မိသားစုရိုးရာနည်းလို့ သိရတယ်။

ဗီယက်နမ်ကို အလည်အပတ်သွားတဲ့လူတွေလည်း များလာပြီဆိုတော့ ဗီယက်နမ်အစားအသောက်လေးတွေအကြောင်း ရေးလိုက်ပါဦးမယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကိုရောက်ရင် ကော်ဖီဆိုင်လေးတွေကို အတော်များများ တွေ့ရနိုင်ပါတယ်။ ဆိုင်အမျိုးအစားအလိုက်၊ ဈေးအနည်းအများအလိုက် ရှိနေတတ်တယ်။



 

"cà phê trúng," (ကြက်ဥကော်ဖီ)လို့ ပြောတဲ့ ကော်ဖီဆိုင်လေးတွေက ခပ်သေးသေး သာမာန်ကော်ဖီဆိုင်လေးမှာလည်း ရနိုင်ပါတယ်။ ခရင်မ်အရသာများများ၊ ကြက်ဥအကာကို အမြှုပ်ဖြစ်အောင်လုပ်ပြီး ကော်ဖီအပေါ်က ထပ်ထည့်ထားတယ်။ ကော်ဖီကိုတော့ အရသာပြင်းတဲ့ ဗီယက်နမ်ကော်ဖီကို အခြေခံကာ ဖျော်စပ်ပါတယ်။

 

ကြက်ဥကော်ဖီကို အပူအနေနဲ့ရော အအေးအနေနဲ့ပါ ရနိုင်ပါတယ်။ အရောင်ကတော့ ခပ်ဝါဝါလေးရယ်ပါ။ အအေးအနေနဲ့ဆိုရင် ဖန်ခွက်ငယ်လေးထဲကို ထည့်ထားပြီး ဇွန်းလေးတစ်ချောင်းတပ်ကာ တည်ခင်းပေးပါတယ်။ အရသာကတော့ ကော်ဖီအရသာနဲ့လုပ်ထားတဲ့ ရေခဲမုန့်နဲ့ တူတာကြောင့် ကော်ဖီအရသာထက် အချိုပွဲတစ်ခုကို စားနေရသလိုပါပဲ။

 

အပူပုံစံကတော့ ရေနွေးခွက်ထဲကို ကော်ဖီခွက်လေးနှစ်ပြီး ချပေးပါတယ်။ ကြက်ဥကော်ဖီလေး အေးမသွားအောင် ရေနွေးထဲထည့်ပေးတာပါ။ ပူနေတဲ့အခါ ကြက်ဥကော်ဖီအနံ့က ပိုပြင်းပါတယ်။ ကော်ဖီပေါ်က အဝါရောင် ထူပျစ်ပျစ်အလွှာက ချိုပါတယ်။ ဟနွိုင်းကိုရောက်ရင်တော့ ဒါလေးကလည်း မြည်းကိုမြည်းသင့်တယ်နော်။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က