ခရမ်းရောင်ဟာ တော်ဝင်ဆန်တဲ့ အရောင်တစ်ရောင်ဖြစ်ပြီး ဂန္တဝင်ပန်းချီကားတွေနဲ့ ရှေးဟောင်းအနုလက်ရာတွေမှာ ခရမ်းရောင်ကို မြင့်မားတဲ့အဆင်တန်ဆာတွေမှာ ထည့်သွင်းအသုံးချကြပါတယ်။

ခရမ်းရောင်ဟာ တော်ဝင်ဆန်တဲ့ အရောင်တစ်ရောင်ဖြစ်ပြီး ဂန္တဝင်ပန်းချီကားတွေနဲ့ ရှေးဟောင်းအနုလက်ရာတွေမှာ ခရမ်းရောင်ကို မြင့်မားတဲ့အဆင်တန်ဆာတွေမှာ ထည့်သွင်းအသုံးချကြပါတယ်။ ဥပမာ ရောမအင်ပါယာကြီးရဲ့ စစ်တပ်မှာ ခရမ်းရောင်ဝတ်ရုံ ခြုံထားတဲ့သူက မြင့်မားတဲ့ရာထူးရာခံရှိတဲ့ စစ်သားတစ်ဦးလို့ ယူဆနိုင်ပါတယ်။



ဒါပေမဲ့ အစားအသောက်နဲ့ ပတ်သက်လာရင်တော့ ခရမ်းရောင်ကို အဲဒီလောက် နေရာမပေးကြပါဘူး။ များသောအားဖြင့် အသီးအရွက်တွေ ခရမ်းရောင်သမ်းလာပြီဆိုရင် ပုပ်သိုးနေတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ခရမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကျန်းမာရေးအတွက် အကျိုးပြုမှုတွေ ပါဝင်နေပါသေးတယ်။

၁။ ခရမ်းသီး

eggplants.jpg 

ခရမ်းသီးဟာ ဗိုက်တာမင် ဘီစစ်၊ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေတို့လို ဗိုက်တာမင်တွေနဲ့ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ သိုင်ယာမိုင်းတို့လို အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။ ဒါကြောင့် ခရမ်းသီးစားခြင်းဟာ အသက်အန္တရာယ်ကို ချိန်းခြောက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဦးနှောက်အာရုံကြောရောဂါတို့၊ ကင်ဆာရောဂါတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ဝိတ်အမှန်အကန် ကျချင်နေသူတွေလည်း ခရမ်းသီးစားဖို့ စဉ်းစားကြည့်သင့်ပါတယ်။ ခရမ်းသီးစားပေးခြင်းက မကောင်းတဲ့ ကိုလက်စ်ထရောတွေကို လျော့ကျစေတဲ့အတွက် နှလုံးရဲ့လုပ်ဆောင်မှု၊ အစာချေခြင်းတို့ကို ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်ပါတယ်။

၂။ ဘလူးဘယ်ရီသီး

blueberries.jpg

ဘလူးဘယ်ရီသီးဟာ ဘယ်ရီသီးနွယ်ဝင်တွေထဲမှာတော့ အရသာအကောင်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း များစွာပါဝင်ပါတယ်။ အဲဒီအသီးတွေထဲမှာ မဂ္ဂနိစ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်စီ၊ antioxidant တို့ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးတွေကို "King of Antioxidant" လို့လည်း လူသိများပြီး ကင်ဆာနဲ့ နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်တဲ့ free radical တွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။

၃။ ဗီတွတ်မုန်လာဥ (beetroot)

1200x628_FACEBOOK_13_Health_Benefits_of_Beetroot_Juice.jpg 

ဗီတွတ်မုန်လာဥ (beetroot) ကတော့ သကြားထုတ်လို့ရတဲ့ အမြစ်နွယ်ဝင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး ဗိုက်တာမင်ဘီစစ်၊ ဗိုက်တာမင်အေနဲ့ ဗိုက်တာမင်စီတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အံ့သြဖွယ် ဒီဟင်းသီးဟင်းရွက်မှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေ ပါရှိနေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ပြင်ပရောက်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အသွေးတွေလည်း ရှိနေပါသေးတယ်။ ခရမ်းရောင် ဒီဟင်းသီးဟင်းရွက်လေးထဲမှာ အမျှင်ဓာတ်လည်း အထူးကြွယ်ဝစွာ ပါရှိပါတယ်။

၄။ ခရမ်းရောင် ပန်းဂေါ်ဖီ

shutterstock_177949295.jpg 

ခရမ်းရောင်ပန်းဂေါ်ဖီကတော့ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်းတို့နဲ့ မျိုးနွယ်တူဖြစ်ပြီး အရောင်ပဲ ကွဲပြားတာပါ။ သူတို့ထဲမှာ ပုံမှန်ပန်းဂေါ်ဖီတစ်ခုမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အကုန်ပါရှိပါတယ်။ အပင်တွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ anthocyanin ကတော့ ခရမ်းရောင် ပန်းဂေါ်ဖီထဲမှာ များပြားစွာပါဝင်ပြီး ဗိုက်တာမင်ကေ၊ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင်ဘီစစ်တို့လည်း ကြွယ်ဝပါသေးတယ်။

၅။ ခရမ်းရောင်မုန်လာဥနီ

purple carrot.jpg 

ခရမ်းရောင်မုန်လာဥနီဟာလည်း anthocyanin ပမာဏမြင့်မားစွာ ပါဝင်တဲ့ မုန်လာဥနီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို ပျက်ဆီးယိုယွင်းစေတဲ့ ဖြစ်ရပ်တွေမှ ကာကွယ်ပေးနိုင်တဲ့ လုပ်ဆောင်မှုတွေ မြင့်မားစွာ ပါဝင်ပါတယ်။ ခရမ်းရောင် မုန်လာဥနီမှာတော့ ဗိုက်တာမင်စီနဲ့ အေ ကြွယ်ဝပါတယ်။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က