သက်လုံကောင်းခြင်းက အားကစားသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်မျိုးပါ။

သက်လုံကောင်းခြင်းက အားကစားသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်မျိုးပါ။ ရေကူးနေရင်း၊ ပြေးနေရင်း၊ ဘောလုံးကစားနေရင်း သက်လုံကျသွားရင် အရှုံးတွေနဲ့ ရင်ဆိုင်ရတော့မှာ သေချာသလောက်ပါပဲ။ သာမန်လူတွေအတွက်လည်း မိမိတို့ရဲ့ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုလေးတွေကို လုပ်ဆောင်ရာမှာ သက်လုံကောင်းဖို့ လိုအပ်ပါတယ်။ သက်လုံကောင်းချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ အစားအသောက်တွေကို စားပေးဖို့ လိုအပ်ပါလိမ့်မယ်။



၁။ အယ်လ်မွန်စေ့

almondsnutrition.jpg 

အယ်လ်မွန်စေ့တွေဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအသောက်တစ်မျိုးလို့တောင် ညွှန်းဆိုခံထားရတာပါ။ အဓိကအချက်ကတော့ ဗိုက်တာမင်အီးနဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝမှုပါပဲ။ အဲဒီဖက်တီးအက်ဆစ်တွေဟာ ကောင်းမွန်တဲ့စွမ်းအင် ရင်းမြစ်တွေဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာလည်း စုပုံနေခြင်း မရှိပါဘူး။ ဒါ့အပြင် အယ်လ်မွန်စေ့တွေဟာ အရိုးတွေကို သန်မာစေခြင်း၊ အာဟာရပြည့်ဝစေခြင်း၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်ရလဒ်အနေနဲ့ သက်လံကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

၂။ အနီရောင်စပျစ်သီး

flame_category.jpg 

အနီရောင်စပျစ်သီးတွေမှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ သကြားဓာတ်နဲ့ ဗိုက်တာမင်စီတွေ ပါဝင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်ပြီး သက်လုံကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ အနီရောင်စပျစ်သီးထဲမှာ resveratrol ဆိုတဲ့ အာဟာရဓာတ်တစ်မျိုးလည်း ပါဝင်ပြီး အဲဒီအာဟာရဓာတ်က ကောင်းမွန်တဲ့ စွမ်းအင်အရှိန်မြှင့် ကိရိယာတစ်မျိုးလည်း ဖြစ်ပါတယ်။

၃။ မြေပဲထောပတ်

မြေပဲထောပတ်ကလည်း သက်လုံကောင်းစေနိုင်တဲ့ superfood တစ်မျိုးပဲ ဖြစ်ပါတယ်။ မြေပဲထောပတ်ထဲမှာ ကျန်းမာတဲ့နှလုံးနဲ့ ဦးနှောက်အတွက် လိုအပ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ကယ်လိုရီများတဲ့ အစားအစာတစ်မျိုး ဖြစ်တဲ့အတွက် မြေပဲထောပတ်ကို အစာချေဖို့အတွက် အချိန်တော့လိုနိုင်ပါတယ်။ နောက်ပြီး မြေပဲထောပတ်သုပ်ထားတဲ့ ပေါင်မုန့်စားထားရင် အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေနိုင်ပါတယ်။

၄။ အုတ်ဂျုံမှုန့်

phpThumb_generated_thumbnail.jpg 

အုတ်ဂျုံမှုန့်ဟာ ဥရောပတိုက်သားတွေအတွက်တော့ ပုံမှန်မနက်စာ တစ်မျိုးပါပဲ။ အုတ်ဂျုံမှုန့်ထဲမှာ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ်တွေ ပါဝင်ပြီး ပြိုကွဲအောင်လုပ်ဖို့နဲ့ အစာချေဖို့အတွက် အချိန်ပို လိုအပ်ပါတယ်။ အုတ်ဂျုံမှုန့်ဟာ အစာအိမ်ထဲမှာ အချိန်အကြာကြီး ကျန်ရှိနေနိုင်ပါတယ်။ တစ်ခုရှိတာက အုတ်ဂျုံမှုန့်ဟာ စွမ်းအင်တွေကို ထုတ်ပိုးထားနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို လိုအပ်ချိန်တိုင်းမှာ ထုတ်ပေးနိုင်တဲ့အတွက် သက်လုံကိုလည်း ကောင်းမွန်စေပါတယ်။

၅။ ရွှေဖရုံသီး

slide_366038_4163042_free.jpg 

ရွှေဖရုံသီးတွေကတော့ ဗိုက်တာမင်အေနဲ့ အမှျှင်ဓာတ်ကြွယ်ဝတဲ့ အာဟာရပြည့်ဝတဲ့ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ရွှေဖရုံသီးရဲ့ အစေ့တွေကလည်း အာဟာရဓာတ် အထူးပြည့်ဝပြီး မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ ဇင့်နဲ့ ကော့ပါးတို့လို သတ္ထုဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ရွှေဖရုံသီးမှာ ဟော်မုန်းတွေပေါ်မှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါတယ်။ ဒါကြောင့် သက်လုံကို ပိုမိုကောင်းမွန်စေပြီး ခွန်အားကိုလည်း ပိုမိုတိုးတက်စေနိုင်ပါတယ်။

၆။ လက်ဖက်စိမ်းရေနွေးကြမ်း (green tea)

AN79-Green_tea_on_wood-732x549-Thumb_0.jpg 

လက်ဖက်စိမ်း (green tea) ကတော့ antioxidant ကြွယ်ဝမှုကြောင့်ထင်ရှားပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အဖျော်ယမကာတစ်မျိုးပါ။ အဆိပ်အတောက်တွေကို ကင်းစင်အောင် လုပ်ပေးနိုင်တဲ့အတွက် မောပန်းနွမ်းနယ်ခြင်းကိုလည်း ကင်းဝေးစေပြီး သက်လုံကောင်းစေပါတယ်။ ဦးနှောက်ကို ကဖင်းဓာတ်လိုမျိုး လှုံ့ဆော်ပေးနိုင်ပြီး လက်ဖက်စိမ်းက ကော်ဖီထက်ပိုပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က