ခရမ်းချဉ်သီးကို ကျေညက်နေအောင် ချက်ပြုတ်တာမဟုတ်တဲ့အတွက် ခရမ်းချဉ်သီးအရသာကို ပိုခံစားရပါတယ်။

အိန္ဒိယစတိုင်လ် ခရမ်းချဉ်သီးဘဲဥဟင်းကတော့ ကျွန်တော်တို့ စားသုံးတဲ့ ပုံစံနဲ့ နီးစပ်ပါတယ်။ ဟင်းကျက်ခါနီးမှာ အုန်းနို့ဆမ်းပြီးတော့ထည့်ပေးတာလေးပဲ ကွာခြားပြီး အုန်းနို့ကြောင့်ပဲ အနံ့ နဲ့ အရသာ ကွဲပြားသွားပါတယ်။ အိန္ဒိယမှာ ချက်ပြုတ်တဲ့အခါမှာတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို အများအပြားအသုံးပြုပြီး ချက်ပြုတ်လေ့ရှိပါတယ်။ အခုချက်တဲ့ အခါမှာတော့ ခရမ်းချဉ်သီးကို ကျေညက်သွားအောင် ချက်ပြုတ်တာမဟုတ်ပဲ အတုံးလေးတွေအဖြစ်ပဲ ချက်ပြုတ်တာမို့လို့ ဘဲဥ နဲ့ ခရမ်းချဉ်သီးရဲ့ အရသာကို ပိုပြီးတော့ ပေါ်လွင်စေပါတယ်။ စားလို့မြိန်မယ့် ဟင်းလျာဖြစ်ပြီးတာမို့ ခရမ်းချဉ်သီးဘဲဥဟင်း ချက်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။



 

ပါဝင်ပစ္စည်းများ

 

ဘဲဥပြုတ် - ၄လုံး

အစိမ်းမှုန့် - အနည်းငယ်

ကြက်သွန်နီ - ၂လုံး (ပါးပါးလှီးပေးထားပါ)

ခရမ်းချဉ်သီး - ၄လုံး   ( အစိတ်သေးသေးလေးများ လှီးပေးပါ)

အုန်းနို့ - ၁/၄ ခွက်ခန့်

ငရုတ်သီးစိမ်း - ၃တောင့် (ပါးပါးလှီးထားပါ)

ရှားနံနံ - ၄ ရွက်

မဆလာ - အနည်းငယ်

နနွင်းမှုန့် - အနည်းငယ်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

ဆား - အနည်းငယ်

ဆီ- အနည်းငယ်

 

ပြုလုပ်နည်း

 

ဒယ်အိုးအတွင်းသို့ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်နီပါးပါးလှီးထားတာကို ထည့်ပေးပါ။ ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်လည်း ထည့်ပေးလိုက်ပါ။  ကြက်သွန်နီတွေ နွမ်းသွားပြီဆိုရင် ခရမ်းချဉ်သီး၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့် နဲ့ ဆားတို့ထည့်ပြီး (၂) မိနစ်ခန့် ချက်ပေးပါ။

 

(၂) မိနစ်ခန့်ကြာရင်တော့ ဘဲဥ နဲ့ မဆလာထည့်ပေးပြီး  နောက်ထပ် (၂) မိနစ်ခန့် ထားပေးပါ။ အရသာကို မြည်းစမ်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပေးပါ။

 

ရေကိုတော့ ၁/၄ ခွက်ခန့်ထည့်ပေးရပါမယ်။ ရေပွက်ပွက်ဆူလာရင် အုန်းနို့ရည်လေး ထည့်ပေးပြီး မီးအားလျှော့ပေးလိုက်ပါ။ ရှားနံနံရွက်ကို လက်နဲ့ဆိတ်ပြီးတော့ ဘဲဥပေါ် ဖြူးပေးပါဦး။  ဒါဆိုရင် စားသုံးလို့ ရပါပြီ။

Source : Swadcuisine


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က