စပျစ်သီးရဲ့ အစေ့ကပါ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

စပျစ်သီးတော့ အားလုံးစားဖူးကြမယ်ထင်ပါတယ်။ သေးငယ်တဲ့ အသီးလေးတွေ နဲ့ အသီးအတွင်းက အစေ့ငယ်သေးသေးလေးတွေ ရှိနေပြီးတော့ ချိုမြိန်မှုအရသာကို ပေးစွမ်းနိုင်တဲ့ အသီးလည်းဖြစ်ပါတယ်။ စပျစ်သီးမှာဆိုရင် အမျိုးအမည်စုံလင်လှတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဝိုင် ပြုလုပ်တဲ့အခါမှာလည်း အသုံးဝင်ပါသေးတယ်။ အသီးသီးတဲ့အခါမှာဆိုရင် အနည်းဆုံး ၁၅ ခိုင်ကနေ အများဆုံး အခိုင် ၃၀၀ ထိ သီးလေ့ရှိပြီး အရောင်အသွေး အနေနဲ့ဆိုရင် (၇)မျိုးလောက်ထိ ရှိတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ စပျစ်သီးရဲ့ အစေ့ကလည်း ကျန်းမာရေးအတွက် အသုံးဝင်တာမို့ စပျစ်သီးစားတိုင်း အစေ့ကို လွှင့်ပစ်နေမိရင်တော့ ဒီနေ့ကစပြီး စပျစ်သီးအစေ့ကိုပါ စားဖို့ မမေ့နဲ့တော့နော်။



၁။ Antioxidants ကြွယ်ဝတယ်

 

စပျစ်သီးမှာဆိုရင် Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ စပျစ်သီးရဲ့အစေ့မှာ ပိုမိုပါဝင်ပြီးတော့ အသားအရေအတွက် အများကြီး အသုံးတည့်ပါတယ်။ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို ပျက်စီးစေမှုကို လျော့ပါးစေတဲ့အပြင် ကင်ဆာအမျိုးအစားတချို့ နဲ့ နှလုံးကျန်းမာရေးအတွက် စပျစ်သီးကို စားသုံးခြင်းဖြင့်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါတယ်။

၂။ အသားအရေပျက်စီးမှုကို ကာကွယ်ပေးတယ်

 

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စစ်တမ်းတစ်ခုအရဆိုရင် စပျစ်သီးဟာ ဝက်ခြံဖြစ်စေတတ်တဲ့ ဘတ်တီးရီးယားတွေကို ခုခံပေးနိုင်ပြီးတော့ အခြားသော အရေပြားပြသနာတွေကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

၃။ မျက်စိအားကောင်းစေတယ်

eyes_625x350_51461653564.jpg 

မျက်စိအတွက် အထောက်အကူပြုတဲ့ အစားအသောက်တွေထဲမှာ စပျစ်သီးလည်း ပါဝင်ပါတယ်။ Photoreceptors လို့ ခေါ်တဲ့ အလင်းကို ပြန်လည်တုံ့ပြန်တဲ့ ဆဲလ်တွေကို အားကောင်းစေပြီး မျက်စိရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် မျက်စိကျန်းမာရေးအတွက်လည်း စပျစ်သီးက ကောင်းမွန်ကြောင်း ဆေးသုတေသီတွေက မှတ်ချက်ပြုခဲ့ပါတယ်။

၄။ ဦးနှောက်စွမ်းရည် တိုးတက်လာစေခြင်း

စပျစ်သီးစားသုံးခြင်းကြောင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်လာစေပါတယ်။ ဦးနှောက်က ပေါ်လာတဲ့ အကြောင်းအရာကို တုံ့ပြန်မှုက ပိုမိုမြန်ဆန်လာစေပြီးတော့ အယ်ဇိုင်းမားရောဂါကဲ့သို့သော ဦးနှောက်နှင့်ပတ်သက်သည့် ရောဂါတွေကို လျှော့ချပေးနိုင်ကြောင်း ဆွစ်ဇာလန်တက္ကသိုလ်တစ်ခုက ပြောခဲ့ပါတယ်။ ဒ့ါအပြင် ဦးနှောက်အတွင်းမှ မကောင်းသော ဓာတ်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတ်လို့လည်း ဆိုပါတယ်။

၅။ ဒူးအတွက် သင့်တော်ခြင်း

 

တက္ကဆက်ပြည်နယ်မှ အမျိုးသမီးတက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်အရဆိုရင် စပျစ်သီးနေ့စဉ် စားသုံးခြင်းကြောင့် ဒူးမှ နာကျင်မှုဒဏ်ခံစားရတာကို သက်သာစေတယ်လို့ သိရပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ သက်တောင့်သက်သာ သွားလာနိုင်ဖို့အတွက် စပျစ်သီးက အားဖြည့်ပေးကြောင်း သူတို့က ပြောခဲ့ပါတယ်။

၆။ ခန္ဓာကိုယ်ရောင်ရမ်းမှုမှ သက်သာစေတယ်

အစာချေဖျက်မှုအတွက် လိုအပ်တဲ့ အင်ဇိုင်းဓာတ်ပါဝင်တာမို့ ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်ပွားခြင်းကို ဆန့်ကျင်ပေးပါသေးတယ်။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး အခြားသော ခန္ဓာကိုယ်အတွင်း ဖြစ်စဉ်တချို့ကိုလည်း ပြန်လည်ပြုပြင်ပေးပါသေးတယ်။

Source: Health


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က