အစပ် ကြိုက်တဲ့သူတွေအတွက် စပ်ပေ့ဆိုတဲ့ အိန္ဒိယအစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုယ့်ကိုယ်ကို အစပ်ကြိုက်လှပါချည်ရဲ့ဆိုပြီး စပ်ပေ့ဆိုတဲ့ အစားအစာတွေကို လိုက်စားနေတဲ့သူတွေရှိလား။ ကိုရီးယားခေါက်ဆွဲ အစပ်ထုပ်ကို ဘယ်လောက်များများ စားနိုင်လဲဆိုတဲ့ challenge လေး အွန်လိုင်းပေါ်မှာ ခေတ်စားဖူးတော့ အစပ်ကြိုက်တဲ့သူတွေ အများကြီးရှိမယ်လို့ ယူဆရပါတယ်။ အဲဒီလိုအစပ် ကြိုက်တဲ့သူတွေအတွက် စပ်ပေ့ဆိုတဲ့ အိန္ဒိယ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



၁။ Phaal Curry

phaalcurry.jpg 

ဒီဟင်းလျာလေးက စပ်လွန်းတော့ ချက်ရတဲ့စားဖိုမှူးတွေတောင် ချက်ပြုတ်နေချိန်မှာ မျက်နှာဖုံးစွပ်ထားရပါတယ်လို့ အဆိုရှိပါတယ်။ ဒီဟင်းလျာရဲ့ အဓိကပါဝင်ပစ္စည်းကတော့ Bhut Jolokia ဆိုတဲ့ ကမ္ဘာ့အစပ်ဆုံး ငရုပ်သီးတစ်မျိုးဖြစ်ပြီး Deadpool တို့၊ Wolverine တို့လို healing ကောင်းတဲ့သူတွေပဲ စားရဲကြမှာပါလို့ ကြေညာထားပါတယ်။

Bhut Jolokia ငရုပ်သီးဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပေါက်ရောက်ပြီး Phaal Curry ကလည်း အိန္ဒိယနိုင်ငံရဲ့ အစပ်ဆုံးဟင်းလျာတွေထဲမှာ ပါဝင်ပါတယ်။

၂။ Pork Vindaloo

porkvindaloo.jpg 

ဝက်သားစားရတာ နှစ်သက်သူတွေဆိုရင် ဒီဟင်းလျာလေးကို မြည်းကြည့်သင့်ပါတယ်။ ဝက်သားသနပ်လို့ခေါ်တဲ့ ဒီဟင်းလျာလေးက နူးညံ့တဲ့ဝက်သားအရသာကို အစပ်အရသာလေး စွက်ထားပြီး စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်ထား တာပါ။ ဒါပေမယ့် စပ်လွန်းလို့ စားပြီးပြီးချင်း ရင်ခေါင်းထဲမှာ ပူလောင်ခြင်းကို ခံစားရနိုင်ပါတယ်တဲ့။ ဒါတင်မကသေးပါဘူး။ အစာလမ်းကြောင်းတလျှောက် ဆင်းသွားချိန်မှာ ပူစပ်ပူလောင် ခံစားရစေမှာပါ။

၃။ Kozhi Curry

kozhicurry.jpg 

စပ်တာကိုမှ သရဲမရဲကြိုက်ပါတယ်ဆိုရင်တော့ ဒီတစ်ခုကို လုံးဝလက်လွှတ်မခံသင့်ပါဘူး။ ကြက်သားကို ဟင်းခတ်အမွှေးအကြိုင်၊ ငရုပ်သီး စတာတွေနဲ့ ရောပြွမ်းချက်ပြုတ်ထားတဲ့ ဟင်းလျာလေးပါ။ ဒီဟင်းလျာလေးကို မိတ်ဆက်ပေးခဲ့သူတွေကတော့ Kerala ဒေသက ဆီးရီးယား ကက်တလစ်အဖွဲ့အစည်းက လူတွေဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ အစပ်ဆုံးဟင်းလျာတွေထဲက တစ်ခုဖြစ်တယ်လို့ ယူဆထားကြပါတယ်။

၄။ အမဲသားငရုပ်သီးချက်

chillibeef.jpg 

ဆောင်းရာသီညနေခင်း အချိန်တွေမှာ အအေးဓာတ်လျော့ပါးအောင် စားသုံးကြဖို့ တိုက်တွန်းကြတဲ့ အစားအစာတစ်မျိုးကတော့ အမဲသားငရုပ်သီးချက်ပါပဲ။ အမဲသားရဲ့နူးညံ့မှုကို အိန္ဒိယဟင်းခတ် အမွှေးအကြိုင်ပေါင်းစုံနဲ့ ပေါင်းစပ်ထားပြီး ပုံစံကြည့်လိုက်တာနဲ့ အရမ်းစပ်မယ့် အစားအစာဆိုတာ ထုတ်ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ ဒီအစားအစာက Malatyalee အစားအစာတစ်မျိုးဖြစ်ပြီး စားလိုက်တာနဲ့ ပါးစပ်ထဲမှာ အရည်ကြည်ဖုတွေတောင် ထွက်လာသလို ခံစားရမှာပါ။

၅။ Chicken 65

chicken65.jpg 

ဒီဟင်းပွဲရဲ့နာမည်လေးကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းက စစ်တပ်ကင်တင်းထဲမှာ ခေါ်ဝေါ်ကြတဲ့ ဟင်းပွဲ menu တစ်မျိုးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ကြက်သားကို အစပ်ချက်ထားပြီး သံပုရာသီးလေး ညှစ်စားရတဲ့ ဒီကြက်သားချက်လေးကို တပ်မတော်သားတွေ နှစ်သက်စွာစားသုံးကြရာမှ ပြည်သူတွေကြားမှာပါ နာမည်ကြီးလာတာပါ။ အစပ်ကြိုက်သူတွေ အတွက်တော့ မဖြစ်မနေ မြည်းကြည့်သင့်တဲ့ ဟင်းလျာလေးတစ်မျိုးပါ။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က