ရေခဲသေတ္တာထဲမှာ ရှိနေကျ ပစ္စည်းလေးတွေနဲ့ပဲ ဖန်တီးလို့ရတဲ့ ဖျော်ရည် shake လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။

ခုတလော လူက ညည်းစီစီနဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များနေသလို ခံစားနေရပါသလား။ အားအင်ပြည့်ဝပြီး အရသာရှိတဲ့ စားဖွယ်သောက်ဖွယ်လေး တစ်မျိုးတစ်မည်ကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ရှိနေကျ ပစ္စည်းလေးတွေနဲ့ပဲ ဖန်တီးလို့ရတဲ့ ဖျော်ရည် shake လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။ ဖျော်ရည်ဆိုပေမဲ့ ဒီ shake လေးဟာ အမေရိကန် မနက်စာတစ်မျိုးလို့လည်း ခေါ်ဆိုနိုင်ပြီး ဟင်းနုနွယ်ရွက်တို့၊ ငှက်ပျောသီးတို့လို ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားတာပါ။



 

ဟင်းနုနွယ်ရွက် စားသုံးခြင်းဟာ ကင်ဆာကိုတိုက်ဖျက်နိုင်စွမ်း၊ ရောင်ရမ်းခြင်းကို လျှော့ချနိုင်စွမ်း၊ မျက်စိအားနည်းခြင်းကို ကာကွယ်နိုင်စွမ်းနဲ့ အရိုးရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းတို့နဲ့ ဆက်နွယ်နေပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ကိုယ်အလေးချိန် ကျဆင်းစေခြင်း၊ ကျောက်ကပ်ကို ကာကွယ်ပေးခြင်း၊ အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ နှလုံးကိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေခြင်းနဲ့ အရိုးအဆစ်သန်မာစေခြက်းတို့ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ပေါင်းစပ်လိုက်ရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရမယ်ဆိုတာကို သံသယဖြစ်ဖွယ်တောင် မလိုပါဘူး။

ပါဝင်ပစ္စည်းများ

 photo5.jpg

ရေဆေး၊ အခြောက်ခံပြီးသား ဟင်းနုနွယ်ရွက် (၂) ခွက်၊ ဂလူးတန်မပါဝင်တဲ့ အုတ်ဂျုံမှုန့် ခွက်ဝက်ခန့်၊ အစေ့ထုတ်ပြီးသား စွန်ပလွံသီး (၂) လုံး၊ ပင်ပွားစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ အအေးခံထားတဲ့ ငှက်ပျောသီးတစ်လုံး၊ ရေခဲတစ်ခွက်၊ ရေသန့် (၂) ခွက်၊ အချိုပါဝင်မှုနည်းတဲ့ မြေပဲထောပတ် တစ်ကော်ခန့်၊ ကိုကိုးမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

smoothie.jpg 

ပြုလုပ်နည်းကတော့ တကယ်တော့ လွယ်လွယ်လေးပါ။ ကိုကိုးမှုန့်ကလွဲရင် ကျန်တဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ရေဆေး၊ အခြောက်ခံပြီးသား ဟင်းနုနွယ်ရွက် (၂) ခွက်၊ ဂလူးတန်မပါဝင်တဲ့ အုတ်ဂျုံမှုန့် ခွက်ဝက်ခန့်၊ အစေ့ထုတ်ပြီးသား စွန်ပလွံသီး (၂) လုံး၊ ပင်ပွားစေ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ အအေးခံထားတဲ့ ငှက်ပျောသီးတစ်လုံး၊ ရေခဲတစ်ခွက်၊ ရေသန့် (၂) ခွက်၊ အချိုပါဝင်မှုနည်းတဲ့ မြေပဲထောပတ် တစ်ကော်ခန့်တို့ကို သစ်သီးဖျော်စက် (မွှေစက်) ထဲကို ထည့်လိုက်ပါ။ ပြီးရင် HIGH SPEED ဆက်တင်နဲ့ မွှေပေးလိုက်ပါ။

 

အထဲက ဖျော်ရည်တွေအားလုံး ရောသမမွှေတဲ့ အဆင့်ရောက်ပြီး ခရင်မ်လေးလို အမြှုပ်လေးတွေထလာပြီဆိုရင် လုပ်ဆောင်မှုပြီးစီးပြီလို့ သိနိုင်ပါတယ်။ ပြီးရင် ဖန်ခွက်ရှည်နှစ်ခွက်ထဲကို အညီအမျှလောင်းထည့်ပြီး အပေါ်ကနေ ကိုကိုးမှုန့်လေး ဖြူးပေးလိုက်ပါ။ ပြီးရင် ပိုက်တပ်ပြီး အိမ်မှာပဲသောက်သောက်၊ လမ်းမှာဘတ်စ်ကားစီးရင်း သောက်ဖို့ Travel Mug လို့ခေါ်တဲ့ ခရီးဆောင်မတ်ခွက်ထဲပဲ ထည့်သွားသွား မိမိစိတ်တိုင်းကျ သောက်သုံးနိုင်ပါပြီနော်။

Source: foolproofliving


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က