• Food & Recipe

    ဂျပန်ကြက်ဥလိပ် လုပ်စားကြမယ်

Thiha Htun
[Unicode Version]

ဂျပန်ရုပ်ရှင်ဇာတ်ကားတွေ၊ ကိုရီးယားဇာတ်ကားတွေ ကြည့်ရင် မိမိချစ်သူ၊ ခင်သူတွေအတွက် နေ့လည်စာအဖြစ် ကြက်ဥလိပ်လေးတွေ လုပ်လာတာကို တွေ့ဖူးကြတာပေါ့။ ဂျပန်ကြက်ဥလိပ်ဟာ အာဟာရဓာတ် ကြွယ်ဝပြီး စားလို့ကောင်းတဲ့ နေ့လည်စာလေးတစ်မျိုးဖြစ်ပြီး ထမင်းဖြူနဲ့တွဲဖက် စားသုံးနိုင်သလို ဒီတိုင်းလည်းစားလို့ရပါတယ်။ ဂျပန်ကြက်ဥလိပ်လေးကို အိမ်မှာကိုယ်တိုင် လုပ်စားချင်တယ်ဆိုရင်တော့ အောက်ကပြုလုပ်နည်းကိုကြည့်ပြီး လိုက်လုပ်ကြည့်လို့ရပါတယ်နော်။

ပါဝင်ပစ္စည်းများ

baking-without-eggs.jpg 

ဂျပန်ကြက်ဥလိပ် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ (၄) လုံး၊ ပဲငံပြာရည် (၁/၄) ဇွန်း၊ ဂျပန်ဆန်အရက် (၁) ဇွန်း၊ ဆား (၁/၄) ဇွန်း၊ နှမ်းဆီ (၁) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး အရွယ်တော် ပန်းကန်လုံးတစ်လုံးထဲမှာ ပဲငံပြာရည်၊ ဂျပန်ဆန်အရက် (mirin) ၊ ဆားတို့ကိုထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ပြီးရင် အဲဒီအရည်ထဲကို ကြက်ဥတွေဖောက်ထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ ခလောက်ပေးလိုက်ပါ။ ကြက်ဥနဲ့ တခြားပါဝင်ပစ္စည်းတွေ ကောင်းကောင်းသမသွားပြီဆိုတော့မှ ပန်းကန်လုံးကို ဘေးခနဖယ်ထားလိုက်ပါ။

မီးဖိုကို medium high အပူချိန်လောက်တင်ထားပြီး စတုဂံပုံသဏ္ဍာန် လေးထောင့်ဒယ်အိုးပြား (ဂျပန်ဆိုင်တွေမှာ တွေ့ရတတ်ပြီး ကြက်ဥကြော်ကြော်ရာမှာ အဓိကအသုံးပြုတဲ့ ဒယ်အိုးပြား) တစ်လုံးကို မီးဖိုပေါ်တင်ပြီး အပူပေးလိုက်ပါ။ ပြီးရင် နှမ်းဆီနည်းနည်းပါ ထည့်ပြီး ဆီပူပေးထားလိုက်ပါ။ ခုနက ကြက်ဥအနှစ်ကို ခြောက်ပုံပုံပြီး ပန်းကန်လုံးငယ်လေးတွေထဲမှာ ခွဲထားပေးလိုက်ပါ။

tamagoyaki_mainimage.jpg 

ပြီးမှ  တစ်ပုံကိုယူပြီး ဒယ်အိုးထဲကို လောင်းထည့်လိုက်ပါ။ ဒယ်အိုးအောက်ခြေမှာ ကြက်ဥအလွှာပါးပါးလေးပဲ ဖြစ်နေအောင်ကိုတော့ ဂရုစိုက်ရမှာပါနော်။ ကြက်ဥကြော်ကျက်ပြီဆိုရင် ကြက်ဥကြော်ကို သစ်လုံးပုံ (ဖက်ခေါင်းအုံးပုံ) အလိပ်လေးဖြစ်အောင်လိပ်ပြီး ဒယ်အိုးရဲ့တစ်ဖက်ခြမ်းမှာ ထားပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးရဲ့လွတ်နေတဲ့နေရာမှာ ကြက်ဥအနှစ် နောက်တစ်ပုံကို ထည့်ကြော်လိုက်ပါ။

အဲဒီကြက်ဥကြော် ကျက်ပြီဆိုရင် ခုနက ဒယ်အိုးထောင့်မှာကပ်ထားတဲ့ ကြက်ဥလိပ်ပေါ်မှာပဲ ဖြည်းဖြည်းချင်းလိပ်ပေးလိုက်ပါ။ ကြက်ဥအနှစ်တွေအားလုံး ကုန်သွားသည်အထိ အထက်ပါလုပ်ဆောင်ပုံအတိုင်း ဆက်ကြော်ပြီး လိပ်ပေးလိုက်ပါ။ (ဒီနေရာမှာ ကြက်ဥလိပ်တဲ့နေရာက ပညာသားပါတဲ့အတွက် မလုပ်တတ်ရင် ယှဉ်တွဲဖော်ပြထားတဲ့ ဗီဒီယိုကိုကြည့်ပြီး လုပ်နိုင်ပါတယ်။)

1.-Tamagoyaki-–-Rolled-Omelet.jpg

ကြက်ဥအနှစ်တွေ အားလုံးကုန်သွားပြီဆိုရင်တော့ ကြက်ဥလိပ်လေးက ရုပ်လုံးပေါ်နေလောက်ပါပြီ။ ကြက်ဥလိပ်လေးကို တစ်ကိုက်စာအရွယ် အတုံးလေးတွေဖြစ်အောင် အသားလှီး သစ်သားဘုတ်ပြားပေါ်မှာ တင်လှီးပေးလိုက်ပါ။ တကယ်လို့ ကြက်ဥလိပ်လေးကို သေချာအလှဆင်ချင်တယ်ဆိုရင် စတုရန်းပုံဖြစ်အောင် ထက်ခြမ်းထပ်ခြမ်းပြီး စတုရန်းပုံနှစ်ခုကို ဆက်လိုက်မယ်ဆိုရင် အသည်းနှလုံးပုံ ကြက်ဥလိပ်လေး ပုံပေါ်လာမှာပါ။ မိမိနှစ်သက်ရာ ဆော့စ်နဲ့ တွဲဖက်သုံးဆောင်နိုင်သလို ချစ်သူ၊ ခင်သူတွေကိုလည်း တည်းခံဧည့်ခံနိုင်ပါပြီ။

Source: Stylecraze

[Zawgyi Version]

ဂ်ပန္႐ုပ္႐ွင္ဇာတ္ကားေတြ၊ ကိုရီးယားဇာတ္ကားေတြ ၾကည့္ရင္ မိမိခ်စ္သူ၊ ခင္သူေတြအတြက္ ေန႔လည္စာအျဖစ္ ၾကက္ဥလိပ္ေလးေတြ လုပ္လာတာကို ေတြ႕ဖူးၾကတာေပါ့။ ဂ်ပန္ၾကက္ဥလိပ္ဟာ အာဟာရဓာတ္ ၾကြယ္ဝၿပီး စားလို႔ေကာင္းတဲ့ ေန႔လည္စာေလးတစ္မ်ိဳးျဖစ္ၿပီး ထမင္းျဖဴနဲ႔တြဲဖက္ စားသံုးႏိုင္သလို ဒီတိုင္းလည္းစားလို႔ရပါတယ္။ ဂ်ပန္ၾကက္ဥလိပ္ေလးကို အိမ္မွာကိုယ္တိုင္ လုပ္စားခ်င္တယ္ဆိုရင္ေတာ့ ေအာက္ကျပဳလုပ္နည္းကိုၾကည့္ၿပီး လုိက္လုပ္ၾကည့္လို႔ရပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

 

ဂ်ပန္ၾကက္ဥလိပ္ ျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့ ၾကက္ဥ (၄) လံုး၊ ပဲငံျပာရည္ (၁/၄) ဇြန္း၊ ဂ်ပန္ဆန္အရက္ (၁) ဇြန္း၊ ဆား (၁/၄) ဇြန္း၊ ႏွမ္းဆီ (၁) ဇြန္းတို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

 

အရင္ဆံုး အ႐ြယ္ေတာ္ ပန္းကန္လံုးတစ္လံုးထဲမွာ ပဲငံျပာရည္၊ ဂ်ပန္ဆန္အရက္ (mirin) ၊ ဆားတို႔ကိုထည့္ၿပီး သမေအာင္ ေရာေမႊေပးလိုက္ပါ။ ၿပီးရင္ အဲဒီအရည္ထဲကို ၾကက္ဥေတြေဖာက္ထည့္ၿပီး ဇြန္းတစ္ေခ်ာင္းနဲ႔ ခေလာက္ေပးလိုက္ပါ။ ၾကက္ဥနဲ႔ တျခားပါဝင္ပစၥည္းေတြ ေကာင္းေကာင္းသမသြားၿပီဆိုေတာ့မွ ပန္းကန္လံုးကို ေဘးခနဖယ္ထားလိုက္ပါ။

မီးဖိုကို medium high အပူခ်ိန္ေလာက္တင္ထားၿပီး စတုဂံပံုသ႑ာန္ ေလးေထာင့္ဒယ္အိုးျပား (ဂ်ပန္ဆိုင္ေတြမွာ ေတြ႕ရတတ္ၿပီး ၾကက္ဥေၾကာ္ေၾကာ္ရာမွာ အဓိကအသံုးျပဳတဲဲ့ ဒယ္အိုးျပား) တစ္လံုးကို မီးဖိုေပၚတင္ၿပီး အပူေပးလိုက္ပါ။ ၿပီးရင္ ႏွမ္းဆီနည္းနည္းပါ ထည့္ၿပီး ဆီပူေပးထားလိုက္ပါ။ ခုနက ၾကက္ဥအႏွစ္ကို ေျခာက္ပံုပံုၿပီး ပန္းကန္လံုးငယ္ေလးေတြထဲမွာ ခြဲထားေပးလိုက္ပါ။

 

ၿပီးမွ  တစ္ပံုကိုယူၿပီး ဒယ္အိုးထဲကို ေလာင္းထည့္လိုက္ပါ။ ဒယ္အိုးေအာက္ေျခမွာ ၾကက္ဥအလႊာပါးပါးေလးပဲ ျဖစ္ေနေအာင္ကိုေတာ့ ဂရုစိုက္ရမွာပါေနာ္။ ၾကက္ဥေၾကာ္က်က္ၿပီဆိုရင္ ၾကက္ဥေၾကာ္ကို သစ္လံုးပံု (ဖက္ေခါင္းအံုးပံု) အလိပ္ေလးျဖစ္ေအာင္လိပ္ၿပီး ဒယ္အိုးရဲ႕တစ္ဖက္ျခမ္းမွာ ထားေပးလိုက္ပါ။ ၿပီးရင္ ဒယ္အိုးရဲ႕လြတ္ေနတဲ့ေနရာမွာ ၾကက္ဥအႏွစ္ ေနာက္တစ္ပံုကို ထည့္ေၾကာ္လိုက္ပါ။

အဲဒီၾကက္ဥေၾကာ္ က်က္ၿပီဆိုရင္ ခုနက ဒယ္အိုးေထာင့္မွာကပ္ထားတဲ့ ၾကက္ဥလိပ္ေပၚမွာပဲ ျဖည္းျဖည္းခ်င္းလိပ္ေပးလိုက္ပါ။ ၾကက္ဥအႏွစ္ေတြအားလံုး ကုန္သြားသည္အထိ အထက္ပါလုပ္ေဆာင္ပံုအတိုင္း ဆက္ေၾကာ္ၿပီး လိပ္ေပးလိုက္ပါ။ (ဒီေနရာမွာ ၾကက္ဥလိပ္တဲ့ေနရာက ပညာသားပါတဲ့အတြက္ မလုပ္တတ္ရင္ ယွဥ္တြဲေဖာ္ျပထားတဲဲ့ ဗီဒီယိုကိုၾကည့္ၿပီး လုပ္ႏိုင္ပါတယ္။)

ၾကက္ဥအႏွစ္ေတြ အားလံုးကုန္သြားၿပီဆိုရင္ေတာ့ ၾကက္ဥလိပ္ေလးက ႐ုပ္လံုးေပၚေနေလာက္ပါၿပီ။ ၾကက္ဥလိပ္ေလးကို တစ္ကိုက္စာအ႐ြယ္ အတံုးေလးေတြျဖစ္ေအာင္ အသားလွီး သစ္သားဘုတ္ျပားေပၚမွာ တင္လွီးေပးလိုက္ပါ။ တကယ္လို႔ ၾကက္ဥလိပ္ေလးကို ေသခ်ာအလွဆင္ခ်င္တယ္ဆိုရင္ စတုရန္းပံုျဖစ္ေအာင္ ထက္ျခမ္းထပ္ျခမ္းၿပီး စတုရန္းပံုႏွစ္ခုကို ဆက္လိုက္မယ္ဆိုရင္ အသည္းႏွလံုးပံု ၾကက္ဥလိပ္ေလး ပံုေပၚလာမွာပါ။ မိမိႏွစ္သက္ရာ ေဆာ့စ္နဲ႔ တြဲဖက္သံုးေဆာင္ႏိုင္သလို ခ်စ္သူ၊ ခင္သူေတြကိုလည္း တည္းခံဧည့္ခံႏိုင္ပါၿပီ။

Source: Stylecraze



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs