• Food & Recipe
    သခွားသီးကို တာရှည်ခံအောင် ဘယ်လိုထားကြမလဲ
Thiha Htun
[Unicode Version]

သခွားသီးဆိုတာ ကမ္ဘာပေါ်မှာ ရေဓာတ်အပြည့်ဝဆုံး အသီးတွေထဲမှာပါပြီး ပုံမှန်အားဖြင့်ဆို တာရှည်အထားခံတဲ့ အသီးတစ်မျိုးပါ။ ဒါပေမယ့် ဘယ်အချိန်စားလိုက်၊ စားလိုက် လတ်ဆတ်ကြွပ်ရွနေအောင် ထားလို့ရမယ်ဆိုရင် ဘယ်လိုထားရမလဲဆိုတာကို မသိချင်ကြဘူးလား။

သခွားသီးကို ဝယ်တော့မယ်ဆိုကတည်းက မှန်ကန်တဲ့အသီးကို သေချာရွေးဝယ်တတ်ဖို့လည်း လိုပါသေးတယ်။ သခွားသီးတစ်လုံးကို ကောက်ကိုင်လိုက်ပြီဆိုရင် အရင်းကနေ အဖျားထိ တင်းနေတဲ့ အသီးမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။ ဟိုနားဒီနားပျော့နေတဲ့ အသီးမျိုးဆို တာရှည်ခံမှာမဟုတ်ပါဘူးနော်။ အမြင်အားဖြင့် ရွေးမယ်ဆိုရင် အစိမ်းရောင်တောက်တောက် သခွားသီးကို ရွေးချယ်ပါ။ ပြီးတော့ အနာအဆာ၊ အစက်အပြောက်တွေလည်း ကင်းနိုင်သမျှ ကင်းပါစေ။

isacucumberafruit.jpg

သခွားသီးကောင်းကောင်းကို ရွေးချယ်ပြီးပြီဆိုရင်တော့ စားတန်သလောက်စားပြီးရင် သိုလှောင်သိမ်းဆည်းရေးကဏ္ဍကို ရောက်လာပါပြီ။ ကြောင်အိမ်လို၊ ထမင်းစားစားပွဲလို နေရာမျိုးမှာ သခွားသီးကိုထားရင် နေထိ၊ လေထိပြီး အမြန်ညှိုးသွား နိုင်တဲ့အတွက် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းတာအကောင်းဆုံးပါပဲ။ ဒီနေရာမှာ လှီးဖြတ်ပြီးသား တစ်ဝက်ကျန် သခွားသီးတွေထက် စင်းလုံးချော သခွားသီးတွေက ပိုပြီးတာရှည်ခံပါတယ်။

ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင်တောင် လေး၊ ငါးရက်လောက်ကြာရင် ခြောက်သွေ့လာနိုင်ပြီး မူလအရည်အသွေးဖြစ်တဲ့ မာတင်းနေတာလေးတွေ လျော့ကျလာနိုင်ပါတယ်။ မြန်မြန်စားပစ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားပေးရုံနဲ့ လုံလောက်ပါတယ်။

55098b290903b.image.jpg 

ဒါမှမဟုတ်ဘဲ ဒီထက်ပိုပြီး တာရှည်ခံချင်တယ်ဆိုရင်တော့ ဆီစိမ်စက္ကူစနဲ့ပတ်ပြီးမှ ပလတ်စတစ်အိတ်တစ်လုံးထဲံကိုထည့်ပေးလိုက်ပါ။ ပလတ်စတစ်အိတ်ထဲက လေတွေကိုလည်း တတ်နိုင်သမျှ နည်းအောင်လျှော့ပြီးှမှ ရေခဲသေတ္တာထဲထည့်ပြီး သိုလှောင်ပေးလိုက်ပါ။ ပိုမိုတာရှည်ခံပြီး အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားနိုင်တာကို တွေ့ရှိရပါလိမ့်မယ်။

သခွားသီးကို တာရှည်လည်းခံစေချင်တယ်။ အလုံးလိုက်ကြီးတော့ သိမ်းမထားချင်ဘူးဆိုသူများအတွက် နောက်တစ်နည်း ရှိပါသေးတယ်။ အဲဒါကတော့ သခွားသီးကို ရေစင်အောင်ဆေးပြီး အစိတ်လေးတွေဖြစ်အောင် ပါးပါးလှီးလိုက်ပါ။ ပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးထဲ တစ်မိနစ်၊ နှစ်မိနစ်ခန့် စိမ်ပေးလိုက်ပါ။

 POST.JPG

ပြီးရင် သခွားသီးဖတ်လေးတွေကို ပြန်ဆယ်ပြီး ရေခဲရေထည့်ထားတဲ့ ဇလုံတစ်လုံးထဲမှာ နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ပြီးရင်တော့ ခြောက်သွေ့အောင်ထားပြီး လင်ပန်းတစ်ချပ်ထဲမှာ အအေးခံထားလိုက်ပါ။ ပြီးမှ ပလတ်စတစ် အိတ်တစ်လုံးထဲမှာ ထည့်ပြီး သိမ်းထားလိုက်ပါ။ ပြန်ထုတ်စားတဲ့အချိန်ကျရင် အေးမြပြီး လတ်ဆတ်တဲ့အရသာကို ခံစားနိုင်မှာပါ။

Source: Organicfacts

[Zawgyi Version]

သခြားသီးဆိုတာ ကမၻာေပၚမွာ ေရဓာတ္အျပည့္ဝဆံုး အသီးေတြထဲမွာပါၿပီး ပံုမွန္အားျဖင့္ဆို တာ႐ွည္အထားခံတဲ့ အသီးတစ္မ်ိဳးပါ။ ဒါေပမယ့္ ဘယ္အခ်ိန္စားလိုက္၊ စားလိုက္ လတ္ဆတ္ၾကြပ္ရြေနေအာင္ ထားလို႔ရမယ္ဆိုရင္ ဘယ္လိုထားရမလဲဆိုတာကို မသိခ်င္ၾကဘူးလား။

သခြားသီးကို ဝယ္ေတာ့မယ္ဆိုကတည္းက မွန္ကန္တဲ့အသီးကို ေသခ်ာေရြးဝယ္တတ္ဖို႔လည္း လိုပါေသးတယ္။ သခြားသီးတစ္လံုးကို ေကာက္ကိုင္လိုက္ၿပီဆိုရင္ အရင္းကေန အဖ်ားထိ တင္းေနတဲ့ အသီးမ်ိဳးကိုပဲ ေ႐ြးခ်ယ္သင့္ပါတယ္။ ဟိုနားဒီနားေပ်ာ့ေနတဲ့ အသီးမ်ိဳးဆို တာ႐ွည္ခံမွာမဟုတ္ပါဘူးေနာ္။ အျမင္အားျဖင့္ ေ႐ြးမယ္ဆိုရင္ အစိမ္းေရာင္ေတာက္ေတာက္ သခြားသီးကို ေ႐ြးခ်ယ္ပါ။ ၿပီးေတာ့ အနာအဆာ၊ အစက္အေျပာက္ေတြလည္း ကင္းႏိုင္သမွ် ကင္းပါေစ။

သခြားသီးေကာင္းေကာင္းကို ေ႐ြးခ်ယ္ၿပီးၿပီဆိုရင္ေတာ့ စားတန္သေလာက္စားၿပီးရင္ သိုေလွာင္သိမ္းဆည္းေရးက႑ကို ေရာက္လာပါၿပီ။ ေၾကာင္အိမ္လို၊ ထမင္းစားစားပြဲလို ေနရာမ်ိဳးမွာ သခြားသီးကိုထားရင္ ေနထိ၊ ေလထိၿပီး အျမန္ညွိဳးသြား ႏိုင္တဲ့အတြက္ ေရခဲေသတၱာထဲမွာ သိမ္းဆည္းတာအေကာင္းဆံုးပါပဲ။ ဒီေနရာမွာ လွီးျဖတ္ၿပီးသား တစ္ဝက္က်န္ သခြားသီးေတြထက္ စင္းလံုးေခ်ာ သခြားသီးေတြက ပိုၿပီးတာ႐ွည္ခံပါတယ္။

