ဗိုက်ပြည့်စာတွေ မစားနိုင်တော့ဘူး ... ရင်အေးမှာလေးတွေပဲ စားတော့မယ်။

ဒီနေ့ဆိုရင် Duwun Food Carnival 2018 ရဲ့ ဒုတိယမြောက်နေ့ကို ရောက်လာပါပြီ။ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်နဲ့ အစားအသောက်တွေက များလွန်းတော့ ဘာစားရမှန်းမသိဘူး ဖြစ်နေကြပြီလား။ စားရတာများပြီး ဗိုက်ပြည့်နေလို့ ရင်မယ့်အစားအစာလေးတွေပဲ စားချင်သူတွေအတွက် လမ်းညွှန်လိုက်တယ်နော်။

 

အအေးဆိုင်တွေကတော့ ဆိုင်တန်းတိုင်းလိုလိုမှာ ရှိနေတာမို့ တကူးတက လိုက်ရှာနေစရာတော့ မလိုပါဘူး။ ပြီးတော့ အအေးကလည်း အမျိုးမျိုးရှိတယ်။ i-Cha ဆိုင်လေးမှာ milk tea နဲ့ fruit tea တွေ ရနိုင်ပါတယ်။ Bubble Tea ကြိုက်သူတွေအတွက်ပေါ့။

 

နောက်တစ်ခုကတော့ ဒီပွဲကို လာသူတိုင်း စိတ်ဝင်စားတဲ့ ရေခဲမုန့်ပါ။ Charcolix ရေခဲမုန့်ရဲ့ အရသာက တခြားရေခဲမုန့်တွေနဲ့ မတူတာမို့လို့ စားကြည့်သင့်တယ်နော်။

 

ပုံးလေးတွေနဲ့ရောင်းတဲ့ အအေးလည်း ရှိသေးတယ်နော်။ အအေးအများကြီး သောက်ချင်ရင်တော့ ပုံးလေးနဲ့ အအေးလေးကိုရွေးပေါ့။ တစ်ခုဝယ်ပြီး နှစ်ယောက်သောက်လို့ရတာဆိုတော့ ပျော်ဖို့လည်းကောင်းတယ်။

ယိုးဒယား အုန်းစိမ်းဂျယ်လီလေးတွေကိုလည်း ယိုးဒယား အသားချောင်းကင်ဆိုင်မှာ တစ်ခါတည်း ရနိုင်ပါတယ်။ ရေခဲစိမ်ဂျယ်လီလေးတွေက အိအိချိုချိုလေးဆိုတော့ ရင်ထဲအေးသွားတာပေါ့။ စတိတ်စင်ရှေ့နားလေးမှာ အုန်းစိမ်းရည်ဝယ်လို့လည်း ရသေးတယ်။ အုန်းသီးနုနုလေးကို အရည်သောက်ပြီး အသားကိုဇွန်းလေးနဲ့ခြစ်စားရတာပါ။

 

နောက်ဆုံးတစ်ခုကတော့ ငယ်စဉ်ကလေးဘဝကို ပြန်သတိရစေမယ့် အုန်းမွှေးလုံးလေးပေါ့။ ပရဟိတလူငယ်တွေက လာရောင်းပေးနေကြတာပါ။ ကုသိုလ်လည်းရပြီး ရင်ထဲအေး အမောပြေသွားမှာ သေချာတယ်။ ငယ်ငယ်တုန်းကလိုပဲ စက်ဝိုင်းလေးကိုလှည့်ပြီး များများကျရင် အုန်းမွှေးလုံး များများရမှာပါနော်။

Share

Loading Next Article...
က္က