• Food & Recipe
    အသီးအရွက်တန်ပူရာကြော် ကြော်စားကြမယ်
Pyae Phyo Thein
[Unicode Version]

အသီးအရွက်တန်ပူရာကြော် စားဖူးကြလား။ ပုစွန်တန်ပူရာကြော်တော့ စားဖူးကြမယ်ထင်ပါတယ်။ ပုစွန်တန်ပူရာကြော်သလိုပဲ အသီးအရွက်ကိုလည်း တန်ပူရာကြော် ကြော်စားကြည့်ပါလား။ မုန့်နှစ်နဲ့ရောပြီး အကြော်ကြော်တာထက် ပိုပြီးတော့ စားကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။ အမြဲတမ်းကြီးမဟုတ်ရင်တောင်မှ တခါတလေ စားကြည့်သင့်ပါတယ်။ အဲဒါကြောင့်မို့ အသီးအရွက်တန်ပူရာကြော်နည်းကို ပြောပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ

ဆီ - စားပွဲတင်ဇွန်း (၄) ဇွန်း

မှို၊ ခရမ်းသီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး

ဂျုံမှုန့် - အနည်းငယ်

ကြက်ဥ - ၃လုံး

ဆား- အနည်းငယ်

သကြား - အနည်းငယ်

 

ပြုလုပ်နည်း

အသီးအရွက်ကတော့ မိမိနှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အသီးတွေက ကြော်စားလို့ကောင်းတာလေးတွေကို ဖော်ပြပေးထားတာပါ။ တခြားအသီးအနှံတွေကိုတော့ မိမိနှစ်သက်ရာ ရွေးလည်း ရပါတယ်။ အသီးအနှံတွေကို ရေစင်ကြယ်အောင် ဆေးကြောပေးပါ။ အနည်းဆုံး (၃) ခေါက်လောက်တော့ ဆေးပေးသင့်ပါတယ်။

Anova_KingOysterMushrooms-2-slice.jpg 

 ပြီးရင်တော့ မထူမပါးလေး လှီးပေးပါ။ ပြီးရင် ကြက်ဥ၊ ဂျုံမှုန့်၊ ဆား၊ သကြား အားလုံးကို ရောစပ်ပြီးတော့ ခလောက်ပေးပါ။ ရေနည်းနည်း ရောပေးဖို့လည်း မမေ့ပါနဲ့။ ကျေညက်နေအောင်ခလောက်ပြီးရင်တော့ ရပါပြီ။

Vegetable-Tempura-2.jpg 

အားလုံးအသင့်ဖြစ်သွားပြီဆိုရင်တော့ မီးအား အလယ်အလတ်ထားပြီး ဆီပူအောင်ထားပါ။ ဆီပူလာပြီဆိုရင်တော့ ခလောက်ထားတဲ့ ကြက်ဥထဲ အသီးတွေကို စိမ်ပြီး ကြော်ပေးရုံပါပဲ။ အကျက်ညီလာအောင် စီမံပေးပါ။ ကြော်တဲ့အခါမှာ မှိုဆိုရင် မှိုတစ်ခုတည်းကိုပဲ အားလုံးကုန်အောင် ကြော်ပြီးမှ တခြားတစ်ခုကို နောက်ထပ် ကြော်တာ ပိုကောင်းပါတယ်။ အမျိုးအစားမတူညီတာကို ကြော်တဲ့အခါကျရင် ကျက်တဲ့အချိန်ချင်း မတူညီတဲ့အတွက် နည်းနည်းအခက်တွေ့နိုင်တာမို့လို့ပါ။

Vegetable-Tempura-10.jpg 

အားလုံးပြီးရင်တော့ အသီးအရွက်တန်ပူရာကြော်ရပါပြီ။ အသီးအရွက်တန်ပူရာကြော်လို့ ပြောပေမယ့် ကျွန်တော်ကတော့ အသီးတွေကို ကြော်စားရတာပဲ ပိုကြိုက်ပါတယ်။

178849340.jpg 

 အရွက်ကြော်တဲ့အခါမှာဆို တန်ပူရာနည်းနည်းပိုသုံးရပြီးတော့ လုပ်ရတာလည်း နည်းနည်းရှုပ်လို့ပါ။ အရွက်ကြော်ကြိုက်တယ်ဆိုရင်လည်း ဖော်ပြပါနည်းအတိုင်းပဲ ကြော်လို့ရပါတယ်။

Source : .Justonecookbook

[Zawgyi Version]

အသီးအရြက္တန္ပူရာေၾကာ္ စားဖူးၾကလား။ ပုစြန္တန္ပူရာေၾကာ္ေတာ့ စားဖူးၾကမယ္ထင္ပါတယ္။ ပုစြန္တန္ပူရာေၾကာ္သလိုပဲ အသီးအရြက္ကိုလည္း တန္ပူရာေၾကာ္ ေၾကာ္စားၾကည့္ပါလား။ မုန္႔ႏွစ္နဲ႔ေရာျပီး အေၾကာ္ေၾကာ္တာထက္ ပိုျပီးေတာ့ စားေကာင္းတယ္ဆိုတာ သိလာပါလိမ့္မယ္။ အျမဲတမ္းၾကီးမဟုတ္ရင္ေတာင္မွ တခါတေလ စားၾကည့္သင့္ပါတယ္။ အဲဒါေၾကာင့္မို႔ အသီးအရြက္တန္ပူရာေၾကာ္နည္းကို ေျပာျပေပးလိုက္ပါတယ္။

 

ပါ၀င္ပစၥည္းမ်ား

ဆီ - စားပြဲတင္ဇြန္း (၄) ဇြန္း

မိႈ၊ ခရမ္းသီး၊ ကန္စြန္းဥ၊ ေရႊဖရံုသီး

ဂ်ံဳမႈန္႔ - အနည္းငယ္

ၾကက္ဥ - ၃လံုး

ဆား- အနည္းငယ္

သၾကား - အနည္းငယ္

 

ျပဳလုပ္နည္း

အသီးအရြက္ကေတာ့ မိမိႏွစ္သက္ရာကို ေရြးခ်ယ္လို႔ရပါတယ္။ အေပၚမွာ ေဖာ္ျပထားတဲ့ အသီးေတြက ေၾကာ္စားလို႔ေကာင္းတာေလးေတြကို ေဖာ္ျပေပးထားတာပါ။ တျခားအသီးအႏွံေတြကိုေတာ့ မိမိႏွစ္သက္ရာ ေရြးလည္း ရပါတယ္။ အသီးအႏွံေတြကို ေရစင္ၾကယ္ေအာင္ ေဆးေၾကာေပးပါ။ အနည္းဆံုး (၃) ေခါက္ေလာက္ေတာ့ ေဆးေပးသင့္ပါတယ္။

 ျပီးရင္ေတာ့ မထူမပါးေလး လွီးေပးပါ။ ျပီးရင္ ၾကက္ဥ၊ ဂ်ံဳမႈန္႔၊ ဆား၊ သၾကား အားလံုးကို ေရာစပ္ျပီးေတာ့ ခေလာက္ေပးပါ။ ေရနည္းနည္း ေရာေပးဖို႕လည္း မေမ့ပါနဲ႔။ ေက်ညက္ေနေအာင္ခေလာက္ျပီးရင္ေတာ့ ရပါျပီ။

အားလံုးအသင့္ျဖစ္သြားျပီဆိုရင္ေတာ့ မီးအား အလယ္အလတ္ထားျပီး ဆီပူေအာင္ထားပါ။ ဆီပူလာျပီဆိုရင္ေတာ့ ခေလာက္ထားတဲ့ ၾကက္ဥထဲ အသီးေတြကို စိမ္ျပီး ေၾကာ္ေပးရံုပါပဲ။ အက်က္ညီလာေအာင္ စီမံေပးပါ။ ေၾကာ္တဲ့အခါမွာ မိႈဆိုရင္ မိႈတစ္ခုတည္းကိုပဲ အားလံုးကုန္ေအာင္ ေၾကာ္ျပီးမွ တျခားတစ္ခုကို ေနာက္ထပ္ ေၾကာ္တာ ပိုေကာင္းပါတယ္။ အမ်ိဳးအစားမတူညီတာကို ေၾကာ္တဲ့အခါက်ရင္ က်က္တဲ့အခ်ိန္ခ်င္း မတူညီတဲ့အတြက္ နည္းနည္းအခက္ေတြ႕ႏိုင္တာမို႔လို႕ပါ။

အားလံုးျပီးရင္ေတာ့ အသီးအရြက္တန္ပူရာေၾကာ္ရပါျပီ။ အသီးအရြက္တန္ပူရာေၾကာ္လို႔ ေျပာေပမယ့္ ကၽြန္ေတာ္ကေတာ့ အသီးေတြကို ေၾကာ္စားရတာပဲ ပိုၾကိဳက္ပါတယ္။

 အရြက္ေၾကာ္တဲ့အခါမွာဆို တန္ပူရာနည္းနည္းပိုသံုးရျပီးေတာ့ လုပ္ရတာလည္း နည္းနည္းရႈပ္လို႔ပါ။ အရြက္ေၾကာ္ၾကိဳက္တယ္ဆိုရင္လည္း ေဖာ္ျပပါနည္းအတိုင္းပဲ ေၾကာ္လို႔ရပါတယ္။

Source : .Justonecookbook


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs