တောင်တန်းတွေကြားမှာ ပုန်းကွယ်နေတဲ့ နိုင်ငံဆိုတော့ တိဘက်ယဉ်ကျေးမှုနဲ့ တိဘက်အစားအစာတွေအကြောင်းကို ကမ္ဘာက သိပ်မသိပါဘူး။

ငယ်ငယ်က တရုတ်သိုင်းဝတ္ထုတွေဖတ်ဖူးရင် တိဘက်တို့၊ မွန်ဂိုတို့ကို ရင်းနှီးကျွမ်းဝင်နေမှာပါ။ ဒီနေ့ခေတ်မှာဆိုရင်တော့ အနည်းဆုံး ဒလိုင်းလားမားဘုန်းတော်ကြီးနဲ့ အိန္ဒိယနဲ့ တရုတ်ပြည်ကြားမှာ နိုင်ငံရေးပဋိပက္ခ ဖြစ်နေတဲ့အကြောင်းတွေကိုတော့ ကြားဖူးကြမှာပေါ့။



 

တောင်တန်းတွေကြားမှာ ပုန်းကွယ်နေတဲ့ နိုင်ငံဆိုတော့ တိဘက်ယဉ်ကျေးမှုနဲ့ တိဘက်အစားအစာတွေအကြောင်းကို ကမ္ဘာက သိပ်မသိပါဘူး။ တကယ်တော့ တစ်သက်မှာ အနည်းဆုံးတစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ တိဘက်အစားအစာ ကောင်းလေးတွေရှိနေပါသေးတယ်။ အဲဒါတွေကတော့...

၁။ Thaipo (ဖက်ထုပ်)

1-76.jpg 

တိဘက်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ စားသုံးကြတဲ့ ရိုးရာအစားအစာလေးကတော့ တိဘက်ဖက်ထုပ် (Thaipo) ပဲဖြစ်ပါတယ်။ တိဘက်ဖက်ထုပ် (Thaipo) ကို Momo ဆိုတဲ့ ဖက်ထုပ်အသေးစား တစ်မျိုးရဲ့ အစ်ကိုကြီးလို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဖက်ထုပ်ထဲမှာ ထည့်သွင်းတဲ့ ဋ္ဌာပနာကတော့ အမျိုးမျိုးကွဲပြားနေနိုင်ပြီး တိဘက်စတိုင်လ် ချတ္တနီးဆော့စ်တစ်မျိုးနဲ့ တို့စားရတာပါ။ သေချာတာ တစ်ခုကတော့ Thaipo ကို စားဖူးပြီးရင် တခြားဖက်ထုပ်တွေကို အရသာတွေ့တော့မှာ မဟုတ်ပါဘူး။

၂။ ထောပတ်လက်ဖက်ရည်

2-78-660x371.jpg 

တောင်တန်းတွေကြားက ချမ်းအေးတဲ့ဒေသဖြစ်တဲ့အတွက် တိဘက်လူမျိုးတွေဟာ ထောပတ်လက်ဖက်ရည်ကိုတော့ ပုံမှန်သောက်သုံးြ ကပါတယ်။ တိဘက်လက်ဖက်ရည်မှာ po cha နဲ့ cha süma ဆိုတဲ့ နာမည်နှစ်မျိုးရှိပြီး နီပေါ၊ ဘူတန်၊ အိန္ဒိယနိုင်ငံတွေမှာပါ ထင်ရှားပါတယ်။

ဒီလက်ဖက်ရည် ပြုလုပ်ဖို့အတွက် လက်ဖက်ခြောက်၊ ထောပတ်နဲ့ ဆားတို့ကိုရောပြီး လက်ဖက်ရည်ခရားအိုး တစ်လုံးထဲမှာ ထည့်တည်ရမှာပါ။ ပူပူနွေးနွေးလေး သောက်ရပြီး မွန်ဂိုတွေ မြင်းနို့အရက်ကို အမြဲဆောင်ထားသလို တိဘက်တွေကလည်း ထောပတ်လက်ဖက်ရည်ကို အမြဲဆောင်ထားတတ်ပါတယ်။

၃။ တိဘက်ဘီယာ

3-78-600x400.jpg 

တိဘက်တောင်တန်းတွေပေါ်မှာ နယ်ခံတွေကိုယ်တိုင် ချက်လုပ်ထားတဲ့ ဘီယာဟာ Heineken တွေ၊ Budweiser တွေ သာနေတယ်ဆို ယုံမှာလား။ မုယောစပါးနဲ့ တခြားနှံစားပြောင်းတွေ ရောနှောချက်ပြုတ်ထားပြီး သောက်လို့ကောင်းကောင်းနဲ့ စွတ်သောက်မိရင်တော့ ကိုယ့်သမိုင်းနဲ့ကိုယ်ပါပဲ။ ကချင်ခေါင်ရည်လိုပဲ ဝါးကျည်တောက်ထဲထည့်ပြီး ပိုက်လေးနဲ့ စုပ်သောက်ရတာပါ။

၄။ သွေးခဲချောင်း

4-79.jpg 

ပုံမှန်ဝက်အူချောင်းတွေလို အသားနဲ့ပြုလုပ်ထားတာ မဟုတ်ဘဲ တိဘက်နွားနဲ့ သိုးသွေးကိုရောနှောပြီး ပြုလုပ်ထားတဲ့ သွေးခဲချောင်း ကိုရော စားရဲကြလား။ သွေးခဲချောင်းမီးကင်က တိဘက်လူမျိုးတွေ ကြားထဲမှာတော့ နာမည်ကြီးတဲ့ အစားအစာတစ်မျိုးပါ။ ထူးထူးခြားခြား အရသာကိုမှ လျှာပေါ်တင်ချင်တယ်ဆိုရင်တော့ မဖြစ်မနေစားကြည့်သင့်တဲ့ အစားအစာလေးပါ။

၅။ အမဲသားခြောက်

5-77-660x396.jpg 

အမဲသားခြောက်ဆိုတာ ကမ္ဘာမှာပါထင်ရှားတဲ့ တိဘက်အစားအစာတစ်မျိုးဖြစ်ပါတယ်။ အမဲသားကို အဆီထုတ်ပြီးမှ အမျှောင်းလေးတွေဖြစ်အောင် လှီးဖြတ်ထုတ်ပြီး အခြောက်လှန်းထားတာ ဖြစ်ပါတယ်။ အခြောက်မလှန်းခင် အရောင်တင်မှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်တို့နဲ့လည်း သုတ်လိမ်းထားပါသေးတယ်။ အမဲသားခြောက်ကလည်း မြည်းစမ်းကြည့်သင့်တဲ့ တိဘက်အစားအစာ တစ်မျိုးအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။

၆။ ပဲခေါက်ဆွဲ

6-74-601x400.jpg 

တိဘက်ပဲခေါက်ဆွဲကတော့ လုပ်ရတာလွယ်ကူလျင်မြန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်မျိုးပါ။ ဘာလို့လဲဆိုတော့ ဒီအစားအစာထဲမှာ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ အသုံးပြုထားလို့ပါပဲ။ မတ်ပဲကို အဓိကထားသုံးထားပြီး တခြားဟင်းသီး ဟင်းရွက်တွေလည်း ပါဝင်ပါတယ်။ တိဘက်ပဲခေါက်ဆွဲကို စားသင့်တဲ့ နောက်ထပ်အကြောင်းပြချက် တစ်ခုကတော့ ဂလူတန် (gluten) လုံးဝကင်းစင်လို့ပါပဲ။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က