Gym ဆော့နေတဲ့သူတွေဆိုရင်လည်း Gym လည်းဆိုပါရက်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကယ်လိုရီလည်းနည်းတဲ့ အစားအစာတွေကို စားပါရက်နဲ့ ဝိတ်တက်မလာတာမျိုး၊ ဝိတ်ကျမလာတာမျိုး ဖြစ်တတ်ပါတယ်။

တစ်ခါတလေကျရင် ကျွန်တော်တို့တွေ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ နေထိုင်တာတောင်မှ အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝိတ်တက်ခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ Gym ဆော့နေတဲ့သူတွေဆိုရင်လည်း Gym လည်းဆိုပါရက်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကယ်လိုရီလည်းနည်းတဲ့ အစားအစာတွေကို စားပါရက်နဲ့ ဝိတ်တက်မလာတာမျိုး၊ ဝိတ်ကျမလာတာမျိုး ဖြစ်တတ်ပါတယ်။



ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းမှာ သွေးအုပ်စုအလိုက် စားသင့်တဲ့အစားအသောက်တွေရှိပြီး စားသောက်ပုံမမှန်ကန်ရင် ထိရောက်မှု မရှိတာမျိုး ဖြစ်တတ်ပါတယ်။ အာဟာရဗေဒ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Dr. Peter J.D' Adamo ကတော့ သွေးအမျိုးအစားအလိုက် စားသင့်တဲ့အစားအစာတွေကို ရွေးချယ်ပေးထားပါတယ်။

၁။ အိုသွေး

Which-Foods-To-Eat-Based-On-Your-Blood-Type.jpg 

အိုသွေးကတော့ ရှေးအကျဆုံးနဲ့ လူသားတော်တော်များများမှာ အတွေ့ရအများဆုံး သွေးအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ အိုသွေးပိုင်ရှင်တွေကတော့ အာရုံစူးစိုက်မှုအားကောင်းတယ်။ အမြဲလိုလို လန်းဆန်းတက်ကြွနေတတ်တယ်။ နောက်ပြီးတော့ ခေါင်းဆောင်မှုစွမ်းရည် ပြည့်ဝတယ်။ သူတို့တွေက ဝိတ်တက်ချင်ရင် ပဲမျိုးစုံ၊ အစေ့အဆန်၊ ပြောင်းဖူး၊ ဂျုံမှုန့်၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီနဲ့ ပဲပင်ပေါက်တို့ကို စားပေးသင့်ပါတယ်။ ဝိတ်ကျချင်တယ်ဆိုရင်တော့ လက်ဖက်စိမ်းရေနွေးကြမ်း၊ ပန်းပွင့်၊ ကိုက်လန်၊ အမဲသား၊ ရေညှိ၊ ရေမှော်၊ ပင်လယ်ငါးနဲ့ ရေငန်ငါးတို့ကို စားပေးသင့်ပါတယ်။

အိုသွေးပိုင်ရှင်တွေဟာ အသားစားကျူးသူတွေဖြစ်ပြီး စိတ်ဖိစီးမှုကို ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ဖြေလျှော့နိုင်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို အလွန်အကျွံ ထုတ်လုပ်တတ်သူတွေ ဖြစ်တဲ့အတွက် အက်ဆစ်ဓာတ်များတဲ့ အစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကလည်း အိုသွေးပိုင်ရှင်တွေနဲ့ တည့်ပါတယ်။

၂။ အေသွေး

Type-A.jpg 

စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတစ်ခုက ဆိုထားတာကတော့ အေသွေးပိုင်ရှင်တွေဟာ လူသားတွေ စိုက်ပျိုးရေး၊ မွေးမြူရေးတွေ လုပ်တတ်လာပြီးနောက်မှ ပေါ်ပေါက်လာပါသတဲ့။ အေသွေးပိုင်ရှင်တွေဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပြီး လူအများကြားမှာ သက်တောင့်သက်သာ သွားလာဆက်ဆံရဲကြပါတယ်။ အေသွေးပိုင်ရှင်တွေဟာ သွေးအေး၊ တည်ငြိမ်ပြီး အလုပ်ကြိုးစားတယ်လို့ လူသိများကြပါတယ်။

အေသွေးပိုင်ရှင် တော်တော်များများဟာ နွားနို့နဲ့ဓာတ်မတည့်တဲ့ရောဂါ ရှိတတ်ကြပါတယ်။ အေသွေးပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်က ကာဘိုဟိုက်ဒရိတ်တွေကိုလည်း လွယ်ကူစွာ ချေဖျက်နိုင်ကြပါတယ်။ ဒါကြောင့် အေသွေးပိုင်ရှင်တွေဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ နှံစားပြောင်းတွေ၊ အသီးအရွက်တွေကို စားပေးသင့်ပါတယ်။

အေသွေးပိုင်ရှင်တွေ ဝိတ်တင်ချင်ရင် အသား၊ နို့ထွက်ပစ္စည်းများ၊ ဂျုံနဲ့နှံစားပြောင်း၊ ပဲကြီး၊ ပဲလွန်းတို့ကို စားပေးသင့်ပြီး ဝိတ်ချချင်ရင်တော့ အသီးအရွက်မှာပါဝင်တဲ့ အဆီဓာတ်၊ အစာခြေခြင်းကို ကူညီလုပ်ဆောင်ပေးနိုင်တဲ့ ပဲပုပ်၊ အစာလမ်းကြောင်း တလျှောက် ရှင်းလင်းစေနိုင်တဲ့ နာနတ်သီးနဲ့ တခြားဟင်းသီးဟင်းရွက် စတာတွေကို စားပေးသင့်ပါတယ်။

၃။ ဘီသွေး

Type-B.jpg 

ဘီသွေးအုပ်စုကတော့ သာမန်အမျိုးအစားထဲမှာပါဝင်ပြီး နွား၊ ဆိတ်စတဲ့ တိရစ္ဆာန်တွေကို နို့ညှစ်ဖို့၊ အသားစားဖို့ စတင်မွေးမြူတဲ့ လူမျိုးစုမှာ စတင်တွေ့ရှိရတယ်လို့ အဆိုရှိကြပါတယ်။ ဘီသွေးအုပ်စုဝင်တွေက ရာသီဥတုအပြောင်းအလဲကို ကောင်းကောင်းခံနိုင် ကြပါတယ်။ ကျန်းမာနေစေဖို့အတွက် သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို မျှမျှတတ လုပ်ဆောင်ရလေ့ ရှိပါတယ်။

ဘီသွေးပိုင်ရှင်တွေ ဝိတ်တင်ချင်ရင်တော့ နှမ်းစေ့၊ ပဲနီလေး၊ ပြောင်းဖူး၊ မြေပဲ၊ ဂျုံတို့ကို စားရမှာဖြစ်ပြီးတော့ ဝိတ်ချချင်ရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေမဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေမဲ့ ဆိတ်သား၊ အမဲသား၊ သိုးသားတို့ကို စားပေးသင့်ပါတယ်။

၄။ အေဘီသွေး

Type-AB.jpg 

အေဘီသွေးကတော့ သွေးအုပ်စုအားလုံးထဲမှာ အရှားပါးဆုံး သွေးအုပ်စုဖြစ်ပါတယ်။ လေ့လာမှုတွေအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ (၅) ရာခိုင်နှုန်းလောက်မှာပဲ ဒီသွေးအမျိုးအစား ရှိပါသတဲ့။ အေဘီသွေး ပိုင်ရှင်တွေကတော့ ခန့်မှန်းရခက်ခဲတဲ့သူတွေဖြစ်ပါတယ်။ ခံစားချက်ကို မျက်နှာမှာ ထုတ်မပြတတ်ပေမဲ့ သဘာဝအလျောက် ယုံကြည်ရလောက်သူတွေလည်း ဖြစ်ပါတယ်။ အေဘီသွေးပိုင်ရှင် တွေကတော့ အစာအိမ်၊ အူလမ်းကြောင်း သိပ်မကောင်းကြပါဘူး။ ဒါပေမဲ့ အစာအိမ်ထဲက အက်ဆစ်ထုတ်လုပ်မှုကတော့ နည်းပါးပါတယ်။

အေဘီသွေးပိုင်ရှင်တွေ ဝိတ်တင်ချင်ရင်တော့ ဂျုံ၊ နှမ်းစေ့၊ ပြောင်းဖူး၊ ပဲထောပတ်၊ ပဲကြီးနဲ့ အမဲသားလို အနီရောင်အသားတွေကို စားပေးသင့်ပါတယ်။ ဝိတ်ချချင်ရင်တော့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေတဲ့ ရေညှိနဲ့ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ တို့ဟူးတွေ စတာတွေကို စားပေးသင့်ပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က