သံဓာတ်ဟာ ဟီမိုဂလိုဘင်လို့ခေါ်တဲ့ သွေးတွင်းဆဲလ်တစ်မျိုးရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်သလို ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးအတွက်လည်း အလွန်အရေးပါပါတယ်။

သံဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံး အာဟာရဓာတ်တွေထဲမှာ ပါဝင်ပါတယ်။ သံဓာတ်ဟာ ဟီမိုဂလိုဘင်လို့ခေါ်တဲ့ သွေးတွင်းဆဲလ်တစ်မျိုးရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်သလို ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးအတွက်လည်း အလွန်အရေးပါပါတယ်။ သံဓာတ်အားနည်းရင် အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်တဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာ နိုင်ပါတယ်။ သံဓာတ်အားကောင်းစေဖို့ စားပေးသင့်တဲ့ အစားအသောက်တွေကတော့...



၁။ ခုံးကောင်

Clams1.jpg 

ခုံးကောင်တွေရဲ့ အသားထဲမှာ တိရစ္ဆာန်အသားတွေထဲမှာ သံဓာတ်အကြွယ်ဝဆုံး ပါဝင်ပါတယ်။ ခုံးကောင် (၃) အောင်စမှာ သံဓာတ် (၂၄) မီလီဂရမ်နဲ့ (၁၂၆) ကယ်လိုရီ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခုံးကောင်ဟာ ပိုတက်စီယမ်နဲ့ ဗိုက်တာမင် ဘီတွဲလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

၂။ ကမာကောင်

ကမာကောင် (၃) အောင်စမှာတော့ သံဓာတ် (၁၀.၅) မီလီဂရမ်နဲ့ (၁၁၇) ကယ်လိုရီ ပါဝင်ပါတယ်။ ဒီ superfood လေးဟာ ဗိုက်တာမင် ဘီတွဲ ကြွယ်ဝစွာပါဝင်တဲ့ ရင်းမြစ်လေးလည်း ဖြစ်ပါသေးတယ်။ ကမာကောင်တွေကို ချက်စားမယ်ဆိုရင်တော့ အခွံတစ်ဝက်ဟပြီးမှ ချက်စားတာ အကောင်းဆုံးပါပဲ။ ၏

၃။ ပဲမျိုးစုံ

Beans1.jpg 

ပဲတွေဟာလည်း သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ပဲရေလုံပြုတ် ဘူးဝက်ခန့်မှာ နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ (၁၀) ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပဲနီလေး၊ ကုလားပဲ၊ မတ်ပဲတို့မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးသင့်ပါတယ်။ ပဲမျိုးစုံမှာ သံဓာတ်တင်မက သံဓာတ်အသုံးပြုခြင်းနဲ့ အင်ဇိုင်းလုပ်ဆောင်မှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါသေးတယ်။

၄။ နှံစားပြောင်းမျိုးစုံ

မုယောစပါး၊ ဂျုံကြမ်း၊ လူး၊ ဆပ်၊ ပြောင်း အစရှိတဲ့ နှံစားပြောင်းမျိုးစုံဟာ ဘဘာဝအလျောက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ နှံစားပြောင်းတွေမှာ အမျှင်ဓာတ်အထူးကြွယ်ဝပြီး သံဓာတ် (၃.၂) မီလီဂရမ် ဝန်းကျင် ပါဝင်ကြပါတယ်။ အဆိုပါနှံစားပြောင်းတွေကို ဗိုက်တာမင်စီ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ အာလူးတို့နဲ့ တွဲဖက်စားသုံးပေးရင် သံဓာတ်အားဖြည့်ဖို့အတွက် အကောင်းဆုံးပါပဲ။

၅။ အစေ့အဆန်များ

Nuts1.jpg 

သီဟိုဋ္ဌ်စေ့၊ ထင်းရှူးစေ့၊ ဟေဇယ်စေ့၊ အယ်လ်မွန်စေ့နဲ့ ဝက်သစ်ချစေ့တို့လို အစေ့အဆန်တွေမှာလည်း နေ့စဉ်သံဓာတ်လိုအပ်ချက်ရဲ့ (၁၀) ရာခိုင်နှုန်းကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ နှမ်းစေ့နဲ့ ထင်းရှူးစေ့ကတော့ အစေ့အဆန်အုပ်စုထဲမှာ သံဓာတ်အကြွယ်ဝဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အစေ့အဆန်တွေကို နေ့စဉ်အစားအစာထဲ ထည့်စားပေးတာ မှားယွင်းတဲ့ အကြံဉာဏ်တော့ မဟုတ်ပါဘူး။

၆။ ငါး

fish.jpg 

ဆယ်လ်လွန်ငါးတို့၊ ဆာဒင်းငါးတို့လို ငါးတွေဟာ သံဓာတ်အထူးကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် super-food လို့ လူသိများတဲ့ ဆယ်လ်မွန်ငါးမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝပြီး သွေးကြောထုံးခြင်းနဲ့ လေဖြတ်ရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ နောက်ပြီး သံဓာတ်ကြွယ်ဝမှုကြောင့် သွေးအားကိုလည်း ကောင်းမွန်စေပါတယ်။

၇။ ကြက်ဥ

baking-without-eggs.jpg 

သံဓာတ်အားနည်းသူတွေအတွက်တော့ ကြက်ဥကို မနက်စာတိုင်းမှာ ထည့်သွင်းခြင်းဟာ အသက်ကယ်ဆေးတစ်မျိုးပါပဲ။ တစ်နေ့ကို ကြက်ဥ (၂) လုံး စားပေးခြင်းဟာ ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ သံဓာတ် (၈) ရာခိုင်နှုန်းကို ထောက်ပံ့ပေးခြင်းနဲ့ အလားသဏ္ဍာန် တူညီပါသတဲ့။ ကြက်ဥကို သံဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီးတို့နဲ့ ရောနှောစားသုံးပေးခြင်းကည အကျိုးကျေးဇူးကို ဒတ်ထိရစေနိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က