ဒါေပမယ့္ ေရခဲေသတၱာထဲမွာ ထားမယ္ဆိုရင္ေတာင္ ေလး၊ ငါးရက္ေလာက္ၾကာရင္ ေျခာက္ေသြ႔လာႏိုင္ၿပီး မူလအရည္အေသြးျဖစ္တဲ့ မာတင္းေနတာေလးေတြ ေလ်ာ့က်လာႏိုင္ပါတယ္။ ျမန္ျမန္စားပစ္ဖို႔ ရည္႐ြယ္ထားတယ္ဆိုရင္ေတာ့ ေရခဲေသတၱာထဲ ထည့္ထားေပး႐ံုနဲ႔ လံုေလာက္ပါတယ္။

ဒါမွမဟုတ္ဘဲ ဒီထက္ပိုၿပီး တာ႐ွည္ခံခ်င္တယ္ဆိုရင္ေတာ့ ဆီစိမ္စကၠဴစနဲ႔ပတ္ၿပီးမွ ပလတ္စတစ္အိတ္တစ္လံုးထဲံကိုထည့္ေပးလိုက္ပါ။ ပလတ္စတစ္အိတ္ထဲက ေလေတြကိုလည္း တတ္ႏိုင္သမွ် နည္းေအာင္ေလွ်ာ့ၿပီးွမွ ေရခဲေသတၱာထဲထည့္ၿပီး သိုေလွာင္ေပးလိုက္ပါ။ ပိုမိုတာ႐ွည္ခံၿပီး အရည္အေသြးကို ဆက္လက္ထိန္းသိမ္းထားႏိုင္တာကို ေတြ႕ရွိရပါလိမ့္မယ္။

သခြားသီးကို တာ႐ွည္လည္းခံေစခ်င္တယ္။ အလံုးလိုက္ႀကီးေတာ့ သိမ္းမထားခ်င္ဘူးဆိုသူမ်ားအတြက္ ေနာက္တစ္နည္း ႐ွိပါေသးတယ္။ အဲဒါကေတာ့ သခြားသီးကို ေရစင္ေအာင္ေဆးၿပီး အစိတ္ေလးေတြျဖစ္ေအာင္ ပါးပါးလွီးလိုက္ပါ။ ၿပီးရင္ ၾကက္သီးေႏြး႐ံုေလာက္ ေရေႏြးထဲ တစ္မိနစ္၊ ႏွစ္မိနစ္ခန္႔ စိမ္ေပးလိုက္ပါ။

 POST.JPG

ၿပီးရင္ သခြားသီးဖတ္ေလးေတြကို ျပန္ဆယ္ၿပီး ေရခဲေရထည့္ထားတဲ့ ဇလံုတစ္လံုးထဲမွာ ေနာက္ထပ္ တစ္မိနစ္၊ ႏွစ္မိနစ္ခန္႔ စိမ္ထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ေျခာက္ေသြ႕ေအာင္ထားၿပီး လင္ပန္းတစ္ခ်ပ္ထဲမွာ အေအးခံထားလိုက္ပါ။ ၿပီးမွ ပလတ္စတစ္ အိတ္တစ္လံုးထဲမွာ ထည့္ၿပီး သိမ္းထားလိုက္ပါ။ ျပန္ထုတ္စားတဲ့အခ်ိန္က်ရင္ ေအးျမၿပီး လတ္ဆတ္တဲ့အရသာကို ခံစားႏိုင္မွာပါ။

Source: Organicfacts


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs