• Food & Recipe
    ငှက်ပျောရွက်ပေါ် တည်ခင်းစားသောက်တဲ့ အိန္ဒိယတောင်ပိုင်းဒေသမှ ဓလေ့
Pyae Phyo Thein
[Unicode Version]

အိန္ဒိယနိုင်ငံကတော့ သူတို့ရဲ့ အစားအသောက် စားသုံးမှုပုံစံနဲ့လည်း ကမ္ဘာပေါ်မှာ ထင်ရှားပါတယ်။ ပဲကို အဓိကထား စားသုံးပြီးတော့ အရောင်အဆင်းကအစ တခြားနိုင်ငံတွေရဲ့ ရိုးရာအစားအသောက်နဲ့သိသိသာသာကြီးကို ကွဲပြားခြားနားနေခဲ့တာမို့ စိတ်ဝင်စားမှုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ အာလူးပူရီ၊ တိုရှည်၊ ပလာတာ၊ စမူဆာ အစရှိတဲ့ စားသောက်ဖွယ်ရာတွေဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း နှစ်ခြိုက်စွာ စားသုံးနေကြပြီးတော့ တခြားစားသောက်စရာတွေလည်း အများကြီးစားသုံးနေကြတာ ဖြစ်ပါတယ်။ အစားအသောက်တွေ ကွဲပြားနေသလို စားသောက်မှုပုံစံလည်း ကွဲပြားနေတာကို တွေ့ရှိရမှာပါ။ အထူးသဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်းမှာဆိုရင် စားသောက်မှုပုံစံတစ်မျိုးက ထူးထူးခြားခြားကို ပေါ်လွင်နေခဲ့တာပါ။ စားသောက်ဖွယ်ရာတွေကို ငှက်ပျောရွက်ပေါ် တည်ခင်းပြီးတော့ စားသုံးတဲ့ ပုံစံတစ်မျိုးပါ။ ဒီလို စားသောက်တဲ့ ပုံစံဟာ သူတို့အတွက် အကျိုးကျေးဇူးအများကြီး ရရှိစေတယ်လို့လည်း ဆိုပါတယ်။ အဲဒီ အကျိုးကျေးဇူးတွေက ဘာလဲဆိုတာကို လေ့လာကြည့်ရအောင်လားဗျာ။

၁။ Anti-Oxidant ကြွယ်ဝစွာ ပါဝင်ခြင်း

kerala-sadhya-625_625x350_61440678988.jpg 

ငှက်ပျောရွက်မှာဆိုရင်တော့ polyphenol လို့ခေါ်တဲ့ Anti-Oxidant ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစိမ်းရောင်ရှိတဲ့ အရွက်တော်တော်များများမှာ ဒီဓာတ်ပေါင်းပါဝင်မှုရှိပြီးတော့ ရောဂါများစွာကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့်မို့လို့ ငှက်ပျောရွက်ပေါ်မှာ အစားအသောက်တွေကို တည်ခင်းပြီး စားသုံးခြင်းက ဘတ်တီးရီးယားတွေကို သေဆုံးစေနိုင်တယ်လို့ ယုံကြည်ပြီး ဒီလိုစားသုံးခြင်းဟာ အစားအသောက်တွေထဲမှာ ပါဝင်နေတဲ့ ဘတ်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တယ်လို့ သူတို့က ဆိုကြပါတယ်။

၂။ စီးပွားရေးအရ တွက်ချေကိုက်ခြင်း

onam-sadhya-650_650x400_71503909243.jpg 

ဈေးကြီးတဲ့ စားပွဲတွေ၊ စားပွဲခင်းတွေကို အသုံးပြုမယ့်အစား ငှက်ပျောရွက်ပေါ်တင်ပဲ ခင်းကျင်းတာက ပိုပြီးတော့ တွက်ချေကိုက်တယ်လို့ ဆိုပါတယ်။ နေ့စဉ်နဲ့အမျှ လိုအပ်နေမယ့် ငှက်ပျောရွက်ကို ငှက်ပျောပင်တွေကနေ အလွယ်တကူ ဖြတ်ခုတ်ပြီးတော့ ပြုလုပ်ရတာက လွယ်ကူမှုရှိသလို ဝင်ငွေကို ခြိုးခြံချွေတာရာ ရောက်တယ်လို့လည်း သူတို့က ယူဆကြပါတယ်။ ဒါ့အပြင် စားသောက်ပြီးတဲ့အခါမှာလည်း ရေနဲ့ဆေးကြောစရာမလိုပဲ ဒီတိုင်း လွှင့်ပစ်လိုက်ရုံပဲ ရှိတာကြောင့် ရေဖြုန်းတီးမှုလည်း နည်းပါးတယ်လို့ ဆိုပါတယ်။

၃။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးခြင်း

sadhya_500x300_61473764278.jpg 

ပလတ်စတစ်အန္တရာယ်ကြီးမားလာခြင်းကို တစ်ဖက်တစ်လမ်းမှ အကာအကွယ်ပေးနိုင်ပါသေးတယ်။ နှစ်ပေါင်းများစွာ ဆွေးမြည့်ပျက်စီးမှုမရှိတဲ့ ပလတ်စတစ်က သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်စေပြီးတော့ ငှက်ပျောရွက်မှာတော့ ဒီလိုမျိုး မရှိကြောင်း သူတို့က ရှင်းပြပါတယ်။ ဒါ့အပြင် ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်တွေကို အသုံးပြုစရာ မလိုတာကြောင့်လည်း ဒါတွေကြောင့် ဖြစ်ပွားလာနိုင်တဲ့ ရောဂါတွေကိုလည်း တားဆီးပြီးဖြစ်ကြောင်း သူတို့ကတော့ ယူဆကြတာပါ။ ရေနဲ့ဆေးကြောသန့်စင်စရာ မလိုတော့တဲ့အတွက်ကြောင့် မြေကြီးပေါ်မှာ ညစ်ပတ်နေတဲ့ ရေစီးကြောင်းကို မတွေ့ရတာ စိတ်ချမ်းမြေ့စရာပါလို့လဲ အိန္ဒိယတောင်ပိုင်းသားတွေက ပြောခဲ့ပါတယ်။

၄။ သန့်ရှင်းခြင်း၊ ရောဂါပိုးမွှားများကို ကာကွယ်ပေးခြင်း

sadhya-620x350_620x350_81492062606.jpg 

အခြားအသုံးအဆောင်ပစ္စည်းတွေနဲ့ စားသောက်တာထက်စာရင် ငှက်ပျောရွက်နဲ့ စားသောက်တာက ပိုပြီးတော့ သန့်ရှင်းစင်ကြယ်မှု ရှိပါတယ်။ ပုံမှန် အသုံးအဆောင်တွေကို သုံးစွဲရခြင်းက ဆပ်ပြာနဲ့ပြန်လည် ဆေးကြောရပြီးတော့ ရေနဲ့ဆေးကြောမှု အားနည်းခဲ့ရင် ဆပ်ပြာမှာပါဝင်တဲ့ ဓာတ်တွေကျန်ရစ်ပြီး ဒုက္ခပေးနိုင်တာမို့ ငှက်ပျောရွက်ကို အသုံးပြုကြတာဖြစ်ပါတယ်။ ငှက်ပျောရွက်ရဲ့ အပေါ်ယံမှာ ဖယောင်းကဲ့သို့သော အရာတစ်မျိုး ပါဝင်ပြီးတော့ အဲဒီအရာက ညစ်ပတ်ခြင်း နဲ့ ဖုန်မှုန့်တွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။

Source: Food.ndtv

[Zawgyi Version]

အိႏၵိယႏိုင္ငံကေတာ့ သူတို႕ရဲ႕ အစားအေသာက္ စားသံုးမႈပံုစံနဲ႕လည္း ကမၻာေပၚမွာ ထင္ရွားပါတယ္။ ပဲကို အဓိကထား စားသံုးျပီးေတာ့ အေရာင္အဆင္းကအစ တျခားႏိုင္ငံေတြရဲ႕ ရိုးရာအစားအေသာက္နဲ႕သိသိသာသာၾကီးကို ကြဲျပားျခားနားေနခဲ့တာမို႕ စိတ္၀င္စားမႈလည္း ခံခဲ့ရတာျဖစ္ပါတယ္။ အာလူးပူရီ၊ တိုရွည္၊ ပလာတာ၊ စမူဆာ အစရွိတဲ့ စားေသာက္ဖြယ္ရာေတြဆိုရင္ ကၽြန္ေတာ္တို႕ႏိုင္ငံမွာလည္း ႏွစ္ျခိဳက္စြာ စားသံုးေနၾကျပီးေတာ့ တျခားစားေသာက္စရာေတြလည္း အမ်ားၾကီးစားသံုးေနၾကတာ ျဖစ္ပါတယ္။ အစားအေသာက္ေတြ ကြဲျပားေနသလို စားေသာက္မႈပံုစံလည္း ကြဲျပားေနတာကို ေတြ႕ရွိရမွာပါ။ အထူးသျဖင့္ အိႏၵိယႏိုင္ငံေတာင္ပိုင္းမွာဆိုရင္ စားေသာက္မႈပံုစံတစ္မိ်ဳးက ထူးထူးျခားျခားကို ေပၚလြင္ေနခဲ့တာပါ။ စားေသာက္ဖြယ္ရာေတြကို ငွက္ေပ်ာရြက္ေပၚ တည္ခင္းျပီးေတာ့ စားသံုးတဲ့ ပံုစံတစ္မ်ိဳးပါ။ ဒီလို စားေသာက္တဲ့ ပံုစံဟာ သူတို႕အတြက္ အက်ိဳးေက်းဇူးအမ်ားၾကီး ရရွိေစတယ္လို႕လည္း ဆိုပါတယ္။ အဲဒီ အက်ိဳးေက်းဇူးေတြက ဘာလဲဆုိတာကို ေလ့လာၾကည့္ရေအာင္လားဗ်ာ။

၁။ Anti-Oxidant ၾကြယ္၀စြာ ပါ၀င္ျခင္း

kerala-sadhya-625_625x350_61440678988.jpg 

ငွက္ေပ်ာရြက္မွာဆိုရင္ေတာ့ polyphenol လို႕ေခၚတဲ့ Anti-Oxidant ဓာတ္ ၾကြယ္၀စြာ ပါ၀င္ေနပါတယ္။ အစိမ္းေရာင္ရွိတဲ့ အရြက္ေတာ္ေတာ္မ်ားမ်ားမွာ ဒီဓာတ္ေပါင္းပါ၀င္မႈရွိျပီးေတာ့ ေရာဂါမ်ားစြာကို ကာကြယ္ေပးႏိုင္တဲ့ အစြမ္းရွိပါတယ္။ ဒါေၾကာင့္မို႕လို႕ ငွက္ေပ်ာရြက္ေပၚမွာ အစားအေသာက္ေတြကို တည္ခင္းျပီး စားသံုးျခင္းက ဘတ္တီးရီးယားေတြကို ေသဆံုးေစႏိုင္တယ္လို႕ ယံုၾကည္ျပီး ဒီလိုစားသံုးျခင္းဟာ အစားအေသာက္ေတြထဲမွာ ပါ၀င္ေနတဲ့ ဘတ္တီးရီးယားေတြကို ကာကြယ္ေပးႏိုင္တယ္လို႕ သူတို႕က ဆိုၾကပါတယ္။

၂။ စီးပြားေရးအရ တြက္ေခ်ကိုက္ျခင္း

onam-sadhya-650_650x400_71503909243.jpg 

ေစ်းၾကီးတဲ့ စားပြဲေတြ၊ စားပြဲခင္းေတြကို အသံုးျပဳမယ့္အစား ငွက္ေပ်ာရြက္ေပၚတင္ပဲ ခင္းက်င္းတာက ပိုျပီးေတာ့ တြက္ေခ်ကိုက္တယ္လို႕ ဆိုပါတယ္။ ေန႕စဥ္နဲ႕အမွ် လိုအပ္ေနမယ့္ ငွက္ေပ်ာရြက္ကို ငွက္ေပ်ာပင္ေတြကေန အလြယ္တကူ ျဖတ္ခုတ္ျပီးေတာ့ ျပဳလုပ္ရတာက လြယ္ကူမႈရွိသလို ၀င္ေငြကို ျခိဳးျခံေခၽြတာရာ ေရာက္တယ္လို႕လည္း သူတို႕က ယူဆၾကပါတယ္။ ဒါ့အျပင္ စားေသာက္ျပီးတဲ့အခါမွာလည္း ေရနဲ႕ေဆးေၾကာစရာမလိုပဲ ဒီတိုင္း လႊင့္ပစ္လိုက္ရံုပဲ ရွိတာေၾကာင့္ ေရျဖဳန္းတီးမႈလည္း နည္းပါးတယ္လို႕ ဆိုပါတယ္။

၃။ သဘာ၀ပတ္၀န္းက်င္ကို ကာကြယ္ေပးျခင္း

sadhya_500x300_61473764278.jpg 

ပလတ္စတစ္အႏၱရာယ္ၾကီးမားလာျခင္းကို တစ္ဖက္တစ္လမ္းမွ အကာအကြယ္ေပးႏိုင္ပါေသးတယ္။ ႏွစ္ေပါင္းမ်ားစြာ ေဆြးျမည့္ပ်က္စီးမႈမရွိတဲ့ ပလတ္စတစ္က သဘာ၀ပတ္၀န္းက်င္ကို အၾကီးအက်ယ္ထိခိုက္ေစျပီးေတာ့ ငွက္ေပ်ာရြက္မွာေတာ့ ဒီလိုမ်ိဳး မရွိေၾကာင္း သူတို႕က ရွင္းျပပါတယ္။ ဒါ့အျပင္ ဓာတုပစၥည္းေတြပါ၀င္တဲ့ ဆပ္ျပာနဲ႕ ဆပ္ျပာမႈန္႕ေတြကို အသံုးျပဳစရာ မလိုတာေၾကာင့္လည္း ဒါေတြေၾကာင့္ ျဖစ္ပြားလာႏိုင္တဲ့ ေရာဂါေတြကိုလည္း တားဆီးျပီးျဖစ္ေၾကာင္း သူတို႕ကေတာ့ ယူဆၾကတာပါ။ ေရနဲ႕ေဆးေၾကာသန္႕စင္စရာ မလိုေတာ့တဲ့အတြက္ေၾကာင့္ ေျမၾကီးေပၚမွာ ညစ္ပတ္ေနတဲ့ ေရစီးေၾကာင္းကို မေတြ႕ရတာ စိတ္ခ်မ္းေျမ့စရာပါလို႕လဲ အိႏၵိယေတာင္ပိုင္းသားေတြက ေျပာခဲ့ပါတယ္။

၄။ သန္႕ရွင္းျခင္း၊ ေရာဂါပိုးမႊားမ်ားကို ကာကြယ္ေပးျခင္း

sadhya-620x350_620x350_81492062606.jpg 

အျခားအသံုးအေဆာင္ပစၥည္းေတြနဲ႕ စားေသာက္တာထက္စာရင္ ငွက္ေပ်ာရြက္နဲ႕ စားေသာက္တာက ပိုျပီးေတာ့ သန္႕ရွင္းစင္ၾကယ္မႈ ရွိပါတယ္။ ပံုမွန္ အသံုးအေဆာင္ေတြကို သံုးစြဲရျခင္းက ဆပ္ျပာနဲ႕ျပန္လည္ ေဆးေၾကာရျပီးေတာ့ ေရနဲ႕ေဆးေၾကာမႈ အားနည္းခဲ့ရင္ ဆပ္ျပာမွာပါ၀င္တဲ့ ဓာတ္ေတြက်န္ရစ္ျပီး ဒုကၡေပးႏိုင္တာမို႕ ငွက္ေပ်ာရြက္ကို အသံုးျပဳၾကတာျဖစ္ပါတယ္။ ငွက္ေပ်ာရြက္ရဲ႕ အေပၚယံမွာ ဖေယာင္းကဲ့သုိ႕ေသာ အရာတစ္မ်ိဳး ပါ၀င္ျပီးေတာ့ အဲဒီအရာက ညစ္ပတ္ျခင္း နဲ႕ ဖုန္မႈန္႕ေတြကို အလြယ္တကူ ဖယ္ရွားေပးႏိုင္ဖို႕ အေထာက္အကူျပဳပါတယ္။

Source: Food.ndtv


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs