သံပရိုသီး (lemon) ဟာ citric နွယ်ဝင် အသီးတစ်မျိုးဖြစ်ပြီး အက်ဆစ်ဓာတ်ကြွယ်ဝမှုနဲ့ စိတ်ကိုကြည်လင် လန်းဆန်းစေတဲ့ မွှေးရနံ့တို့ကြောင့် ထင်ရှားပါတယ်။
Thiha Htun

သံပရိုသီး (lemon) ဟာ citric နွယ်ဝင် အသီးတစ်မျိုးဖြစ်ပြီး အက်ဆစ်ဓာတ်ကြွယ်ဝမှုနဲ့ စိတ်ကိုကြည်လင် လန်းဆန်းစေတဲ့ မွှေးရနံ့တို့ကြောင့် ထင်ရှားပါတယ်။

 

သံပရိုသီးကို အသုပ်အမျိုးမျိုးမှာ dresser အဖြစ် အသုံးပြုခြင်း၊ သနပ်ပြုလုပ်ပြီး စားသုံးခြင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းတို့မှာ အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် သံပရိုသီးကို ရေမှာစိမ်ပြီး ပြုလုပ်ထားတဲ့ သံပရိုရေကိုလည်း detox water တစ်မျိုးအဖြစ် လူအများအသုံးပြုကြပါတယ်။ သံပရိုသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့....

၁။ ဝိတ်ကျစေတယ်

1.jpg 

သံပရိုရေဟာ ဝိတ်ကျချင်သူတွေအတွက်တော့ အကောင်းဆုံးသူငယ်ချင်းပါပဲ။ သံပရိုသီးထဲမှာ ပါဝင်တဲ့ polyphenol ဓာတ်ဟာ အချိန်တိုင်းလိုလို စားချင်သောက်ချင်နေတဲ့စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အစာမစားခင် သံပရိုရေလေးတစ်ခွက် သောက်ပေးခြင်းက အစာစားချိန်မှာ လိုတာထက်ပိုပြီး စားမိခြင်းကို တားဆီးပေးနိုင်ပါတယ်။ သံပရိုသီးတစ်လုံးကို အရည်ညှစ်ထုတ်ပြီး ရေ (၈) အောင်စလောက်နဲ့ ရောပေးရင် သံပရိုရေကို ရရှိနိုင်ပါတယ်။ သံပရိုရေကို နွေးနွေးလေးသောက်လို့ရသလို ရေခဲနဲ့ရောပြီး အေးအေးလေးသောက်လို့လည်း ရပါတယ်။

၂။ ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်တယ်

သံပုရာသီးတို့၊ သံပရိုသီးတို့လို citrus fruit အမျိုးအစားတွေမှာ ကြွယ်ဝမှာပါဝင်တဲ့ ဗိုက်တာမင်စီဟာ ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ပြီးတော့ နောက်တစ်ခုက သံပရိုရေရဲ့ လူသိများတဲ့အချက်တစ်ချက်ဟာ ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်စွမ်း ရှိတာပါပဲ။ သံပရိုရေသောက်ခြင်းကြောင့် အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ များလာတဲ့အခါ ဖျားနာရောဂါကို ဖြစ်စေတဲ့ ကူးစက်ရောဂါပိုးတွေကို ကာကွယ်တားဆီးပေးတာပါ။

၃။ အစာကြေလွယ်စေတယ်

47.jpg 

သံပရိုရေသောက်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးကတော့ အစာခြေနိုင်စွမ်း ပိုမိုကောင်းမွန်တာပါပဲ။ သံပရိုသီးထဲမှာ ပါဝင်တဲ့ citrus flavonoid ဓာတ်ဟာ အစာခြေအင်္ဂါစနစ်ကို ထောက်ကူပေးပြီး အစာခြေနှုန်းကို ပိုမိုမြန်ဆန်စေပါတယ်။ အကောင်းဆုံးရလဒ်တွေကို ရရှိဖို့ဆိုရင်တော့ သံပရိုရေကို နွေးနွေးလေးသောက်တာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် အိမ်မှာသက်ကြီးရွယ်အိုတွေရှိရင် အစာမစားခင် သံပရိုရေနွေးနွေးလေးတစ်ခွက်ကို တိုက်ပေးသင့်ပါတယ်။

၄။ ရေဓာတ်ပြည့်ဝစေတယ်

ရေဓာတ်ပြည့်ဝခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ သံပရိုသီးနံ့လေး မွှေးနေတဲ့ သံပရိုရေတစ်ခွက်ကို အစာမစားခင် ပုံမှန်သောက်ပေးခြင်းက ရေဓာတ်ပြည့်ဝနေအောင်လည်း ကူညီစွမ်းဆောင်ပေးနိုင်မှာပါ။ နောက်တစ်ခုက ရိုးရိုးရေသောက်တာထက်စာရင် သံပရိုသီးနံ့လေး သင်းနေတဲ့ရေကို သောက်ခြင်းက ရေပိုသောက်ဖြစ်တာပေါ့။

၅။ ပိုမိုနုပျိုစေတယ်

69.jpg 

သံပရိုရေထဲမှာပါဝင်တဲ့ ဗိုက်တာမင်စီက အရေပြားကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ဗြိတိန်သုတေသနတစ်ခုရဲ့ အဆိုအရဆိုရင် ဗိုက်တာမင်စီ ကြွယ်ဝသူတွေဟာ မျက်နှာအရေပြားပေါ်မှာ အရေးအကြောင်းတွေ ပေါ်ပေါက်နိုင်စွမ်းလည်း နည်းပါးပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဗိုက်တာမင်စီဟာ ခန္ဓာကိုယ်က free radical တွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့အတွက် အရေပြားဆဲလ်တွေကိုလည်း နုပျိုကျန်းမာစေတာပါ။

၆။ အသည်းကိုကျန်းမာစေတယ်

သံပရိုရေဟာ အသည်းကျန်းမာရေးကိုလည်း ကူညီပေးနိုင်ပြီး အသည်းကို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်နဲ့ ဓာတုပစ္စည်းတွေကို စစ်ထုတ်နိုင်တဲ့ ဇကာတစ်မျိုးအဖြစ် လုပ်ဆောင်နိုင်အောင် ထောက်ကူပေးပါတယ်။ တကယ်တော့ သံပရိုရေထဲက ဗိုက်တာမင်စီနဲ့ ရေဓာတ်ပြည့်ဝစေတဲ့ ဂုဏ်သတ္တိဟာ ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ဆောင်မှုကို ကူညီပေးနိုင်တာပါ။ ဒါ့အပြင် သံပရိုရေထဲက flavonoid ကလည်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်တော့ အသည်းကျန်းမာရေးကို ကောင်းမွန်စေနိုင်တာပေါ့။

Source: Reader's Digest


Author


က္က