ချိုချိုချဉ်ချဉ်အရသာလေးနဲ့ မွှေးနေတဲ့ ပင်မှည့်သီးလေးကို ရေခဲစိမ်ပြီး ဇွန်းလေးနဲ့ ကော်စားလိုက်ကြရအောင်။

နွေရာသီရောက်ရင် ပင်မှည့်သီးကို ရေခဲပုံးထဲစိမ်၊ အေးပြီဆိုတော့မှ အသီးကိုခွဲပြီး အထဲကအေးမြပြီး ချိုချဉ်အရသာရှိတဲ့ ပင်မှည့်သီးနှစ်လေးတွေကို ဇွန်းလေးနဲ့ကော်စားတာတို့၊ ဖျော်ရည်ဖျော်သောက်တာတို့ လုပ်ဖူးပါသလား။ တကယ်တော့ ပင်မှည့်သီးဟာ သဘာဝက ပေးတဲ့လက်ဆောင်တစ်မျိုးပါပဲ။ အပူပိုင်းဒေသတွေနဲ့ တောင်အမေရိကတိုက်မှာ ပေါက်ရောက်ပြီး အသီးပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင်အဆင်း အမျိုးမျိုး ကွဲပြားပါတယ်။



 

ပင်မှည့်သီးဟာ အဆီနဲ့ ကိုလက်စ်ထရောပါဝင်မှု အလွန်နည်းပါးပြီး ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီ၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အထူးသဖြင့် ပင်မှည့်သီးဟာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ပေါက်ရောက်ရာနေရာဒေသအလိုက် ပင်မှည့်သီးအမျိုးမျိုးရှိပါတယ်။ အဲဒါတွေကတော့....

၁။ ခရမ်းရောင်ပင်မှည့်သီး

passion-fruit.jpg 

ခရမ်းရောင်ပင်မှည့်သီးကတော့ စက်ဝိုင်းပုံ (သို့) ဘဲဥပုံစံရှိပြီး ကမ္ဘာပေါ်မှာ အတွေ့ရအများဆုံး အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အလျား (၄) စင်တီမီတာကနေ (၉) စင်တီမီတာကြားမှာ ရှိပြီး လုံးပတ်ကတော့ (၄) စင်တီမီတာ ကနေ (၇) စင်တီမီတာကြားမှာ ရှိပါတယ်။ သူတို့မှာခွဲရလွယ်တဲ့ သစ်သီးခွံရှိပြီး အသီးအလေးချိန်ရဲ့ (၃၅) ရာခိုင်နှုန်းကနေ (၅၀) ရာခိုင်နှုန်းအထိ ပါဝင်တဲ့ အဝါရင့်ရောင် အသီးအနှစ်လည်း ပါရှိပါတယ်။

ခရမ်းရောင်ပင်မှည့်သီးကိုတော့ ဘရာဇီးနိုင်ငံတောင်ပိုင်း၊ အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းနဲ့ ပါရာဂွေးနိုင်ငံတွေမှာ အတွေ့ရများပြီး အဆိုပါနိုင်ငံတွေကို ခရမ်းရောင်ပင်မှည့်သီး မူလပေါက်ရောက်ရာ ဒေသတွေလို့ ဆိုကြပါတယ်။

၂။ အဝါရောင်ပင်မှည့်သီး

maracuya_0.jpg 

အဝါရောင်ပင်မှည့်သီးကတော့ ခရမ်းရောင်ပင်မှည့်သီးထက်စာရင် ခန္ဓာကိုယ်အတွက် ခွန်အားနဲ့စွမ်းအင် ပိုမိုပြည့်ဝစေပါတယ်။ အဝါရောင်ပင်မှည့်သီးတွေကတော့ စက်လုံးပုံရှိသလို ရှည်လမျောကြီးလည်း ဖြစ်နိုင်ပါတယ်။ အသီးအခွံကတော့ ချောမွေ့တဲ့ အဝါရောင်မျက်နှာပြင် ဖြစ်ပါတယ်။ ချောမွေ့တယ်ဆိုပေမဲ့လည်း အသီးအခွံဟာ မာကျောပါတယ်။

အဝါရောင်ပင်မှည့်သီးတွေဟာ အလျား (၆) စင်တီမီတာကနေ (၁၂) စင်တီမီတာခန့်ထိ ရှိနိုင်သလို လုံးပတ်ကတော့ (၄) စင်တီမီတာကနေ (၇) စင်တီမီတာခန့်ထိ ရှိပါတယ်။ အဝါရောင်ပင်မှည့်သီးတွေကတော့ ခရမ်းရောင်လောက် အနံ့မမွှေးသလို အက်ဆစ်ဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ (တစ်နည်းအားဖြင့် ပိုရှည်ပါတယ်။)

၃။ ချိုမြိန်တဲ့ပင်မှည့်သီး

passionfruit-sweet-granadilla-4930.jpg 

Sweet granadilla လို့လည်း လူသိများတဲ့ ချိုမြိန်တဲ့ပင်မှည့်သီးဟာ မက္ကစီကို၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာ ကျယ်ပြန့်စွာတွေ့ရပါတယ်။ ဒီအသီးတွေဟာ စက်ဝိုင်းပုံ (သို့) ဘဲဥပုံရှိပြီး အလျား (၅) စင်တီမီတာကနေ (၉) စင်တီမီတာ ခန့်ရှိသလို လုံးပတ် (၄) စင်တီမီတာကနေ (၇) စင်တီမီတာခန့်အထိ ရှိပါတယ်။ အသီးအခွံကတော့ ပါးလွှာပြီး ခွဲရလွယ်ပါတယ်။

အရောင်ကတော့ အညိုရောင်ဖျော့ဖျော့တို့၊ လိမ္မော်ရောင်တို့ ရှိတတ်ပြီး တစ်ခါတလေမှာတော့ ခရမ်းရောင်လည်း ရှိတတ်ပါတယ်။ သူ့ရဲ့အသီးအနှစ်ကတော့ မီးခိုးရောင်ဖျော့ဖျော့ဖြစ်ပြီး ရနံ့က မွှေးကြိုင်နေပါတယ်။ အရသာကတော့ ချိုမြပါတယ်။

၄။ ပင်မှည့်သီးအကြီး

passifloraquadrangularisfruit.jpg 

ဒီပင်မှည့်သီးမျိုးကတော့ အနောက်အင်ဒီးစ်ဒေသမှာ ပေါက်ရောက်ပြီး စိမ်းဝါရောင်သွင်ပြင်ရှိပါတယ်။ တစ်ခါတလေမှာ အသီးအရောင်က ပန်းရောင်သမ်းပါတယ်။ ဘဲဥပုံ (သို့) ရှည်မျောမျောပုံစံရှိပြီး အလျား (၂၀) စင်တီမီတာကနေ (၃၀) စင်တီမီတာခန့်အထိ ရှိပါတယ်။ ပင်မှည့်သီးအကြီးရဲ့ လုံးပတ်ကတော့ (၁၈) စင်တီမီတာခန့်ရှိပါတယ်။ ဒီအသီးရဲ့အနှစ်ကတော့ အဖြူရောင်ဖျော့ဖျော့ (သို့) လိမ္မော်ရည် ရှိတတ်ပါတယ်။ အရသာကတော့ ချိုချဉ်လေးပါ။

၅။ ငှက်ပျောပင်မှည့်သီး

Passionfruit-Banana-2569.jpeg 

ငှက်ပျောပင်မှည့်သီးရဲ့ ပုံပန်းသဏ္ဍာန်ကတော့ ရှည်မျောမျောဖြစ်ပြီး အလျား (၆) စင်တီမီတာကနေ (၂၀) စင်တီမီတာခန့် ရှိပါတယ်။ သူ့ရဲ့လုံးပတ်ကတော့ (၅) စင်တီမီတာခန့်ပဲ ရှိပါတယ်။ ချောမွေ့ပေမယ့် ပါးလွှာတဲ့ အဝါရောင် (သို့) အစိမ်းရောင် သစ်သီးခွံရှိပြီး အသီးအနှစ်ကတော့ ဆယ်လ်မွန်ငါးလို့ ပန်းရောင်ကနေ လိမ္မော်ရောင်ရင့်ရင့်ထိ အစားစားရှိပါတယ်။ အသီးအနှစ်က အသီးအလေးချိန်ရဲ့ (၆၀) ရာခိုင်နှုန်းကို အပိုင်သိမ်းထားပါတယ်။ အက်ဆစ်ဓာတ်ပါဝင်မှုနည်းပါးပြီး ရနံ့က အထူးမွှေးကြိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က