• Food & Recipe
    ကန်စွန်းဥ ဖက်ထိုင်းခေါက်ဆွဲ ချက်စားကြမယ်
Thiha Htun
[Unicode Version]

ရုံးပိတ်ရက်မှာ အစားအသောက်အဆန်းလေးတွေကိုမှ ချက်ပြုတ်မြည်းစမ်းလိုသူတွေအတွက် ကမ္ဘာကျော်ထိုင်းအစားအစာ တစ်မျိုးဖြစ်တဲ့ ဖက်ထိုင်းခေါက်ဆွဲကို ပုံစံသစ်နဲ့ စီမံထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီဟင်းပွဲလေးမှာတော့ ပုံမှန်ဖက်ထိုင်းခေါက်ဆွဲတွေမှာလို ခေါက်ဆွဲဖတ်ကို သုံးမထားဘဲ ကန်စွန်းဥကို ခေါက်ဆွဲဖတ်လေးတွေလိုဖြစ်အောင် spiralizer လို့ခေါ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးနဲ့ စီမံထားတာပါ။

ပါဝင်ပစ္စည်းများ

img-1433-Sweet_Potato_Pad_Thai-00735.jpg 

ကန်စွန်းဥအကြီး တစ်လုံး၊ မုန်လာဥနီ ခြစ်ပြီးသား (၂) ခွက်ခန့်၊ ပန်းဂေါ်ဖီ (၂) ခွက်ခန့်၊ အစေ့နဲ့ အူတိုင်ထုတ်ပြီး ပါးပါးလှီးထားတဲ့ ငရုပ်ပွသီး (၁) လုံး၊ နံနံပင်အနည်းငယ်၊ စပျစ်စေ့ဆီ (၂) ဇွန်းခန့်၊ ပဲငံပြာရည် (၁/၄) ခွက်ခန့်၊ အယ်လ်မွန်ထောပတ် (၂) ဇွန်းခန့်၊ မေပယ်လ်သကာရည် (၁) ဇွန်းခန့်၊ သံပရာသီး (၁) ခြမ်းခန့်၊ ကြက်သွန်ဖြူ (၂) တောင့်၊ ဂျင်းတောင့် (၁) လက်မခန့်၊ ငရုပ်သီးမှုန့် (၁) ဇွန်း၊ ဆားအနည်းငယ်နဲ့ ဟင်းသီးဟင်းရွက်ဆီ (၁/၄) ခွက်ခန့် လိုအပ်ပါတယ်။

ပြုလုပ်နည်း

Screenshot-2018-1-14 Sweet Potato Veggie Pad Thai.png 

အရင်ဆုံး ကန်စွန်းဥနဲ့ မုန်လာဥနီကို spiralizer လို့ခေါ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးကိုသုံးပြီး အမျှင်လေးတွေဖြစ်အောင် ခြစ်ယူပါ။ ဒီနေရာမှာ spiralizer မရှိရင်လည်း ပုံမှန်မုန်လာဥ ခြစ်တဲ့ဓားနဲ့ပဲ ခေါက်ဆွဲဖတ်လို အမျှင်လေးတွေရအောင် ဖန်တီးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့အမျှင်လေးတွေကို ဖယ်ထားပြီး ဖက်ထိုင်းဆော့စ်လုပ်ဖို့အတွက် ပြင်ဆင်ရပါမယ်။

အရွယ်တော်ပန်းကန်လုံးတစ်လုံးထဲမှာ စပျစ်စေ့ဆီရယ်၊ ပဲငံပြာရည်ရယ်၊ အယ်လ်မွန်ထောပတ်ရယ်၊ မာပယ်လ်သကာရည်ရယ်၊ သံပရာသီးရယ်၊ ကြက်သွန်ဖြူရယ်၊ ဂျင်းတောင့်ရယ်၊ ငရုပ်သီးမှုန့်ရယ်၊ ဆားရယ်ကို ရောထည့်ပြီး ကြက်ဥခေါက်တံနဲ့ ခလောက်ပေးလိုက်ပါ။

Screenshot-2018-1-14 Sweet Potato Veggie Pad Thai (2).png 

မီးဖိုပေါ်မှာ medium အပူချိန်လောက်နဲ့ ဒယ်အိုးပြားအကြီးတစ်လုံးကို အပူပေးထားလိုက်ပါ။ ပြီးရင် ဒယ်အိုးပြားထဲကို စပျစ်စေ့ဆီ လက်ဖက်ရည်ဇွန်းနဲ့ (၂) ဇွန်းခန့် ထည့်ပေးလိုက်ပါ။ ဒယ်အိုးပူလာပြီ ဆိုတာနဲ့ ပန်းဂေါ်ဖီဖတ်တွေနဲ့ မုန်လာဥနီ အမျှင်လေးတွေကို ဒယ်အိုးထဲမှာ (၅) မိနစ်ခန့် ဆီပူထိုးပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးထဲကို ငရုပ်ပွသီးအမျှင်လေးတွေကို ထည့်ပေးလိုက်ပြီး (၂) မိနစ်၊ (၃) မိနစ်ခန့် ဆီပူထိုးပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးထဲက ဆယ်ထုတ်ပြီး ဇလုံအကြီးတစ်လုံးထဲကို ပြောင်းထည့်ပေးလိုက်ပါ။

ခုနက ဒယ်အိုးပြားထဲမှာပဲ ခေါက်ဆွဲပုံစံ အမျှင်လေးတွေရအောင် ခြစ်ထားတဲ့ ကန်စွန်းဥခေါက်ဆွဲဖတ်လေးတွေကို ထည့်ပေးလိုက်ပါ။ စပျစ်စေ့ဆီနည်းနည်းပါ ထည့်ပေးပြီး (၈) မိနစ်ခန့် ကြော်ပေးလိုက်မယ်ဆိုရင် ကန်စွန်းဥဖတ်လေးတွေ အရောင်ပြောင်းသွားတာကို တွေ့မြင်ရမှာပါ။

ပြီးတာနဲ့ ကြော်ပြီးတဲ့ ကန်စွန်းဥခေါက်ဆွဲဖတ်လေးတွေကို ဇလုံအကြီးတစ်လုံးထဲမှာ တခြားဟင်းသီးဟင်းရွက်တွေရယ်၊ ဖတ်ထိုင်းဆော့စ်ရယ်နဲ့ ရောပြီးနယ်ပေးလိုက်ပါ။ ပါဝင်ပစ္စည်းအားလုံး သမသွားအောင် လက်အိတ်နဲ့သေချာကိုင်တွယ်ပြီး နယ်ပေးလိုက်ပါ။ ပြီးရင်တော့ နံနံပင်အုပ်ပြီး အရသာတမူထူးခြားတဲ့ ကန်စွန်းဥ ဖတ်ထိုင်းခေါက်ဆွဲလေးကို သုံးဆောင်နိုင်ပါပြီနော်။

Source: Sidechef

[Zawgyi Version]

႐ံုးပိတ္ရက္မွာ အစားအေသာက္အဆန္းေလးေတြကိုမွ ခ်က္ျပဳတ္ျမည္းစမ္းလိုသူေတြအတြက္ ကမၻာေက်ာ္ထိုင္းအစားအစာ တစ္မ်ိဳးျဖစ္တဲ့ ဖက္ထိုင္းေခါက္ဆြဲကို ပံုစံသစ္နဲ႔ စီမံထားတာေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ဒီဟင္းပြဲေလးမွာေတာ့ ပံုမွန္ဖက္ထိုင္းေခါက္ဆြဲေတြမွာလို ေခါက္ဆြဲဖတ္ကို သံုးမထားဘဲ ကန္စြန္းဥကို ေခါက္ဆြဲဖတ္ေလးေတြလိုျဖစ္ေအာင္ spiralizer လို႔ေခၚတဲ့ မီးဖိုေခ်ာင္သံုး ပစၥည္းတစ္မ်ိဳးနဲ႔ စီမံထားတာပါ။

ပါဝင္ပစၥည္းမ်ား

img-1433-Sweet_Potato_Pad_Thai-00735.jpg 

ကန္စြန္းဥအႀကီး တစ္လံုး၊ မုန္လာဥနီ ျခစ္ၿပီးသား (၂) ခြက္ခန္႔၊ ပန္းေဂၚဖီ (၂) ခြက္ခန္႔၊ အေစ့နဲ႔ အူတိုင္ထုတ္ၿပီး ပါးပါးလွီးထားတဲ့ င႐ုပ္ပြသီး (၁) လံုး၊ နံနံပင္အနည္းငယ္၊ စပ်စ္ေစ့ဆီ (၂) ဇြန္းခန္႔၊ ပဲငံျပာရည္ (၁/၄) ခြက္ခန္႔၊ အယ္လ္မြန္ေထာပတ္ (၂) ဇြန္းခန္႔၊ ေမပယ္လ္သကာရည္ (၁) ဇြန္းခန္႔၊ သံပရာသီး (၁) ျခမ္းခန္႔၊ ၾကက္သြန္ျဖဴ (၂) ေတာင့္၊ ဂ်င္းေတာင့္ (၁) လက္မခန္႔၊ င႐ုပ္သီးမႈန္႔ (၁) ဇြန္း၊ ဆားအနည္းငယ္နဲ႔ ဟင္းသီးဟင္း႐ြက္ဆီ (၁/၄) ခြက္ခန္႔ လိုအပ္ပါတယ္။

ျပဳလုပ္နည္း

Screenshot-2018-1-14 Sweet Potato Veggie Pad Thai.png 

အရင္ဆံုး ကန္စြန္းဥနဲ႔ မုန္လာဥနီကို spiralizer လို႔ေခၚတဲ့ မီးဖိုေခ်ာင္သံုး ပစၥည္းတစ္မ်ိဳးကိုသံုးၿပီး အမွ်င္ေလးေတြျဖစ္ေအာင္ ျခစ္ယူပါ။ ဒီေနရာမွာ spiralizer မ႐ွိရင္လည္း ပံုမွန္မုန္လာဥ ျခစ္တဲ့ဓားနဲ႔ပဲ ေခါက္ဆြဲဖတ္လို အမွ်င္ေလးေတြရေအာင္ ဖန္တီးႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ရလာတဲ့အမွ်င္ေလးေတြကို ဖယ္ထားၿပီး ဖက္ထိုင္းေဆာ့စ္လုပ္ဖို႔အတြက္ ျပင္ဆင္ရပါမယ္။

အ႐ြယ္ေတာ္ပန္းကန္လံုးတစ္လံုးထဲမွာ စပ်စ္ေစ့ဆီရယ္၊ ပဲငံျပာရည္ရယ္၊ အယ္လ္မြန္ေထာပတ္ရယ္၊ မာပယ္လ္သကာရည္ရယ္၊ သံပရာသီးရယ္၊ ၾကက္သြန္ျဖဴရယ္၊ ဂ်င္းေတာင့္ရယ္၊ င႐ုပ္သီးမႈန္႔ရယ္၊ ဆားရယ္ကို ေရာထည့္ၿပီး ၾကက္ဥေခါက္တံနဲ႔ ခေလာက္ေပးလိုက္ပါ။

မီးဖိုေပၚမွာ medium အပူခ်ိန္ေလာက္နဲ႔ ဒယ္အိုးျပားအႀကီးတစ္လံုးကို အပူေပးထားလိုက္ပါ။ ၿပီးရင္ ဒယ္အိုးျပားထဲကို စပ်စ္ေစ့ဆီ လက္ဖက္ရည္ဇြန္းနဲ႔ (၂) ဇြန္းခန္႔ ထည့္ေပးလိုက္ပါ။ ဒယ္အိုးပူလာၿပီ ဆိုတာနဲ႔ ပန္းေဂၚဖီဖတ္ေတြနဲ႔ မုန္လာဥနီ အမွ်င္ေလးေတြကို ဒယ္အိုးထဲမွာ (၅) မိနစ္ခန္႔ ဆီပူထိုးေပးလိုက္ပါ။ ၿပီးရင္ ဒယ္အိုးထဲကို င႐ုပ္ပြသီးအမွ်င္ေလးေတြကို ထည့္ေပးလိုက္ၿပီး (၂) မိနစ္၊ (၃) မိနစ္ခန္႔ ဆီပူထိုးေပးလိုက္ပါ။ ၿပီးရင္ ဒယ္အိုးထဲက ဆယ္ထုတ္ၿပီး ဇလံုအႀကီးတစ္လံုးထဲကို ေျပာင္းထည့္ေပးလိုက္ပါ။

ခုနက ဒယ္အိုးျပားထဲမွာပဲ ေခါက္ဆြဲပံုစံ အမွ်င္ေလးေတြရေအာင္ ျခစ္ထားတဲ့ ကန္စြန္းဥေခါက္ဆြဲဖတ္ေလးေတြကို ထည့္ေပးလိုက္ပါ။ စပ်စ္ေစ့ဆီနည္းနည္းပါ ထည့္ေပးၿပီး (၈) မိနစ္ခန္႔ ေၾကာ္ေပးလိုက္မယ္ဆိုရင္ ကန္စြန္းဥဖတ္ေလးေတြ အေရာင္ေျပာင္းသြားတာကို ေတြ႕ျမင္ရမွာပါ။

ၿပီးတာနဲ႔ ေၾကာ္ၿပီးတဲ့ ကန္စြန္းဥေခါက္ဆြဲဖတ္ေလးေတြကို ဇလံုအႀကီးတစ္လံုးထဲမွာ တျခားဟင္းသီးဟင္း႐ြက္ေတြရယ္၊ ဖတ္ထိုင္းေဆာ့စ္ရယ္နဲ႔ ေရာၿပီးနယ္ေပးလိုက္ပါ။ ပါဝင္ပစၥည္းအားလံုး သမသြားေအာင္ လက္အိတ္နဲ႔ေသခ်ာကိုင္တြယ္ၿပီး နယ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ နံနံပင္အုပ္ၿပီး အရသာတမူထူးျခားတဲ့ ကန္စြန္းဥ ဖတ္ထိုင္းေခါက္ဆြဲေလးကို သံုးေဆာင္ႏိုင္ပါၿပီေနာ္။

Source: Sidechef


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs