• Food & Recipe
    အရသာတမူထူးခြားလှတဲ့ ထိုင်းအုန်းနို့တုံယမ်းဟင်းရည်
Pyae Phyo Thein
[Unicode Version]

ထိုင်းအစားအသောက်တွေကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အစားအသောက်တွေပါ။ အုန်းနို့ကို အားပြုပြီးတော့ချက်ပြုတ်ကြပြီး အရသာကလည်း တမူထူးကဲတာမို့လို့ ထိုင်းအစားအစာဆိုရင်ကိုပဲ လူတိုင်းက ကြိုက်နှစ်သက်ကြပါတယ်။  သင်္ဘောသီးထောင်း၊ ဖက်ထိုင်းခေါက်ဆွဲ စတာတွေကတော့ လူတိုင်းလိုလိုကို စားဖူးကြတဲ့ ထိုင်းအစားသောက်တွေပါ။  ထိုင်းအစားအစာတွေရဲ့ အရသာကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ အရသာချစ်သူတို့အတွက် ထိုင်းအုန်းနို့တုံယမ်းဟင်း ချက်နည်းကို ပြောပြပေးလိုက်တယ်နော်။

Thai-Food-Tom-Yam-Kung-e1457481635537.jpg 

ပါဝင်ပစ္စည်းများ

ကြက်ပြုတ်ရည် - ၄ ခွက်

စပါးလင် - ၂ ပင်

ကြက်သွန်ဖြူ - ၃ မွှာ (ထောင်းပေးထားပါ)

ငရုတ်သီးအနီတောင့် - ထောင်းပြီးသား ဇွန်းဝက်ခန့်

ရှောက်ရွက် - ၃ ရွက် (အအေးခံထားပြီး လတ်ဆတ်တာလေးဆို ပိုကောင်းပါတယ်)

မှို - လှီးပြီးသား ၃/၄ ခွက် ခန့်

ပုစွန် - အကောင်လတ် ၁၂ ကောင်

ငရုတ်ပွအစိမ်း - ၁ တောင့်

ခရမ်းချဉ်သီး - တစ်လုံး

အုန်းနို့ရည် - ဗူးဝက်ခန့်

ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း (၂) ဇွန်း

နံနံပင် (သို့) ရှားနံနံ - အနည်းငယ်

ပြုလုပ်နည်း

ရှေးဦးစွာ မီးအားအလယ်အလတ်ထားပြီး ဇောက်အနည်းငယ်နက်သော အိုးထဲသို့ ကြက်ပြုတ်ရည်ကို ထည့်ပြီး ကျိုပါ။ စပါးလင်ကို ကြက်ပြုတ်ရည်ထည့်ပြီးမှ ထပ်ထည့်ပေးပါ။ စပါးလင်ကို မလှီးဖြတ်ပဲနဲ့ ခွေခွေလေးပြုလုပ်ပြီး ထည့်ပေးရပါမယ်။ ပြီးရင်တော့ ငါးမိနစ်ခန့် ထားပေးပါ။ ဒါဆိုရင် စပါးလင်နံ့ သင်းသင်းလေး မွှေးလာပါလိမ့်မယ်။

directly-above-shot-of-tom-yum-soup-served-in-bowl-on-table-673719317-5a34251a13f1290037da39ef.jpg 

မီးအားကို ပြန်လျှော့လိုက်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးအနီတောင့်၊ ရှောက်ရွက် နဲ့ မှိုတို့ကို ရောပြီးတော့ ငါးမိနစ်ခန့် မီးအားအလယ်အလတ်လောက်မှာ ထားပေးလိုက်ပါဦး။ ငါးမိနစ်ရှိသွားရင်တော့ ပုစွန်၊ ငရုတ်ပွ၊ ခရမ်းချဉ်သီးတို့ ထပ်ထည့်ပြီး နောက်ထပ် ငါးမိနစ်ခန့်ထားပါ။ ဒါမှမဟုတ်ရင်လည်း ပုစွန်ပန်းရောင်သမ်းလာပြီဆိုရင်ရပါပြီ။

Tom-Yum-Koong-With-Coconut-Milk-Phuket-Cooking-Class-Home-800x400.jpg 

ငါးမိနစ် (သို့) ပုစွန်ပန်းရောင်သမ်းလာရင် မီးအားကို အဆုံးထိလျှော့ချလိုက်ပါ။ အုန်းနို့ နဲ့ ငါးငံပြာရည်ကို ထည့်ပေးပြီး အရသာမြည်းစမ်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပါ။ ပေါ့မယ်ထင်ရင်တော့ ဆားနည်းနည်းလေး ထည့်ပေးပြီး အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းကို ဆန္ဒရှိသလောက် ထည့်ပေးလို့ ရပါတယ်။ ချဉ်တယ်ဆိုရင်တော့ သကြား (၁)ဇွန်းထည့်ပေးလို့ ရပါတယ်။ လက်လွန်ပြီး အငန်ဓာတ်များသွားရင် လိမ္မော်ရည်လေးနည်းနည်း ထည့်ပေးပြီး ပြင်ဆင်လို့ ရပါတယ်။

tom-ym1.jpg 

ပြီးရင်တော့ ပွက်ပွက်ဆူအောင်အထိ ထားပေးပြီးရင်တော့ အုန်းနို့တုံယမ်းလေးကို ထိုင်းစတိုင်လ်လေးနဲ့ ချက်ပြုတ်ပြီး သုံးဆောင်လို့ ရပါပြီ။

Source : thespruce

[Zawgyi Version]

ထုိင္းအစားအေသာက္ေတြကေတာ့ ကမၻာေပၚမွာ နာမည္ၾကီးတဲ့ အစားအေသာက္ေတြပါ။ အုန္းႏို႔ကို အားျပဳျပီးေတာ့ခ်က္ျပဳတ္ၾကျပီး အရသာကလည္း တမူထူးကဲတာမို႔လို႔ ထိုင္းအစားအစာဆိုရင္ကိုပဲ လူတိုင္းက ၾကိဳက္ႏွစ္သက္ၾကပါတယ္။  သေဘၤာသီးေထာင္း၊ ဖက္ထိုင္းေခါက္ဆြဲ စတာေတြကေတာ့ လူတိုင္းလိုလိုကို စားဖူးၾကတဲ့ ထိုင္းအစားေသာက္ေတြပါ။  ထိုင္းအစားအစာေတြရဲ႕ အရသာကိုမွ ၾကိဳက္ႏွစ္သက္ပါတယ္ဆိုတဲ့ အရသာခ်စ္သူတို႔အတြက္ ထိုင္းအုန္းႏို႔တံုယမ္းဟင္း ခ်က္နည္းကို ေျပာျပေပးလိုက္တယ္ေနာ္။

ပါ၀င္ပစၥည္းမ်ား

ၾကက္ျပဳတ္ရည္ - ၄ ခြက္

စပါးလင္ - ၂ ပင္

ၾကက္သြန္ျဖဴ - ၃ မႊာ (ေထာင္းေပးထားပါ)

ငရုတ္သီးအနီေတာင့္ - ေထာင္းျပီးသား ဇြန္း၀က္ခန္႔

ေရွာက္ရြက္ - ၃ ရြက္ (အေအးခံထားျပီး လတ္ဆတ္တာေလးဆို ပိုေကာင္းပါတယ္)

မိႈ - လွီးျပီးသား ၃/၄ ခြက္ ခန္႔

ပုစြန္ - အေကာင္လတ္ ၁၂ ေကာင္

ငရုတ္ပြအစိမ္း - ၁ ေတာင့္

ခရမ္းခ်ဥ္သီး - တစ္လံုး

အုန္းႏို႔ရည္ - ဗူး၀က္ခန္႔

ငါးငံျပာရည္ - လက္ဖက္ရည္ဇြန္း (၂) ဇြန္း

နံနံပင္ (သို႔) ရွားနံနံ - အနည္းငယ္

ျပဳလုပ္နည္း

ေရွးဦးစြာ မီးအားအလယ္အလတ္ထားျပီး ေဇာက္အနည္းငယ္နက္ေသာ အိုးထဲသုိ႔ ၾကက္ျပဳတ္ရည္ကို ထည့္ျပီး က်ိဳပါ။ စပါးလင္ကို ၾကက္ျပဳတ္ရည္ထည့္ျပီးမွ ထပ္ထည့္ေပးပါ။ စပါးလင္ကို မလွီးျဖတ္ပဲနဲ႔ ေခြေခြေလးျပဳလုပ္ျပီး ထည့္ေပးရပါမယ္။ ျပီးရင္ေတာ့ ငါးမိနစ္ခန္႔ ထားေပးပါ။ ဒါဆိုရင္ စပါးလင္နံ႔ သင္းသင္းေလး ေမႊးလာပါလိမ့္မယ္။

မီးအားကို ျပန္ေလွ်ာ့လိုက္ပါ။ ၾကက္သြန္ျဖဴ၊ ငရုတ္သီးအနီေတာင့္၊ ေရွာက္ရြက္ နဲ႔ မိႈတို႔ကို ေရာျပီးေတာ့ ငါးမိနစ္ခန္႔ မီးအားအလယ္အလတ္ေလာက္မွာ ထားေပးလိုက္ပါဦး။ ငါးမိနစ္ရွိသြားရင္ေတာ့ ပုစြန္၊ ငရုတ္ပြ၊ ခရမ္းခ်ဥ္သီးတို႔ ထပ္ထည့္ျပီး ေနာက္ထပ္ ငါးမိနစ္ခန္႔ထားပါ။ ဒါမွမဟုတ္ရင္လည္း ပုစြန္ပန္းေရာင္သမ္းလာျပီဆိုရင္ရပါျပီ။

ငါးမိနစ္ (သို႔) ပုစြန္ပန္းေရာင္သမ္းလာရင္ မီးအားကို အဆံုးထိေလွ်ာ့ခ်လိုက္ပါ။ အုန္းႏို႔ နဲ႔ ငါးငံျပာရည္ကို ထည့္ေပးျပီး အရသာျမည္းစမ္းၾကည့္ျပီး လိုအပ္သလို ျပင္ဆင္ပါ။ ေပါ့မယ္ထင္ရင္ေတာ့ ဆားနည္းနည္းေလး ထည့္ေပးျပီး အစပ္ၾကိဳက္ရင္ေတာ့ ငရုတ္သီးစိမ္းကို ဆႏၵရွိသေလာက္ ထည့္ေပးလို႔ ရပါတယ္။ ခ်ဥ္တယ္ဆိုရင္ေတာ့ သၾကား (၁)ဇြန္းထည့္ေပးလို႔ ရပါတယ္။ လက္လြန္ျပီး အငန္ဓာတ္မ်ားသြားရင္ လိေမၼာ္ရည္ေလးနည္းနည္း ထည့္ေပးျပီး ျပင္ဆင္လို႔ ရပါတယ္။

ျပီးရင္ေတာ့ ပြက္ပြက္ဆူေအာင္အထိ ထားေပးျပီးရင္ေတာ့ အုန္းႏို႔တံုယမ္းေလးကို ထိုင္းစတိုင္လ္ေလးနဲ႔ ခ်က္ျပဳတ္ျပီး သံုးေဆာင္လို႔ ရပါျပီ။

Source : thespruce


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs