• Food & Recipe
    စမ်းချောင်းထဲမှာ ကချင်အစားအစာ စားကြမယ်ဆိုရင်
Thiha Htun
[Unicode Version]

မနေ့က ရုံးဆင်းချိန်မှာ တစ်ခုခုကို စားချင်၊ ဝါးချင်စိတ်ဖြစ်မိလို့ စမ်းချောင်းထဲမှာ တစ်လမ်းဝင်၊ တစ်လမ်းထွက် စားချင်တာလေးတွေကို လျှောက်ရှာမိတယ်။

အားလုံးသိတဲ့အတိုင်းပဲ စမ်းချောင်းမှာ အပေါဆုံးက ကောင်မလေးချောချောလေးတွေနဲ့ စားသောက်ဆိုင်တွေပဲလေ။ မနေ့ကတော့ တိုင်းရင်းသားအစားအစာ တစ်ခုခုကို စားချင်လို့ ကချင်စာ ဒါမှမဟုတ် ရှမ်းစာရောင်းတဲ့ဆိုင်ကို လိုက်ရှာတာ။ နောက်ဆုံးတော့ ကချင်ဆိုင်လေးတစ်ဆိုင်ကိုတွေ့လို့ အဲဒီမှာပဲ ဝါးတီးဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။

1.jpg 

ဆိုင်လေးက အိမ်ဆိုင်လေးပါ။ စမ်းချောင်း ဆရာထွန်းလမ်းထဲက Kachin Cuisine ဆိုတဲ့ ကချင်ရိုးရာ ဆိုင်လေး။ ကချင်မှာဖောက်တဲ့ ကချင်ခေါင်ရည်စစ်စစ်လည်း ရတယ်လို့ပြောတယ်။ သောက်ချင်ပေမယ့်

နက်ဖြန်ရုံးတက်ရဦးမှာဆိုတော့ သောကြာနေ့မှပဲ ပြန်လာပြီး TGIF လုပ်ဖို့ စဉ်းစားလိုက်တယ်။ (ဒါတောင် ဆိုင်ရှင်အစ်မကြီးက ရုပ်ကြည့်ပြီး သနားသွားတယ်ထင်ပါရဲ့။ ခေါင်ရည်အမြည်းတစ်ခွက်ဆိုပြီး တိုက်လိုက်သေးတယ် :P)

2.jpg 

အဲဒီဆိုင်လေးမှာ ကချင်အစားအစာမျိုးစုံရတယ်ဗျ။ ကြက်ကချင်ချက်တို့၊ ကြက်သားဆန်လှော်တို့၊ ဝက်ကချင်ချက်တို့၊ ဝက်သားသားတောက်တောက် ကြက်ဥပေါင်းတို့၊ ဝက်မိုးလွတ်ဆီဆမ်းတို့၊ အမဲတောက်တောက် ကချင်ချက်တို့၊ အမဲထောင်းတို့လို ကချင်ရိုးရာ အစားအစာလေးတွေကို မှာစားလို့ရတယ်။ ဒါတင်မကသေးဘူး။ ကြက်သား၊ ဝက်သားမစားချင်သူတွေအတွက် ငါးမျှစ်ချဉ်ချက်တို့၊ ကချင်စတိုင်လ် ငါးလေးအိုးကပ်ဟင်းတို့လည်း ရသေးတယ်။

3.jpg 

ဒါမှမဟုတ် ဖျော်ရည်လေးနဲ့ အသုပ်အလုပ်လေးလောက်ပဲ မြည်းစမ်းချင်သူတွေအတွက်လည်း အသုပ်မျိုးစုံနဲ့ ပန်းဥထောင်း၊ မဂရမ့်ထောင်း၊ ပဲပုတ်ထောင်း၊ နန်နံပင်ထောင်း၊ မှိုကပ်ထောင်း၊ အာလူးထောင်းနဲ့ ငါးပေါက်သီးထောင်းတို့လို ကချင်အစားအစာ အဆန်းလေးတွေကို မြည်းစမ်းနိုင်ပါတယ်။

ကျွန်တော်ကတော့ လခမထုတ်ရသေးလို့ ဘိုင်ပြတ်နေတာနဲ့ အမဲအူကြမ်းခေါက်ဆွဲတစ်ပွဲပဲ မှာစားဖို့ ဆုံးဖြတ်လိုက်တယ်။ "နေနှင့်ဦးပေါ့" လို့တော့ စိတ်ထဲမှာ တေးထားတာပေါ့လေ။

အမဲအူကြမ်းခေါက်ဆွဲက ဆန်စီးခေါက်ဆွဲကို ကချင်စတိုင်လ် စွပ်ပြုတ်ရည်နဲ့ရောပြီး အပေါ်ကနေ အမဲအူကြမ်းတို့၊ ဂျင်းဖတ်တို့၊ နံနံပင်တို့ အုပ်ထားတာပါ။ အရသာကို စိတ်တိုင်းကျ ပြန်ပြင်လို့ရအောင် ကြက်သားမှုန့်၊ ဆားနဲ့ ငရုပ်သီးမှုန့်တွေကို ပန်းကန်လုံးတစ်လုံးနဲ့ သက်သက်ထည့်ပြီး လာချပေးထားတယ်။

4.jpg 

ကျွန်တော်ကတော့ ကချင်မုန့်ညှင်းချဉ်လေးနဲ့ရောပြီး ဗိုက်ဆာဆာနဲ့ ဆွဲလိုက်တာ (၅) မိနစ်မပြည့်ခင် တက်တက်စင်ပြောင်သွားတယ်။ ခေါင်ရည်လေးနဲ့ တွဲစားရင် တကယ်လိုက်တယ်ဗျ သိလား။

ဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ထားတော့ စားရတာအဆင်ပြေပါတယ်။ နောက်နေ့မှ တခြား menu တွေကို လာမြည်းကြည့်ဖို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။  သြော်... မေ့တော့မလို့... အမဲအူကြမ်းခေါက်ဆွဲလေးရဲ့ ဈေးနှုန်းကတော့ တစ်ပွဲကို (၂၀၀၀) ကျပ်ပါနော်။

[Zawgyi Version]

မေန႔က ႐ံုးဆင္းခ်ိန္မွာ တစ္ခုခုကို စားခ်င္၊ ဝါးခ်င္စိတ္ျဖစ္မိလို႔ စမ္းေခ်ာင္းထဲမွာ တစ္လမ္းဝင္၊ တစ္လမ္းထြက္ စားခ်င္တာေလးေတြကို ေလွ်ာက္႐ွာမိတယ္။

အားလံုးသိတဲ့အတိုင္းပဲ စမ္းေခ်ာင္းမွာ အေပါဆံုးက ေကာင္မေလးေခ်ာေခ်ာေလးေတြနဲ႔ စားေသာက္ဆိုင္ေတြပဲေလ။ မေန႔ကေတာ့ တိုင္းရင္းသားအစားအစာ တစ္ခုခုကို စားခ်င္လို႔ ကခ်င္စာ ဒါမွမဟုတ္ ႐ွမ္းစာေရာင္းတဲ့ဆိုင္ကို လိုက္႐ွာတာ။ ေနာက္ဆံုးေတာ့ ကခ်င္ဆိုင္ေလးတစ္ဆိုင္ကိုေတြ႕လို႔ အဲဒီမွာပဲ ဝါးတီးဆြဲဖို႔ ဆံုးျဖတ္လိုက္တယ္။

ဆိုင္ေလးက အိမ္ဆိုင္ေလးပါ။ စမ္းေခ်ာင္း ဆရာထြန္းလမ္းထဲက Kachin Cuisine ဆိုတဲ့ ကခ်င္႐ိုးရာ ဆိုင္ေလး။ ကခ်င္မွာေဖာက္တဲ့ ကခ်င္ေခါင္ရည္စစ္စစ္လည္း ရတယ္လို႔ေျပာတယ္။ ေသာက္ခ်င္ေပမယ့္

နက္ျဖန္႐ံုးတက္ရဦးမွာဆိုေတာ့ ေသာၾကာေန႔မွပဲ ျပန္လာၿပီး TGIF လုပ္ဖို႔ စဥ္းစားလိုက္တယ္။ (ဒါေတာင္ ဆိုင္႐ွင္အစ္မႀကီးက ႐ုပ္ၾကည့္ၿပီး သနားသြားတယ္ထင္ပါရဲ႕။ ေခါင္ရည္အျမည္းတစ္ခြက္ဆိုၿပီး တိုက္လိုက္ေသးတယ္ :P)

အဲဒီဆိုင္ေလးမွာ ကခ်င္အစားအစာမ်ိဳးစံုရတယ္ဗ်။ ၾကက္ကခ်င္ခ်က္တို႔၊ ၾကက္သားဆန္ေလွာ္တို႔၊ ဝက္ကခ်င္ခ်က္တို႔၊ ဝက္သားသားေတာက္ေတာက္ ၾကက္ဥေပါင္းတို႔၊ ဝက္မိုးလြတ္ဆီဆမ္းတို႔၊ အမဲေတာက္ေတာက္ ကခ်င္ခ်က္တို႔၊ အမဲေထာင္းတို႔လို ကခ်င္႐ိုးရာ အစားအစာေလးေတြကို မွာစားလို႔ရတယ္။ ဒါတင္မကေသးဘူး။ ၾကက္သား၊ ဝက္သားမစားခ်င္သူေတြအတြက္ ငါးမွ်စ္ခ်ဥ္ခ်က္တို႔၊ ကခ်င္စတိုင္လ္ ငါးေလးအိုးကပ္ဟင္းတို႔လည္း ရေသးတယ္။

ဒါမွမဟုတ္ ေဖ်ာ္ရည္ေလးနဲ႔ အသုပ္အလုပ္ေလးေလာက္ပဲ ျမည္းစမ္းခ်င္သူေတြအတြက္လည္း အသုပ္မ်ိဳးစံုနဲ႔ ပန္းဥေထာင္း၊ မဂရမ့္ေထာင္း၊ ပဲပုတ္ေထာင္း၊ နန္နံပင္ေထာင္း၊ မႈိကပ္ေထာင္း၊ အာလူးေထာင္းနဲ႔ ငါးေပါက္သီးေထာင္းတို႔လို ကခ်င္အစားအစာ အဆန္းေလးေတြကို ျမည္းစမ္းႏိုင္ပါတယ္။

ကြ်န္ေတာ္ကေတာ့ လခမထုတ္ရေသးလို႔ ဘိုင္ျပတ္ေနတာနဲ႔ အမဲအူၾကမ္းေခါက္ဆြဲတစ္ပြဲပဲ မွာစားဖို႔ ဆံုးျဖတ္လိုက္တယ္။ "ေနႏွင့္ဦးေပါ့" လို႔ေတာ့ စိတ္ထဲမွာ ေတးထားတာေပါ့ေလ။

အမဲအူၾကမ္းေခါက္ဆြဲက ဆန္စီးေခါက္ဆြဲကို ကခ်င္စတိုင္လ္ စြပ္ျပဳတ္ရည္နဲ႔ေရာၿပီး အေပၚကေန အမဲအူၾကမ္းတို႔၊ ဂ်င္းဖတ္တို႔၊ နံနံပင္တို႔ အုပ္ထားတာပါ။ အရသာကို စိတ္တိုင္းက် ျပန္ျပင္လို႔ရေအာင္ ၾကက္သားမႈန္႔၊ ဆားနဲ႔ င႐ုပ္သီးမႈန္႔ေတြကို ပန္းကန္လံုးတစ္လံုးနဲ႔ သက္သက္ထည့္ၿပီး လာခ်ေပးထားတယ္။

ကြ်န္ေတာ္ကေတာ့ ကခ်င္မုန္႔ညွင္းခ်ဥ္ေလးနဲ႔ေရာၿပီး ဗိုက္ဆာဆာနဲ႔ ဆြဲလိုက္တာ (၅) မိနစ္မျပည့္ခင္ တက္တက္စင္ေျပာင္သြားတယ္။ ေခါင္ရည္ေလးနဲ႔ တြဲစားရင္ တကယ္လိုက္တယ္ဗ် သိလား။

ဆိုင္ေလးက သပ္သပ္ရပ္ရပ္နဲ႔ သန္႔႐ွင္းေရးကိုလည္း ဂ႐ုစိုက္ထားေတာ့ စားရတာအဆင္ေျပပါတယ္။ ေနာက္ေန႔မွ တျခား menu ေတြကို လာျမည္းၾကည့္ဖို႔ စိတ္ထဲမွာေတးထားလိုက္ပါတယ္။  ေၾသာ္... ေမ့ေတာ့မလို႔... အမဲအူၾကမ္းေခါက္ဆြဲေလးရဲ႕ ေစ်းႏႈန္းကေတာ့ တစ္ပြဲကို (၂၀၀၀) က်ပ္ပါေနာ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs