ကော်ဖီရဲ့စိတ်ကိုတက်ကြွစေတဲ့၊ အာရုံစူးစိုက်မှုကို ပိုမိုမြှင့်တင်ပေးတဲ့၊ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေကြောင့် လူအများစုက ကော်ဖီသောက်သုံးဖို့ကို ရွေးချယ်တတ်ကြပါတယ်။

ကော်ဖီထုတ်လုပ်ဖို့ ကော်ဖီပင်တွေကို ကမ္ဘာ့နိုင်ငံပေါင်း (၇၀) ကျော်လောက်မှာ စိုက်ပျိုးကြပါတယ်။ မနက်ပိုင်း အိပ်ချင်မူးတူးဖြစ်နေချိန် စိတ်ကြည်လင်သွားအောင်သောက်မလား။ ဒါမှမဟုတ် ညဘက်အလုပ်တွေပုံနေချိန် အိပ်ချင်စိတ်ကို ဖြေဖျောက်ဖို့နဲ့  လန်းဆန်းစေဖို့သောက်မလား။



ဘယ်လိုပဲဆိုဆို ကမ္ဘာတဝှမ်းလုံးက သန်းထောင်နဲ့ချီတဲ့လူတွေဟာ အနက်ရောင်အဆင်းနဲ့ စွဲလမ်းဖွယ်ကောင်းတဲ့ ဒီအဖျော်ယမကာကို နှစ်ခြိုက်စွာ သောက်သုံးနေကြတာကိုတော့ ငြင်းဆိုဖွယ်ရာမရှိပါဘူး။

 

ကော်ဖီသောက်ခြင်းဟာ မနက်အစောပိုင်းအချိန်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားကို ဖြည့်ဆည်းပေးနိုင်တယ် ဆိုတာကိုတော့ ကျွန်တော်တို့အများစု သိထားကြပါတယ်။ ကော်ဖီရဲ့စိတ်ကိုတက်ကြွစေတဲ့၊ အာရုံစူးစိုက်မှုကို ပိုမိုမြှင့်တင်ပေးတဲ့၊ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေကြောင့် လူအများစုက ကော်ဖီသောက်သုံးဖို့ကို ရွေးချယ်တတ်ကြပါတယ်။ ကျန်းမာရေးရှုထောင့်ဘက်က ကော်ဖီတစ်ခွက်ကို နေ့စဉ် သောက်ပေးသင့်တဲ့ အကြောင်းပြချက်တွေကတော့...

၁။ တက်ကြွလန်းဆန်းစေတယ်

jared-sluyter-342883.jpg 

ကော်ဖီမှာပါဝင်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းတွေဟာ စိတ်ကို လေးလံထိုင်းမှိုင်းစေတဲ့ adenosine လို့ခေါ်တဲ့ ဓာတုပစ္စည်းရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်ပေးလို့ကျွန်တော်တို့ကို တက်ကြွလန်းဆန်းစေပါတယ်။ နောက်ပိုင်း ကော်ဖီနံ့မွှေးမွှေးလေးက မနက်တစ်ခုကို စတင်ဖို့အတွက် တွန်းအားတစ်ခုဆိုတာကိုလည်း ဘယ်သူမှ ငြင်းဆိုနိုင်မယ်မထင်ပါဘူး။

၂။ အာရုံစူးစိုက်မှု ကောင်းမွန်စေတယ်

ကော်ဖီဟာ ခန္ဓာကိုယ်ထဲက ဒိုပါမင်း (dopamine) လို့ခေါ်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်း ထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ ကျွန်တော်တို့ရဲ့စိတ်ခံစားမှုကိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါကြောင့်လည်း နေ့ခင်းနေ့လည် အိပ်ချင်နေရင် ကော်ဖီလေးတစ်ခွက်နဲ့ mood ပြန်တင်ကြရတာပါ။

၃။ ကြွက်သားလုပ်ဆောင်မှုတွေကို ကောင်းမွန်စေတယ်

ronaldo-arthur-vidal-66241.jpg 

ကော်ဖီက ခန္ဓာကိုယ်ထဲက acetylcholine လို့ခေါ်တဲ့ သက်ရှိတွေရဲ့ဇီဝလုပ်ဆောင်မှုကို အထောက်အကူပေးတဲ့ အော်ဂဲနစ်ဓာတုပစ္စည်း ပမာဏကိုလည်း မြင့်တက်စေလို့ ကြွက်သားလုပ်ဆောင်မှု

တွေကိုလည်း တိုးတက်စေပါတယ်။ Gym ဆော့ပြီး ကြွက်သားတင်နေတဲ့သူတွေဆိုရင် muscle memory လို့ခေါ်တဲ့ ကြွက်သားမှတ်ဉာဏ်နဲ့ ကြွက်သားလုပ်ဆောင်မှုတွေ တိုးတက်ကောင်းမွန်စေဖို့ ကော်ဖီခါးခါးလေးကို ပုံမှန်သောက်ပေးသင့်ပါတယ်။

၄။ အဆီပိုတွေကို လောင်ကျွမ်းစေတယ်

ဝိတ်ချနေသူတွေအတွက်လည်း သတင်းကောင်းပါပဲ။ ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း မြန်ဆန်စေပါတယ်။ အကျိုးဆက်အားဖြင့် အဆီတွေကို ပိုမိုမြန်ဆန်စွာလောင်ကျွမ်းစေပါတယ်။ (တနည်းအားဖြင့်ဆိုရရင် ဝိတ်ကျစေပါတယ်။)

၅။ ခွန်အားတိုးစေတယ်

nathan-dumlao-264380.jpg 

ကော်ဖီထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေကို သိသိသာသာ မြှင့်တင်ပေးနိုင်ရုံသာမက ခွန်အားကိုလည်း တိုးတက်စေပါတယ်။ ညဘက်အလုပ်လုပ်ရတဲ့သူတွေ အားဖြည့်အချိုရည် သောက်မယ့်အစား ကော်ဖီပူပူလေး သောက်ပေးခြင်းဖြင့် အိပ်ချင်ပြေစေရုံသာမက အလုပ်လုပ်ဖို့ ခွန်အားကိုလည်း တိုးစေနိုင်ပါတယ်။

၆။ Antioxidant ကြွယ်ဝတယ်

ဒါတင်မကသေးပါဘူး။ ကော်ဖီဟာကမ္ဘာပေါ်မှာ antioxidant (ရောဂါဖြစ်ပွားမှုတွေကို တိုက်ဖျက်ပေးတဲ့ ဓာတုဒြပ်ပေါင်းတွေ) ကိုထုတ်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အကြီးမားဆုံး ပင်မရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ကင်ဆာနဲ့ တခြားဆဲလ်ပျက်ဆီးခြင်းကို ဖြစ်စေတဲ့ Free radical တွေဟာ ကော်ဖီပုံမှန်သောက်သူတွေနား ကပ်တောင်ကပ်နိုင်မှာ မဟုတ်ပါဘူး။

၇။ ဗိုက်တာမင် ကြွယ်ဝစေတယ်

vitamins.jpg 

ကော်ဖီတစ်ခွက်မှာဆိုရင် လူတစ်ယောက်နေ့စဉ် စားသုံးသင့်တဲ့ ဗိုက်တာမင်ပမာဏတွေဖြစ်တဲ့ ဗိုက်တာမင်ဘီတူး (၁၁%)၊ ဗိုက်တာမင်ဘီသရီး (၂%) နဲ့ ဗိုက်တာမင်ဘီဖိုက် (၆%) ပါဝင်နေပါတယ်။ ဗိုက်တာမင် ကြွယ်ဝတဲ့အတွက် အာဟာရချို့တဲ့တဲ့ ရောဂါကိုလည်း ကာကွယ်ပြီးသား ဖြစ်တာပေါ့။

၈။ အသည်းကိုအားကောင်းစေတယ်

အသည်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ရှင်းလင်းပေးဖို့အတွက် တာဝန်ရှိတဲ့ ကိုယ်တွင်းကလီစာတစ်မျိုးပါ။ ကော်ဖီမှာပါဝင်တဲ့ ဓာတုပစ္စည်းနဲ့ ဂုဏ်သတ္တိတွေဟာ အသည်းရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။ တစ်နည်းအားဖြင့် အသည်းအားကောင်းစေဖို့အတွက် ကော်ဖီသောက်ပေးသင့်ပါတယ်။

၉။ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်

Be-a-Fitness-Freak-1.jpg 

ကော်ဖီက သွေးကြောတွေရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်အောင်အထောက်အကူပေးနိုင်ပါတယ်။ သံဓာတ်အားနည်းတတ်သူတွေနဲ့ သွေးအားနည်းရောဂါရှိသူတွေ ကော်ဖီပုံမှန်သောက်ခြင်းဖြင့် သွေးအားကောင်းအောင် ပြန်လည်မြှင့်တင်နိုင်ပါတယ်။

Source: Espressoshots


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က