• Food & Recipe
    ဒီတစ်ပတ်ပိတ်ရက်မှာ အစားတလိုင်းသမားတွေ သွားသင့်တဲ့ Duwun Food Carnival
Su Yee Moe
[Unicode Version]

ပိတ်ရက်ကျရင် ဘယ်သွားပြီး ဘာစားရမလဲလို့ စဉ်းစားနေတဲ့ foodie တွေအတွက် လာမယ့် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ပြည်သူ့ရင်ပြင်ထဲကိုသာ သွားလိုက်ပါတော့။ အရသာ အစုံအလင်ကို တစ်နေရာတည်းမှာ မြည်းစမ်းနိုင်မယ့် Duwun Food Carnival ရှိတယ်လေ။

26233677_1674034335968479_7726363460614507839_o.jpg 

Duwun Food Carnival ဆိုတာကတော့ အစားတစ်လိုင်းဆိုတဲ့လူတွေအတွက် အစားအသောက်တွေကို တစ်နေရာတည်းမှာ စိတ်ကြိုက်ဝယ်စားနိုင်မယ့် ပွဲလေးပါပဲ။ စားနေကြ အစားအသောက်တွေတင် မဟုတ်ဘူးနော်။ ဒေသ အစားအစာတွေလည်း အများကြီး ပါဦးမှာ။

26952610_1686186168086629_6803449962657797178_o.jpg 

မနှစ်က ပြုလုပ်ခဲ့တဲ့ Duwun Food Carnival တုန်းက ကြိတ်ကြိတ်တိုးစည်ကားခဲ့တဲ့ Charcolic ကျောက်မီးသွေးရေခဲမုန့်လည်း ပါဦးမယ်တဲ့။ အနံ့အရသာ ထူးခြားတဲ့ အနက်ရောင် ရေခဲမုန့်လေးကို စားဦးမယ်မို့လား။ ဒါ့အပြင် ပါဖောင် - ဆားအုံငါးကင်၊ မမလေး - မုန့်ဟင်းခါး၊ Mr Wok ရဲ့ ဆာတေးခေါက်ဆွဲ၊ မြို့မေတ္တာ - ပြည်ပလာတာတို့လို နာမည်ကြီးဆိုင်တွေပါဦးမှာ။ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းရဲ့ ဆယ်လီဘရစ်တီ အသုပ်စုံ ဆိုင်ကလည်း လာဖွင့်ဦးမယ်တဲ့။ ရတဲ့အမြတ်တွေကိုတော့ မကြီးစန်းက ပရဟိတအဖွဲ့တွေကို လှူမှာဆိုတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝတာပေါ့။

27164437_1686195968085649_1754485659766475352_o.jpg 

Pazzo ပီဇာဆိုင်၊ Waffle Boy ၊ The Crab ၊ Food Truck Rise & Grind ၊ ထိပ်တန်း ဝက်သားတုတ်ထိုးတို့အပြင် မန်းလက်ရာ - မလိုင်ပေါက်စီဆိုင်ကလည်း ရှိနေဦးမှာပါ။ မြန်မာ့ရိုးရာ အစားအသောက်တွေ၊ ဒေသထွက်အစားအစာတွေ၊ ဆိုင်ခန်းတွေက ရှိနေမှာဆိုတော့ စားချင်တာတွေကို ခုတည်းက တန်းစီပြီး စာရင်းလုပ်ထားလို့ရတာပေါ့။

27072460_1687398241298755_5170854443221228914_n.jpg 

အရသာ ပရိသတ်ကြီးအတွက် အထူးအစီအစဉ်တွေလည်း ရှိသေးတယ်နော်။ Ayathar နာမည်နဲ့ ဆိုင်ခန်းလေးဆီကို အရောက်လာခဲ့ပါဦး။ Samsung ဖုန်းနဲ့ ရေခဲသေတ္တာတွေကို မဲဖောက်ပေးမယ့် ကံစမ်းမဲ အစီအစဉ်တွေ ရှိပါတယ်။ ဉာဏ်စမ်းမေးခွန်းတွေဖြေပြီးရင် လက်ဆောင်တွေ၊ ဆုမဲတွေကို ရယူဖို့အတွက် ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်နေ့မှာ ပြည်သူ့ရင်ပြင် (လွှတ်တော်ဘက်ခြမ်း)က Duwun Food Carnival ကို အရောက်သာ လာခဲ့လိုက်တော့နော်။ နာမည်ကြီးအနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဦးမှာဆိုတော့ ဆိုင်ခန်းတွေပတ်ပြီး မုန့်တွေစားရင်း ဖျော်ဖြေရေးကဏ္ဍတွေကို အခမဲ့ ကြည့်လို့ရဦးမှာတဲ့။

 

[Zawgyi Version]

ပိတ္ရက္က်ရင္ ဘယ္သြားၿပီး ဘာစားရမလဲလို႔ စဥ္းစားေနတဲ့ foodie ေတြအတြက္ လာမယ့္ စေန၊ တနဂၤေႏြ ႏွစ္ရက္လံုး ျပည္သူ႔ရင္ျပင္ထဲကိုသာ သြားလိုက္ပါေတာ့။ အရသာ အစံုအလင္ကို တစ္ေနရာတည္းမွာ ျမည္းစမ္းႏိုင္မယ့္ Duwun Food Carnival ႐ွိတယ္ေလ။

Duwun Food Carnival ဆုိတာကေတာ့ အစားတစ္လိုင္းဆုိတဲ့လူေတြအတြက္ အစားအေသာက္ေတြကို တစ္ေနရာတည္းမွာ စိတ္ႀကိဳက္ဝယ္စားႏုိင္မယ့္ ပြဲေလးပါပဲ။ စားေနၾက အစားအေသာက္ေတြတင္ မဟုတ္ဘူးေနာ္။ ေဒသ အစားအစာေတြလည္း အမ်ားႀကီး ပါဦးမွာ။

မႏွစ္က ျပဳလုပ္ခဲ့တဲ့ Duwun Food Carnival တုန္းက ႀကိတ္ႀကိတ္တုိးစည္ကားခဲ့တဲ့ Charcolic ေက်ာက္မီးေသြးေရခဲမုန္႔လည္း ပါဦးမယ္တဲ့။ အနံ႔အရသာ ထူးျခားတဲ့ အနက္ေရာင္ ေရခဲမုန္႔ေလးကို စားဦးမယ္မုိ႔လား။ ဒါ့အျပင္ ပါေဖာင္ - ဆားအံုငါးကင္၊ မမေလး - မုန္႔ဟင္းခါး၊ Mr Wok ရဲ႕ ဆာေတးေခါက္ဆြဲ၊ ၿမိဳ႕ေမတၱာ - ျပည္ပလာတာတုိ႔လို နာမည္ႀကီးဆုိင္ေတြပါဦးမွာ။ မိတ္ကပ္ပညာ႐ွင္ ခင္စန္းဝင္းရဲ႕ ဆယ္လီဘရစ္တီ အသုပ္စံု ဆိုင္ကလည္း လာဖြင့္ဦးမယ္တဲ့။ ရတဲ့အျမတ္ေတြကိုေတာ့ မႀကီးစန္းက ပရဟိတအဖြဲ႔ေတြကို လွဴမွာဆုိေတာ့ ကုသိုလ္လည္းရ ဝမ္းလည္းဝတာေပါ့။

Pazzo ပီဇာဆုိင္၊ Waffle Boy ၊ The Crab ၊ Food Truck Rise & Grind ၊ ထိပ္တန္း ဝက္သားတုတ္ထိုးတို႔အျပင္ မန္းလက္ရာ - မလိုင္ေပါက္စီဆိုင္ကလည္း ႐ွိေနဦးမွာပါ။ ျမန္မာ့ရိုးရာ အစားအေသာက္ေတြ၊ ေဒသထြက္အစားအစာေတြ၊ ဆုိင္ခန္းေတြက ႐ွိေနမွာဆုိေတာ့ စားခ်င္တာေတြကို ခုတည္းက တန္းစီၿပီး စာရင္းလုပ္ထားလို႔ရတာေပါ့။

အရသာ ပရိသတ္ႀကီးအတြက္ အထူးအစီအစဥ္ေတြလည္း ႐ွိေသးတယ္ေနာ္။ Ayathar နာမည္နဲ႔ ဆိုင္ခန္းေလးဆီကို အေရာက္လာခဲ့ပါဦး။ Samsung ဖုန္းနဲ႔ ေရခဲေသတၱာေတြကို မဲေဖာက္ေပးမယ့္ ကံစမ္းမဲ အစီအစဥ္ေတြ ႐ွိပါတယ္။ ဉာဏ္စမ္းေမးခြန္းေတြေျဖၿပီးရင္ လက္ေဆာင္ေတြ၊ ဆုမဲေတြကို ရယူဖုိ႔အတြက္ ဇန္နဝါရီ ၂၇ ရက္နဲ႔ ၂၈ ရက္ေန႔မွာ ျပည္သူ႔ရင္ျပင္ (လႊတ္ေတာ္ဘက္ျခမ္း)က Duwun Food Carnival ကို အေရာက္သာ လာခဲ့လိုက္ေတာ့ေနာ္။ နာမည္ႀကီးအႏုပညာ႐ွင္ေတြရဲ႕ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြလည္း ပါဦးမွာဆုိေတာ့ ဆိုင္ခန္းေတြပတ္ၿပီး မုန္႔ေတြစားရင္း ေဖ်ာ္ေျဖေရးက႑ေတြကို အခမဲ့ ၾကည့္လို႔ရဦးမွာတဲ့။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs