရင်းဝင် အစားအစာလေးတွေကို ဖော်ပြပေးထားတာပါ။

ထိုင်ဝမ်ကိုရောက်ရင် မဖြစ်မနေသွားသင့်တာကတော့ ညဈေးပါပဲ။ ထိုင်ဝမ်ရဲ့ ညယဉ်ကျေးမှု (night culture) ကို ကောင်းကောင်း ထောက်ပံ့ပေးနေတဲ့ အထဲမှာ ညဈေးလည်းပါဝင်ပြီး နိုင်ငံခြားသား တော်တော်များများကို မျက်စိကျစေတဲ့ နေရာလည်းဖြစ်ပါတယ်။ ထိုင်ဝမ်ညဈေးကို ရောက်ဖြစ်ရင် ဒီအစားအစာလေးတွေကို မြည်းစမ်းကြည့်ခဲ့ဖို့လည်း မမေ့နဲ့နော်။ ထိုင်ဝမ်ရဲ့ အကောင်းဆုံး street food (လမ်းဘေးစာ) တွေထဲက ထိပ်ဆုံးစာရင်းဝင် အစားအစာလေးတွေကို ဖော်ပြပေးထားတာပါ။

၁။ တို့ဟူးချဉ်

170302143134-tofu.jpg 

တချို့လူတွေ ဒူးရင်းသီးကို အသေအလဲကြိုက်ပေမယ့် တချို့ကတော့ အနံ့တောင် မခံနိုင်သလိုပါပဲ။ ထိုင်ဝမ်လမ်းဘေးစာ တစ်မျိုးဖြစ်တဲ့ တို့ဟူးချဉ်ကိုလည်း တချို့ကကြိုက်သလို တချို့က မကြိုက်ကြပါဘူး။ ဒါပေမယ့် မြည်းမကြည့်ရသေးဘဲနဲ့တော့ ကြိုက်မကြိုက် ဘယ်ပြောနိုင်မလဲနော်။ တို့ဟူးချဉ်ဆိုတာ တို့ဟူးကို အချဉ်ဖောက်ပြီးမှ ပြန်ကြော်ထားပြီး ဂေါ်ဖီသနပ်၊ မုန်လာဥနီ၊ ငရုပ်သီးဆော့စ်တို့နဲ့ တို့စားရတာပါ။ တရုတ်ပြည်မကြီး၊ ဟောင်ကောင်တို့မှာလည်း ရောင်းချပေမယ့် ထိုင်ဝမ်တို့ဟူးချဉ်ကတော့ အရသာပိုကောင်းတယ်လို့ နာမည်ကြီးပါတယ်။

၂။ ထိုင်ဝမ်ကောက်ညှင်းလိပ်

170327163416-rice-sausage (1).jpg 

ထိုင်ဝမ်ဝက်အူချောင်း လုပ်တဲ့ ပုံစံခွက်ထဲမှာ ဝက်သားမထည့်ဘဲ ကောက်ညှင်းကိုသိပ်ထည့်ပြီးမှ မီးကင်ထားတဲ့ ထိုင်ဝမ်ကောက်ညှင်းလိပ်လေးကလည်း နာမည်ကြီးပါတယ်။ (မြန်မာလိုဆို ကောက်ညှင်းကျည်တောက်နဲ့ နည်းနည်းဆင်ပါတယ်။) ထိုင်ဝမ်ကောက်ညှင်းလိပ်ကို ထိုင်ဝမ်လမ်းဘေးဆိုင် တော်တော်များများမှာ ရနိုင်ပါတယ်။

၃။ ပေါင်မုန့်အစာသွပ် (Coffin Bread)

14682766770_4ec2330d7f_z.jpg 

ထိုင်ဝမ်ညဈေးမှာ တွေ့နိုင်တဲ့ ထူးဆန်းထွေလာစားစရာတစ်မျိုးကတော့ ပေါင်မုန့်အစာသွပ် (Coffin Bread) ပါပဲ။ ပေါင်မုန့်ဖြူတစ်လုံး (ပုံပါအရွယ်အစားအတိုင်း) ကို ရွှေအိုရောင်ပေါင်သည်အထိ အရင်ကြော်လိုက်ပါတယ်။ ပြီးတော့မှ အလည်ကပေါင်မုန့်သားတွေကို ဖယ်ထုတ်ပြီး ပျစ်နေအောင်ကြိုထားတဲ့ ပင်လယ်စာဟင်းချိုတစ်မျိုးကို လောင်းထည့်ထားတာပါ။ ဆန်ဖရန်စစ်စကို ပေါင်မုန့်လှေကလေးနဲ့ ဆင်ပေမယ့် ထိုင်ဝမ်ဗားရှင်းကလည်း အာရှဟန်ပါပြီး ပိုစားလို့ကောင်းပါတယ်။

၄။ ပုစွန်ကြွပ်ကြွပ်ကြော်

Picture 831.jpg 

ကြွပ်နေအောင်ကြော်ထားတဲ့ ဆီကြော်တိုင်းရဲ့ လျှို့ဝှက်ချက်က အပြင်မှာကြွပ်ရွနေပြီး အတွင်းမှာ နူးညံ့တဲ့ခံစားမှုအရသာကို ပေးစွမ်းနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီထိုင်ဝမ်လမ်းဘေးစာလေးကတော့ အဲဒီဖော်ပြချက်ကို အပြည့်အဝလိုက်နာနိုင်ပါတယ်။ လတ်ဆတ်တဲ့ ပုစွန်ထုပ်တွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ စီမံသုတ်လိမ်းပြီး ကြွပ်နေအောင်ကြော်ထားတဲ့ ပုစွန်အကြွပ်ကြော်ဟာ အညိုရောင်သကြား၊ ဂျင်း၊ ဝါဆာဘီ (ယမ်းစိမ်း) တို့နဲ့ စီမံထားတဲ့ ဆော့စ်နဲ့ တို့စားရင် တစ်ထိုင်တည်းကို နှစ်ပွဲဆက်တိုက်လောက် စားမိမှာပါ။

၅။ ဝက်စတူးထမင်း

170327163747-stewed-pork-rice.jpg 

ဝက်ဝမ်းပျဉ်းသား (သို့) ပုခုံးသားကို ဝက်စတူးချက် ချက်ထားပြီး ထမင်းဖြူ ပူပူနွေးနွေးလေးပေါ်မှာ ဆမ်းစားရတဲ့ ဟင်းပွဲလေးပါ။ ညသိပ်စားတဲ့ ဆော့စ်က ဟင်းပွဲရဲ့အရသာကို ပိုမိုကောင်းမွန်စေတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ ထိုင်ဝမ်မြောက်ပိုင်းမှာတော့ ဝက်သားကိုနုတ်နုတ်စင်းပြီးမှ ချက်တတ်ပြီး တောင်ပိုင်းမှာတော့ ဝက်သားတုံးလေးတွေတုံးတစ်ပြီး ဝက်စတူးဟင်းချက်ပါတယ်။ ထိုင်ဝမ်ညဈေးမှာတော့ ဒီဝက်စတူးထမင်းလေးဟာ လူစားများတဲ့ menu လေးဖြစ်ပြီး တချို့ဆိုင်တွေဆို ဝက်စတူးထမင်းပွဲအပေါ်မှာ ကြက်သားမျှင်လေးတွေတောင် ထည့်ပေးပါသေးတယ်။

Source: CNN.Travel


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က