အရင်ကဆို လတ်တေးကော်ဖီကို ပုံဆွဲတာလောက်ပဲ လုပ်ကြတာ။ ခုက ရွှေမှုန်တွေနဲ့

၂၀၁၈ နှစ်သစ်မှာ အသစ်အသစ်တွေ ထပ်ရောက်လာတာနဲ့အမျှ လတ်တေးကော်ဖီ (latte) အသစ်တစ်မျိုးလည်း ပေါ်ထွက်လာတယ်။ ထုံးစံအတိုင်း အင်စတာဂရမ်မှာ ခေတ်စားနေတာပေါ့။ ကမ္ဘာအနှံ့က အသစ်အဆန်း တစ်ခုခု ရေပန်းစားပြီဆို အင်စတာဂရမ်မှာပဲ အရင်ဆုံးမြင်ရလေ့ရှိတယ်လေ။



 

ပန်းနုရောင် ကော်ဖီခွက်လေးက တကယ်ကို ချစ်စရာကောင်းပါတယ်။ အအေးလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ အဲ့ဒီခွက်လေးဟာ လတ်တေးကော်ဖီဖြစ်ပါသတဲ့။ ၂၀၁၇ ခုနှစ်ထဲမှာ လတ်တေးနဲ့ ပတ်သက်လာရင် ကော်ဖီအလှဆင်ယင်တာတွေပဲ ခေတ်စားခဲ့တယ်။

 

ဒီကော်ဖီလေးကို အောက်တိုဘာလတည်းက San Diego မြို့က S3 Coffee Bar ဆိုင်ကနေ ဆန်းသစ်တီထွင်ခဲ့တယ်လို့ သိရတယ်။ ရေခဲနဲ့ အအေးပုံစံ ပြုလုပ်ထားပြီး ကဖင်းဓာတ်မပါဘူးလို့ သိရပါတယ်။ အရသာကတော့ အယ်လ်မွန်နဲ့ ဆေးဘက်ဝင်အရွက်ခြောက်ကို အခြေခံထားပါတယ်။ ပြီးတော့မှ နှင်းဆီရောစပ်ထားတဲ့ သကာရည်၊ ပျားရည်တို့ကို ပေါင်းထည့်ထားတာပါ။

 

အပေါ်ဆုံးမှာတော့ 24k ရွှေမှုန်တွေကို ဖြူးထားပေးသေးတယ်။ အနံ့လေးမွှေး၊ အရောင်လေးလှတဲ့အပြင် ရွှေမှုန်တွေနဲ့ပါ ကြဲပက်ထားတဲ့ ဖန်ခွက်လေးက ဘယ်လိုရိုက်ရိုက် ဓာတ်ပုံထဲမှာ လှနေတာကို တွေ့ရပါလိမ့်မယ်။ ၂၀၁၈ ခုနှစ်ထဲမှာတော့ rosegold အရောင်နဲ့ ကော်ဖီတွေ ခေတ်စားဦးမယ် ထင်ပါတယ်။

Source : Stylist


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က