• Food & Recipe
    ခရမ်းချဉ်းသီးထောင်းလေးနဲ့ ထမင်းပူပူလေးကို နယ်စားကြမယ်
Thiha Htun
[Unicode Version]

အခုလို ရုံးပိတ်ရက်ရှည်မျိုးဆိုတာ ကိုယ်တွေလို အိပ်ပုတ်ကြီးသူတွေအတွက်တော့ အတိုးချအိပ်ရမယ့် နေ့မျိုးပါပဲ။ ညတုန်းကလည်း ရုံးမှာခိုးဒေါင်းထားတဲ့ ရုပ်ရှင်ကားတွေကို ဉာဉ့်နက်သန်းခေါင်ထိ ကြည့်ထားတော့ နေမြင့်မှ (နေဖင်ထိုးမှ) အိပ်ယာနိုးတယ်လေ။ ဈေးသွားဖို့ကလည်းမမီတော့၊ စူပါမားကက်သွားဖို့ကလည်း ပျင်း၊ ရေခဲသေတ္တာထဲမှာလည်း ဘာမှမကျန်တော့ ပေါင်မုန့်တို့၊ ခေါက်ဆွဲခြောက်တို့နဲ့ နှစ်ပါးသွားရတော့မလို ဖြစ်နေပါတယ်။

ဒါနဲ့ လိုလျှင်ကြံဆ နည်းလမ်းရဆိုတဲ့အတိုင်း ဟိုလှန်ဒီလှော်လုပ်လိုက်တော့ ငပိထောင်းတစ်ဘူး၊ ငရုပ်သီးစိမ်း လေးငါးတောင့်နဲ့ ခရမ်းချဉ်သီး လေးငါးလုံး ထွက်လာပါတယ်။ အဲဒီမှာ ငယ်ငယ်တုန်းက နယ်မှာနေတုန်းက အဘွားသင်ပေးခဲ့တဲ့ နည်းလေးကို သွားသတိရပါတယ်။

tomatoplant.jpg 

ငယ်ငယ်တုန်းက နယ်မှာနေတော့ မနက်အရုဏ်တက်ပြီဆိုတာနဲ့ လယ်ထဲဆင်းကြပါတယ်။ အိမ်ကအဘွားက စာရင်းငှား (နေ့စားလယ်စိုက်သမ) တွေအတွက် နေ့လည်စာကျွေးဖို့ တာဝန်ယူထားတော့ လုပ်ရတာလည်း လွယ်ကူ၊ စားလို့လည်း မြိန်အောင်ဆိုပြီး ခရမ်းချဉ်သီးထောင်းနဲ့ ပဲကြီးသုပ်ကို စီမံလေ့ရှိပါတယ်။ ခရမ်းချဉ်သီးထောင်းလေးကို ထမင်းပူပူလေးနဲ့ရောနယ်ပြီး လယ်ကန်သင်းဘောင်မှာ ပေါက်နေတဲ့ ဆူးရွက်ပုတ်လေး ရေနွေးဖျောထားတာနဲ့ မြှုပ်စားလိုက်ရလို့ကတော့ ဗိုက်ကားအောင် စားလို့ကောင်းပါတယ်။ ငယ်ငယ်က အဘွားနဲ့ကပ်နေဖူးတော့ တခြားဟာတွေ မတတ်ခဲ့ပေမယ့် ခရမ်းချဉ်သီးထောင်းနည်းလေးတော့ တတ်ခဲ့တယ်လေ။ ဒါနဲ့ ခရမ်းချဉ်သီးထောင်းပဲ လုပ်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါနဲ့ ဆန် နို့ဆီဘူးတစ်ဘူးစာလောက်ကို ထမင်းပေါင်းအိုးထဲထည့်ပြီး ထမင်းအရင်တည်ထားလိုက်ပါတယ်။ ထမင်းအိုးတည်ထားတုန်း ဒယ်ပိုင်းတစ်လုံးထဲမှာ ခရမ်းချဉ်သီး (၅) လုံးကို ထည့်ပြုတ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီးထောင်းရဲ့ နည်းလမ်းအစစ်အမှန်ကတော့ ခရမ်းချဉ်သီးကို ပြုတ်တာထက် ထင်းမီးပုံမှာ မီးဖုတ်တာက အရသာပိုကောင်းပါတယ်။ ဒါပေမယ့် ရန်ကုန်မှာက မီးသွေးမီးဖိုတို့၊ ထင်းမီးဖိုတို့ မီးမွှေးဖို့ဆိုတာ ကရိကထလည်းများ၊ အလုပ်လည်းပိုလို့ လျှပ်စစ်မီးဖိုနဲ့ပဲ ခရမ်းချဉ်သီးကို ပြုတ်လိုက်ပါတော့တယ်။

Screenshot-2017-12-24 ခရမ်းချဉ်သီးထောင်း.png 

ခရမ်းချဉ်သီးပြုတ်နေတုန်း ငါးပိထောင်းဘူးထဲက ငါးပိထောင်းနည်းနည်းကို ကော်ယူပြီး Food processor ထဲမှာ ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူ (၁) လုံးကို အခွံခွာထည့်လိုက်သလို ငရုတ်သီးစိမ်း နည်းနည်းကိုလည်း အညှာချိုးပြီး ထည့်လိုက်ပါတယ်။ (ဒီနေရာမှာ food processor မရှိရင် ငရုပ်ဆုံထဲထည့်ထောင်းလည်း ရပါတယ်။)

ခရမ်းချဉ်သီးပြုတ်ထားတာ ကျက်ပြီဆိုရင် ခရမ်းချဉ်သီးပြုတ်ကိုပါဆယ်ပြီး food processor ထဲ ပစ်ထည့်လိုက်ပါတယ်။ ပါဝင်ပစ္စည်း အားလုံးကို ရောသမမွှေလိုက်တော့ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးထောင်းလေး တစ်ပွဲရသွားပါပြီ။ တို့စရာအနေနဲ့ ရုံးပတီသီးလေးပြုတ်တို့တာတို့၊ သခွားသီးလေး ပါးပါးလှီးပြီး တို့စားတာတို့ဆိုရင်လည်း လိုက်ဖက်ပါတယ်။

IMG_20171224_093843_HHT.jpg 

ကိုယ်ကတော့ တို့စရာမရှိလို့ ထမင်းကျက်တာနဲ့ ထမင်းပူပူလေး ခူးထည့်ပြီး ခရမ်းချဉ်းသီးထောင်းလေးနဲ့ပဲ စမ်းစားလိုက်ပါတယ်။ ခရမ်းချဉ်သီးထောင်းလည်းအကုန်၊ တစ်နေ့စာဆိုပြီး ချက်ထားတဲ့ နို့ဆီဘူးတစ်လုံးစာ ထမင်းအိုးလည်း အပြောင်ပါပဲ။

[Zawgyi Version]

အခုလို ႐ံုးပိတ္ရက္႐ွည္မ်ိဳးဆိုတာ ကိုယ္ေတြလို အိပ္ပုတ္ႀကီးသူေတြအတြက္ေတာ့ အတိုးခ်အိပ္ရမယ့္ ေန႔မ်ိဳးပါပဲ။ ညတုန္းကလည္း ႐ံုးမွာခိုးေဒါင္းထားတဲ့ ႐ုပ္႐ွင္ကားေတြကို ဉာဥ့္နက္သန္းေခါင္ထိ ၾကည့္ထားေတာ့ ေနျမင့္မွ (ေနဖင္ထိုးမွ) အိပ္ယာႏိုးတယ္ေလ။ ေစ်းသြားဖို႔ကလည္းမမီေတာ့၊ စူပါမားကက္သြားဖို႔ကလည္း ပ်င္း၊ ေရခဲေသတၱာထဲမွာလည္း ဘာမွမက်န္ေတာ့ ေပါင္မုန္႔တို႔၊ ေခါက္ဆြဲေျခာက္တို႔နဲ႔ ႏွစ္ပါးသြားရေတာ့မလို ျဖစ္ေနပါတယ္။

ဒါနဲ႔ လိုလွ်င္ၾကံဆ နည္းလမ္းရဆိုတဲ့အတိုင္း ဟိုလွန္ဒီေလွာ္လုပ္လိုက္ေတာ့ ငပိေထာင္းတစ္ဘူး၊ င႐ုပ္သီးစိမ္း ေလးငါးေတာင့္နဲ႔ ခရမ္းခ်ဥ္သီး ေလးငါးလံုး ထြက္လာပါတယ္။ အဲဒီမွာ ငယ္ငယ္တုန္းက နယ္မွာေနတုန္းက အဘြားသင္ေပးခဲ့တဲ့ နည္းေလးကို သြားသတိရပါတယ္။

ငယ္ငယ္တုန္းက နယ္မွာေနေတာ့ မနက္အရုဏ္တက္ၿပီဆိုတာနဲ႔ လယ္ထဲဆင္းၾကပါတယ္။ အိမ္ကအဘြားက စာရင္းငွား (ေန႔စားလယ္စိုက္သမ) ေတြအတြက္ ေန႔လည္စာေကြ်းဖို႔ တာဝန္ယူထားေတာ့ လုပ္ရတာလည္း လြယ္ကူ၊ စားလုိ႔လည္း ျမိန္ေအာင္ဆိုၿပီး ခရမ္းခ်ဥ္သီးေထာင္းနဲ႔ ပဲႀကီးသုပ္ကို စီမံေလ့႐ွိပါတယ္။ ခရမ္းခ်ဥ္သီးေထာင္းေလးကို ထမင္းပူပူေလးနဲ႔ေရာနယ္ၿပီး လယ္ကန္သင္းေဘာင္မွာ ေပါက္ေနတဲ့ ဆူး႐ြက္ပုတ္ေလး ေရေႏြးေဖ်ာထားတာနဲ႔ ျမွဳပ္စားလိုက္ရလို႔ကေတာ့ ဗိုက္ကားေအာင္ စားလို႔ေကာင္းပါတယ္။ ငယ္ငယ္က အဘြားနဲ႔ကပ္ေနဖူးေတာ့ တျခားဟာေတြ မတတ္ခဲ့ေပမယ့္ ခရမ္းခ်ဥ္သီးေထာင္းနည္းေလးေတာ့ တတ္ခဲ့တယ္ေလ။ ဒါနဲ႔ ခရမ္းခ်ဥ္သီးေထာင္းပဲ လုပ္စားဖို႔ ဆံုးျဖတ္လိုက္ပါတယ္။

ဒါနဲ႔ ဆန္ ႏို႔ဆီဘူးတစ္ဘူးစာေလာက္ကို ထမင္းေပါင္းအိုးထဲထည့္ၿပီး ထမင္းအရင္တည္ထားလိုက္ပါတယ္။ ထမင္းအိုးတည္ထားတုန္း ဒယ္ပိုင္းတစ္လံုးထဲမွာ ခရမ္းခ်ဥ္သီး (၅) လံုးကို ထည့္ျပဳတ္ထားလိုက္ပါတယ္။ ခရမ္းခ်ဥ္သီးေထာင္းရဲ႕ နည္းလမ္းအစစ္အမွန္ကေတာ့ ခရမ္းခ်ဥ္သီးကို ျပဳတ္တာထက္ ထင္းမီးပံုမွာ မီးဖုတ္တာက အရသာပိုေကာင္းပါတယ္။ ဒါေပမယ့္ ရန္ကုန္မွာက မီးေသြးမီးဖိုတို႔၊ ထင္းမီးဖိုတို႔ မီးေမႊးဖို႔ဆိုတာ ကရိကထလည္းမ်ား၊ အလုပ္လည္းပိုလို႔ လွ်ပ္စစ္မီးဖိုနဲ႔ပဲ ခရမ္းခ်ဥ္သီးကို ျပဳတ္လိုက္ပါေတာ့တယ္။

ခရမ္းခ်ဥ္သီးျပဳတ္ေနတုန္း ငါးပိေထာင္းဘူးထဲက ငါးပိေထာင္းနည္းနည္းကို ေကာ္ယူၿပီး Food processor ထဲမွာ ထည့္လိုက္ပါတယ္။ ၾကက္သြန္ျဖဴ (၁) လံုးကို အခြံခြာထည့္လိုက္သလို င႐ုတ္သီးစိမ္း နည္းနည္းကိုလည္း အညွာခ်ိဳးၿပီး ထည့္လိုက္ပါတယ္။ (ဒီေနရာမွာ food processor မ႐ွိရင္ ငရုပ္ဆံုထဲထည့္ေထာင္းလည္း ရပါတယ္။)

ခရမ္းခ်ဥ္သီးျပဳတ္ထားတာ က်က္ၿပီဆိုရင္ ခရမ္းခ်ဥ္သီးျပဳတ္ကိုပါဆယ္ၿပီး food processor ထဲ ပစ္ထည့္လိုက္ပါတယ္။ ပါဝင္ပစၥည္း အားလံုးကို ေရာသမေမႊလိုက္ေတာ့ လတ္လတ္ဆတ္ဆတ္ ခရမ္းခ်ဥ္သီးေထာင္းေလး တစ္ပြဲရသြားပါၿပီ။ တို႔စရာအေနနဲ႔ ႐ုံးပတီသီးေလးျပဳတ္တို႔တာတို႔၊ သခြားသီးေလး ပါးပါးလွီးၿပီး တို႔စားတာတို႔ဆိုရင္လည္း လိုက္ဖက္ပါတယ္။

ကိုယ္ကေတာ့ တို႔စရာမ႐ွိလို႔ ထမင္းက်က္တာနဲ႔ ထမင္းပူပူေလး ခူးထည့္ၿပီး ခရမ္းခ်ဥ္းသီးေထာင္းေလးနဲ႔ပဲ စမ္းစားလိုက္ပါတယ္။ ခရမ္းခ်ဥ္သီးေထာင္းလည္းအကုန္၊ တစ္ေန႔စာဆိုၿပီး ခ်က္ထားတဲ့ ႏို႔ဆီဘူးတစ္လံုးစာ ထမင္းအိုးလည္း အေျပာင္ပါပဲ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs