အစပ်အရသာလေး ကဲ ထားပြီးတော့ အချဉ်အရသာလေးဖျော့ဖျော့လေးကို စားရတာက ထူးခြားပါတယ်။

ဘဲဥကို စားနေရတာ ရိုးအီလာသလိုပဲ။ ပြုတ်စားလိုက်၊ ကြော်စားလိုက်နဲ့။ တခါတလေကျ ဘဲဥအချဉ်ဟင်းချက်ပြီး စားလိုက်နဲ့လေ။ ဒီလိုချည်းပဲ စားနေခဲ့ရတာ သိပ်မထူးဆန်းတော့သလိုပဲ။ ထူးထူးဆန်းဆန်းလေးလည်းဖြစ်သွားအောင်၊ လျှာရင်းမြက်မြက်လေးလည်း စားရအောင်ဆိုပြီးတော့ အိန္ဒိယပုံစံ ချက်စားကြည့်တော့ အရသာက တကယ့်ရှယ်ပဲဗျာ။ မဆလာနံ့လေးသင်းသင်းလေးနဲ့မို့ ပိုပြီး စားချင်လာအောင် ဆွဲဆောင်နိုင်သလိုပဲ။ ဘယ်လို ချက်ပြုတ်ရသလဲဆိုတာ ပြောပြမယ်နော်။



 

ပါဝင်ပစ္စည်းများ

ဘဲဥပြုတ် - ၄လုံး

ကြက်သွန်ဖြူ - ၅မွှာ

ကြက်သွန်နီ - ၁ လုံး

ငရုတ်သီးစိမ်း - ၂တောင့်

ချင်း - အနည်းငယ်

ဒိန်ချဉ် - လက်ဖက်ရည်ဇွန်း (၂)ဇွန်း

မဆလာ - အနည်းငယ်

ငရုတ်သီးအစိမ်းမှုန့် - အနည်းငယ်

နံနံပင် - အနည်းငယ်

အရသာမှုန့် - အနည်းငယ်

 

ပြုလုပ်နည်း

 

ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးစိမ်း၊ ချင်းတို့ကို မညက်တညက်လေး ထောင်းပေးပါ။ ပြီးရင်တော့ ဘဲဥပြုတ်တွေကို အခွံနွှာပြီး ဓားပါးပါးလေးနဲ့ ဘဲဥပတ်ပတ်လည်မှာ အနည်းငယ် နက်သည်အထိ မွှန်းပေးပါ။ ဒါမှ အရသာတွေက ဘဲဥအတွင်းစိမ့်ဝင်ပြီးတော့ တကယ်စားလို့ကောင်းမှာလေ။ ပြီးရင်တော့ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့်အထိ ဆီပူလာအောင်ထည့်ပြီး စောနက ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီတို့ကို ထည့်ပြီး ဆီသတ်ပေးရပါ့မယ်။

 

 ငရုတ်သီးထောင်းထားတာ ဆီသတ်ပြီးပြီဆိုရင်တော့ ဒိန်ချဉ်ထည့်ပြီးတော့ သမသွားအောင် မွှေပေးရပါမယ်။ အဲဒါပြီးတဲ့အခါမှာ မဆလာ၊ ငရုတ်သီးအစိမ်းမှုန့် နဲ့ ဆားအနည်းငယ်ထည့်ပြီး ရေကို ဘဲဥမြုပ်ရုံလောက် ထည့်ပြီး ၁၀ မိနစ်လောက် ထားပေးပါ။ ပြီးတော့မှ ဘဲဥပြုတ်တွေကို ထည့်ပေးပြီး နောက်ထပ် ၅မိနစ်ခန့် ချက်ပေးရပါမယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ မဆလာနဲနဲလေး ထပ်ဖြူးပေးပြီး ရေစင်အောင်ဆေးထားတဲ့ နံနံပင်အနည်းငယ်ကို အပေါ်က ဖြူးပေးလိုက်ရုံပါပဲ။ ဒါဆိုရင် မဆလာနံ့လေး သင်းပြီးမွှေးနေတဲ့ အိန္ဒိယစတိုင်လ်ဘဲဥဟင်းလေး စားလို့ရပါပြီ။

 

ဒီမှာဆိုရင်တော့ ခရမ်းချဉ်သီးထည့်ပြိး ဘဲဥအချဉ်ဟင်းဖန်တီး ချက်ပြုတ်တာပါ။ သူတို့ကတော့ ခရမ်းချဉ်သီးအစား ဒိန်ချဉ်အနည်းငယ်သုံးပြီးတော့ ချက်ပြုတ်ပါတယ်။ ဘဲဥကို နောက်ဆုံးမှ ထည့်ပြီး အချိန်အနည်းငယ်ပဲ ချက်တာပါ။ ကျန်ပါဝင်ပစ္စည်းတွေကို အချိန်ပိုပေးတဲ့ သဘောပါပဲ။ ကျွန်တော်တို့ ချက်ပြုတ်နည်းနဲ့ သိပ်မကွာပေမယ့် အရသာကတော့ အနည်းငယ်ကွဲပြားတာမို့လို့ အားလုံးပဲ ချက်စားကြည့်လိုက်ဦးနော်။ အစပ်ဘက်ကို အနည်းငယ် ပိုကဲထားပြီးတော့ အစပ်အရသာထဲမှာမှ အချဉ်အရသာ နည်းနည်းလေးကို စားကြည့်ရတာကိုက တကယ်စားကောင်းပါတယ်။

Source : Food.ndtv


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က