သီဟိုဠ်စေ့ဟာ အာဟာရဓာတ်ပြည့်ဝပြီး ပရိုတိန်းနဲ့ အခြားသတ္ထုဓာတ်တွေ ကြွယ်ဝတဲ့ အစေ့အဆန်လေးပါ။

သီဟိုဠ်စေ့ဆိုတာ ကျောက်ကပ်ပုံစံ အစေ့အဆန်လေးတွေဖြစ်ပြီး စိမ့်တဲ့အရသာရှိပါတယ်။ သီဟိုဠ်ကျွန်းဘက်က စတင်ဝင်ရောက်လာတဲ့အတွက် သီဟိုဠ်စေ့လို့ခေါ်ပေမဲ့ ဒီအစေ့အဆန်လေးရဲ့ မူလပေါက်ဖွားရာ ဒေသကတော့ ဘရာဇီးနိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းဒေသပဲ ဖြစ်ပါတယ်။



 

သီဟိုဠ်စေ့ဟာ အာဟာရဓာတ်ပြည့်ဝပြီး ပရိုတိန်းနဲ့ အခြားသတ္ထုဓာတ်တွေ ကြွယ်ဝတဲ့ အစေ့အဆန်လေးပါ။ သီဟိုဠ်စေ့ထဲမှာ ဗိုက်တာမင်တွေ အများကြီးလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် နေ့စဉ်စားသုံး ပေးသင့်ပါတယ်။ သီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...

၁။ နှလုံးရောဂါကို ကာကွယ်နိုင်တယ်

101.jpg 

သီဟိုဠ်စေ့တွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီအဆီဓာတ်တွေဟာ ဗိုက်တာမင်အေ၊ ဒီ၊ အီး၊ ကေတို့ကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်အောင် ကူညီလုပ်ဆောင်ပေးနိုင်ပြီး ဖက်တီးအက်ဆစ်တွေကိုလည်း ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဖက်တီးအက်ဆစ်တွေဟာ ဦးနှောက်လုပ်ဆောင်မှုနဲ့ သွေးလည်ပတ်စနစ်အတွက် အရေးပါပါတယ်။ သီဟိုဠ်စေ့စားပေးခြင်းဖြင့် နှလုံးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်မှ ရရှနိုင်တဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၂။ ကြွက်သားနဲ့ အာရုံကြောအားကောင်းစေတယ်

သီဟိုဠ်စေ့ထဲမှာ မဂ္ဂနီစီယမ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်ဟာ တကယ်တော့ အရိုး၊ ကြွက်သား၊ တစ်ရှူးနဲ့ ကိုယ်တွင်းကလီစာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒါတင်မကသေးပါဘူး။ မဂ္ဂနီစီယမ်ဓာတ်ဟာ သွေးဖိအားကို ထိန်းချုပ်ပေးခြင်း၊ ကိုယ်ခံအားကို ကောင်းမွန်စေခြင်း၊ အာရုံကြောလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးခြင်း၊ အရိုးတွေကို သန်မာစေခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေကို ကူညီလုပ်ဆောင်ပေးနိုင်ပါသေးတယ်။

၃။ ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းစေတယ်

diabetes test.jpg 

သီဟိုဠ်စေ့ထဲက မဂ္ဂနီစီယမ်ဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေမှာ ပါဝင်လုပ်ဆောင်နိုင်ပြီး ခန္ဓာကိုယ်ထဲက အင်ဆူလင် လုပ်ဆောင်မှုတွေကိုလည်း ထိန်းချုပ်နိုင်ပါသေးတယ်။ အင်ဆူလင်တွေကို ထိန်းချုပ်နိုင်တော့ သွေးတွင်းသကြားလယ်ဗယ်ကိုပါ အလိုလိုထိန်းချုပ်ပြီးသား ဖြစ်တာပေါ့။ သီဟိုဠ်စေ့ထဲမှာ သကြားပါဝင်မှု အလွန်နည်းပါးပြီး အန္တရာယ်ရှိတဲ့ ကိုလက်စ်ထရောတွေလည်း ပါဝင်မှုမရှိတဲ့အတွက် ဆီးချိုရောဂါ ဝေဒနာရှင်တွေအတွက် သင့်တော်ပါတယ်။

၄။ ကင်ဆာကုသရာမှာ အထောက်အကူပြုနိုင်တယ်

လေ့လာမှုတွေအရ သီဟိုဠ်စေ့ထဲမှာ anacardic acid, cardanol နဲ့ cardol တို့လို antioxidant ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကင်ဆာဝေဒနာရှင်တွေနဲ့ ဘရိန်းကျူမာ (Brain Tumor) ရောဂါရှင်တွေအတွက် ရောဂါကုသရာမှာ ပါဝင်ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် သီဟိုဠ်စေ့ကို ထောင်းထားတဲ့ သီဟိုဠ်မှုန့်ဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး လူနာတွေအတွက် ဘေးဥပါဒ်လည်း မရှိပါဘူးနော်။

၅။ အရိုးနဲ့ သွားတွေကို သန်မာစေတယ်

56.jpg 

သီဟိုဠ်စေ့ထဲမှာ ဖော့စ်ဖရတ်စ်ဓာတ်ပါဝင်ပြီး အဲဒီဓာတ်ဟာ အရိုးနဲ့သွားကျန်းမာရေးအတွက် အထူးအရေးပါပါတယ်။ သီဟိုဠ်စေ့ထဲက ဖော့စ်ဖရတ်စ်ဓာတ်ဟာ ပရိုတိန်းပေါင်းစည်းမှု၊ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်စုပ်ယူမှုနဲ့ ဆဲလ်ကျန်းမာရေးတို့မှာ ပါဝင်ကူညီနိုင်စွမ်း ရှိပါတယ်။

၆။ သည်းခြေကျောက်တည်ခြင်းမှ ကာကွယ်ပေးနိုင်တယ်

သည်းခြေကျောက်ဆိုတာ သည်းခြေထဲမှာ ဖြစ်တည်နေတဲ့ ကိုလက်စ်ထရော ကြွယ်ဝစွာပါဝင်တဲ့ ကျောက်တုံးပုံစံ အညစ်အကြေး ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ သီဟိုဠ်စေ့ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သည်းခြေကျောက်တည်ခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က