သွေးတိုးပြီဆိုရင် အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်ရသလို ဆိုးဝါးပြင်းထန်လာတဲ့အခါ ဦးနှောက်သွေးကြော ပြတ်သည်အထိ ဖြစ်သွားနိုင်ပါတယ်။

သွေးတိုးရောဂါဟာ သက်ကြီးပိုင်းတွေကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်သလို လူငယ်၊ လူရွယ်တွေမှာလည်း မကင်းတဲ့ ရောဂါတစ်မျိုးပါ။ သွေးတိုးပြီဆိုရင် အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်ရသလို ဆိုးဝါးပြင်းထန်လာတဲ့အခါ ဦးနှောက်သွေးကြော ပြတ်သည်အထိ ဖြစ်သွားနိုင်ပါတယ်။ သွေးတိုးရောဂါကို အောက်ဖော်ပြပါ အစားအစာများကို စားသုံးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။



၁။ အာလူးမီးဖုတ်

01_Potato_Foods-That-Help-Lower-High-Blood-Pressure_162416345_cobraphotography-760x506.jpg 

မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဟာ သွေးဖိအားကို လျော့ကျစေနိုင်တဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တွေပါ။ အဲဒီအာဟာရဓာတ်တွေဟာ အာလူးထဲမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ အထူးသဖြင့် အာလူးမီးဖုတ်ထဲမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ အာလူးကိုမီးဖုတ်စားခြင်းက ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်တွေ ပိုထွက်လာအောင်လည်း လှုံ့ဆော်ပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ထိန်းညှိပေးနိုင်ပါတယ်။

၂။ နို့အေး

02_Milk_Foods-That-Help-Lower-High-Blood-Pressure_793852804_HelloRF-Zcool-760x506.jpg 

နွားနို့အေးအေးလေးတစ်ခွက်မှာ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးဖိအားကို (၃) ရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း (၁၅) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ဆေးပညာရှင်တွေက ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ်ချို့တဲ့နေသူတွေဟာ သွေးတိုးဖြစ်နိုင်ခြေ ပိုများတဲ့အတွက် နွားနို့သောက်ပေးဖို့ ညွှန်ကြားထားပါတယ်။

၃။ ကြက်ဥ

03_Eggs_Foods-That-Help-Lower-High-Blood-Pressure_255816604_siambizkit-760x506.jpg 

ကြက်ဥမှာ ကာဘိုဟိုက်ဒရိတ်ပါဝင်လို့ နှလုံးအတွက် မကောင်းဘူးလို့ ထင်နေရင်တော့ မှားနေပါပြီ။ တကယ်တော့ ကြက်ဥအကာကို စားပေးခြင်းဟာ သွေးတိုးကိုတောင် ကျစေနိုင်ပါသေးတယ်။ MensHealth.com ရဲ့အဆိုအရဆိုရင် ဓာတ်ခွဲခန်းကြွက်တွေကို ကြက်ဥအကာကျွေးခြင်းဖြင့် သွေးဖိအားကို လျော့ကျစေနိုင်ပါတယ်တဲ့။ နောက်ပြီး ကြက်ဥမှာ ကြွယ်ဝစွာပါဝင်တဲ့ ပရိုတိန်း၊ ဗိုက်တာမင်ဒီနဲ့ တခြားအာဟာရဓာတ်တွေကလည်း သွေးဖိအားကို လျော့နည်းစေနိုင်ပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း

04_Broccoli_Foods-That-Help-Lower-High-Blood-Pressure_650350900_Bukhta-Ihor-760x506.jpg 

ပန်းဂေါ်ဖီစိမ်းကတော့ သွေးဖိအားကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ မဂ္ဂနီစီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ် အစရှိတဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အာဟာရဗေဒ ပညာရှင်တွေရဲ့ အဆိုအရတော့ အဲဒီသတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ သီးနှံတွေဟာ သွေးဖိအားကို လျော့နည်းစေနိုင်ပါတယ်တဲ့။ သုတေသနတွေအရလည်း ပန်းဂေါ်ဖီစိမ်းစားခြင်းဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါတို့ကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

၅။ ဗီတွတ်ဖျော်ရည်

05_Beet_Foods-That-Help-Lower-High-Blood-Pressure_214640959_Magdanatka-760x506.jpg 

ဗီတွတ်ဆိုတာ ဥရောပဘက်မှာ သကြားထုတ်လုပ်ရာမှာသုံးတဲ့ beetroot ဆိုတဲ့ ခရမ်းရောင်မုန်လာဥတစ်မျိုးကို ခေါ်တာပါ။ သွေးတိုးရှိသူတွေဟာ တစ်နေ့ကို ဗီတွတ်ဖျော်ရည် (၈) အောင်စခန့် သောက်ပေးမယ်ဆိုရင် သွေးဖိအား (၁၀) mmHg ခန့် ကျဆင်းသွားမှာဖြစ်ပါတယ်။ ဗီတွတ်ထဲမှာပါဝင်တဲ့ နိုက်ထရိတ်ဟာ ခန္ဓာကိုယ်ထဲရောက်ရင် နိုက်ထရစ်အောက်ဆိုဒ်အဖြစ် အသွင်ပြောင်းလဲသွားပြီး အဲဒီပါဝင်ပစ္စည်းက သွေးကြော်တွေကို ကျယ်စေသလို သွေးစီးဆင်းမှုကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။

၆။ ငှက်ပျောသီး

07_Bananas_Foods-That-Help-Lower-High-Blood-Pressure_345286313_Ahanov-Michael-760x506.jpg 

သွေးဖိအားကို ကျဆင်းစေတဲ့ ပိုတက်စီယမ်ဓာတ်ဟာ ငှက်ပျောသီးမှာ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးတစ်လုံးမှာ လူတစ်ယောက် နေ့စဉ်ပုံမှန်လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏ (၁၁) ရာခိုင်နှုန်း ပါဝင်ပါတယ်။ ငှက်ပျောသီးကို နေ့စဉ်ပုံမှန် စားပေးမယ်ဆိုရင် နှလုံးရောဂါသည်တွေနဲ့ သွေးတိုးသမားတွေအတွက်တော့ အထောက်အကူဖြစ်စေနိုင်မှာပါ။

၇။ အမဲရောင်ချောကလက်

08_Chocolate_Foods-That-Help-Lower-High-Blood-Pressure_205878508_Fortyforks-760x506.jpg 

ချောကလက်စားခြင်းက သွေးတိုးကို တကယ်ကျစေနိုင်ပါသလား။ အမဲရောင်ချောကလက်ကတော့ သွေးတိုးကျစေနိုင်ပါတယ်။ ကိုကိုးမှုန့်နဲ့ အဓိကပြုလုပ်ထားပြီး ခါးသက်တဲ့အရသာနဲ့ သွေးဖိအားကို ကျစေနိုင်တဲ့ အမဲရောင်ချောကလက်ဟာ သွေးတိုးသမားတိုင်းအတွက်တော့ ဖော်မွန်ပါပဲ။ အမဲရောင်ချောကလက်ထဲမှာ ပါဝင်တဲ့ flavonol ဓာတ်ဟာ သွေးကြောတွေကို ဆန့်နိုင်ကြုံ့နိုင်စွမ်း ပိုမိုကောင်းမွန်စေပါသေးတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က