နဂါးမောက်သီးဟာ မက္ကစီကို၊ တောင်အမေရိကတိုက်နဲ့ အမေရိကတိုက်တို့မှာ စတင်ပေါက်ရောက်တဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး ထူးဆန်းတဲ့ ပုံသဏ္ဍာန်၊ ထူးဆန်းတဲ့အရောင်တို့ကြောင့် နာမည်ကျော်ကြားပါတယ်။

နဂါးမောက်သီးဟာ မက္ကစီကို၊ တောင်အမေရိကတိုက်နဲ့ အမေရိကတိုက်တို့မှာ စတင်ပေါက်ရောက်တဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး ထူးဆန်းတဲ့ ပုံသဏ္ဍာန်၊ ထူးဆန်းတဲ့အရောင်တို့ကြောင့် နာမည်ကျော်ကြားပါတယ်။ နောက်ပိုင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ထိ ပျံ့ပွားလာခဲ့ပြီး နေ့စဉ်အစားအသောက်ထဲမှာပါ ပါဝင်လာခဲ့ပါတယ်။



 

နဂါးမောက်သီးရဲ့ အရသာက ကီဝီသီးနဲ့ နည်းနည်းဆင်ပြီး အစာချေမှုကို ပိုမိုကောင်းမွန်စေတဲ့ အနက်ရောင်အစေ့လေးတွေလည်း ပါဝင်ပါတယ်။ နဂါးမောက်သီးမှာ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးပါရှိပါတယ်။

၁။ ကိုယ်ခံအားတိုးတက်စေနိုင်တယ်

10.jpg 

နဂါးမောက်သီးနဲ့ပတ်သက်ပြီး အထင်ရှားဆုံးအချက် တစ်ချက်ကတော့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို မြင့်မားစွာ မြှင့်တက်ပေးနိုင်တဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိကအကျဆုံးနဲ့ အားအကောင်းဆုံး ပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဗိုက်တာမင်စီဟာ နဂါးမောက်သီးထဲမှာ ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။

ဗိုက်တာမင်စီဟာ ခန္ဓာကိုယ်ထဲက တခြား antioxidant တွေကိုလည်း နှိုးဆွပေးနိုင်ပါတယ်။ ဆဲလ်ဇီဝကမ္မ လုပ်ဆောင်မှုရဲ့ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ free radical တွေကိုလည်း ဗိုက်တာမင်စီတွေက လိုက်လံရှာဖွေပြီး ချေမှုန်းပစ်နိုင်ပါတယ်။

၂။ ဗိုက်တာမင်ကြွယ်ဝတယ်

နဂါးမောက်သီးထဲမှာ ဗိုက်တာမင်စီ တစ်ခုတည်းပါဝင်တာ မဟုတ်ပါဘူး။ ဗိုက်တာမင်ဘီအုပ်စုထဲမှာ ပါဝင်တဲ့ ဗိုက်တာမင် ဘီဝမ်း၊ ဘီတူးနဲ့ ဘီသရီးတို့လည်း ပါဝင်ပါသေးတယ်။ အဲဒီဗိုက်တာမင်တွေဟာ သွေးဖိအားကောင်းမွန်စေခြင်း၊ အရေပြားကျန်းမာ လှပစေခြင်း၊ ကိုလက်စ်ထရော လယ်ဗယ်ကို ထိန်းညှိခြင်း၊ သိုင်းရွိုက်လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ ကာဘိုဟိုက်ဒရိတ် ချေဖျက်နှုန်းကို ပိုမိုမြန်ဆန်စေခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

၃။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

104.jpg 

နဂါးမောက်သီးဟာ အမျှင်ဓာတ်အထူးကြွယ်ဝတဲ့ သစ်သီးဝလံတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုတာက ခန္ဓာကိုယ်ထဲက အစာဟောင်းတွေကို ပိုမိုချောမွေ့လွယ်ကူစွာ ရွေ့လျားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အစာချေစနစ် ပိုမိုကောင်းမွန်အောင် အစာချေအရည်တွေကို ထုတ်လုပ်ပေးရာမှာလည်း ကူညီပေးနိုင်ပါသေးတယ်။ ဒါကြောင့် အစာမကြေတာတို့၊ ဝမ်းချုပ်တာတို့ ခံစားနေရပြီဆိုရင် နဂါးမောက်သီးဖျော်ရည်လေး တစ်ခွက်ကိုသာ သောက်ပေးလိုက်ပါ။

၄။ ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြန်ဆန်စေတယ်

ပရိုတိန်းစားသုံးမှုဟာ ခန္ဓာကိုယ်ပုံမှန် အလုပ်လုပ်ဆောင်နိုင်စေဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ နောက်ပြီး နဂါးမောက်သီးဟာ ပရိုတိန်းဓာတ်နဲ့ ပတ်သက်လာရင် အထူးကောင်းမွန်တဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေက ရရှိတဲ့ ပရိုတိန်းဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ အင်ဇိုင်းတွေအဖြစ် ပြောင်းလဲသွားပြီး ဆဲလ်ပြန်လည်ကုသရေး၊ ခွန်အားတိုးရေး၊ အလေးချိန်နဲ့ ကြွက်သားတက်လာစေရေးတို့အတွက် လိုအပ်တဲ့စွမ်းအင်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၅။ နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်

12.jpg 

နဂါးမောက်သီးရဲ့ အထင်ရှားဆုံး ကျန်းမာရေးအကျိုးကျေးဇူးကတော့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာပါပဲ။ ဒါကလည်း နဂါးမောက်သီးမှာ ဆိုးဝါးတဲ့ ကိုလက်စ်ထရောတွေနဲ့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ပြည့်ဝဆီတွေ လုံးဝပါဝင်မှု မရှိတာပါပဲ။ ကိုလက်စ်ထရော ပမာဏကို လျော့ကျစေခြင်းဖြင့် နဂါးမောက်သီးဟာ သွေးကြောတွေထဲမှာ သွေးခဲခြင်းကို ဖယ်ရှားနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးဖောက်ရောဂါနဲ့ လေဖြတ်လေငန်းရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က