အရသာချိုမြိန်ပြီး မျက်စိအားကောင်းစေတဲ့ မုန်လာဥနီလေးတွေကို အစိမ်းဝါးစားလို့လည်းရ၊ ဟင်းချက်စားလို့လည်းရ၊ ဖျော်ရည်လုပ်သောက်လို့လည်းရ၊ အသုပ်သုပ်စားလို့လည်း ရပါတယ်နော်။

မုန်လာဥနီကို မကြိုက်တဲ့သူ ရှိပါ့မလား။ အရသာချိုမြိန်ပြီး မျက်စိအားကောင်းစေတဲ့ မုန်လာဥနီလေးတွေကို အစိမ်းဝါးစားလို့လည်းရ၊ ဟင်းချက်စားလို့လည်းရ၊ ဖျော်ရည်လုပ်သောက်လို့လည်းရ၊ အသုပ်သုပ်စားလို့လည်း ရပါတယ်နော်။ ဒါပေမဲ့ မုန်လာဥနီကို မီးကင်ပြီး ရို့စ်ပုံစံလုပ်စားဖူးပါသလား။

 

မုန်လာဥနီကို မီးကင်လိုက်ခြင်းဖြင့် မုန်လာဥနီရဲ့ အရသာကို ပိုမိုကောင်းမွန်စေပါတယ်။ ချိုမြိန်တဲ့အရသာနဲ့ တခြားအရသာတွေလည်း တိုးပွားလာစေတယ်။ မီးကင်လိုက်ခြင်းဖြင့် မုန်လာဥအသားလေးတွေ ကြွပ်ရွသွားပြီး ခံတွင်းထဲမှာ တမူထူးတဲ့ အရသာသစ်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ဒါဆိုရင် အောက်မှာ မုန်လာဥနီရို့စ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြုလုပ်နည်း

20141116-vegan-thanksgiving-roast-recipe-03.jpg 

တစ်ခုသတိပြုရမှာက ပိန်ရှုံ့နေတဲ့ မုန်လာဥနီတွေကိုတော့ ရွေးချယ်ခြင်း မပြုသင့်ပါဘူး။ လတ်ဆတ်ပြီး အနာအဆာနည်းတဲ့ မုန်လာဥနီတွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ပြီးရင် မုန်လာဥနီတွေကို အရှည်လိုက်ပဲ ဓားနဲ့ခွဲပေးလိုက်ပါ။ အရသာလည်း ပိုမိုထူးခြားစေချင်၊ အလုပ်ရှုပ်လည်း သက်သာစေချင်ရင်တော့ အခွံမခွာဘဲ ဒီတိုင်းပဲ ဆားရည်စိမ်ပေးလိုက်ပါ။ ဆားရည်စိမ်ပေးခြင်းဖြင့် မုန်လာဥနီလေးတွေဟာ အစိုဓာတ်ဆုံးရှုံးခြင်း၊ ရှုံ့တွခြင်းတို့ မဖြစ်ဘဲ တစ်ပိုင်းတစ်စ ကျက်သွားမှာပါ။

မုန်လာဥနီကို ဆားရည်စိမ်ဖို့အတွက် အရင်ဆုံး ရေနွေးအိုးထဲမှာ ဆားနည်းနည်းထည့်ပြီး ဆားရည်အိုးတည်လိုက်ပါ။ ဆားရည်အိုးပူရင် မုန်လာဥနီကို အပူပေးလိုက်ပါ။ ခနကြာရင် အပူချိန်ကိုလျှော့ချလိုက်ပြီး (၅) မိနစ်ခန့် ထပ်ပြုတ်ပေးလိုက်ပါ။

ပြီးရင်တော့ မုန်လာဥနီ ခြမ်းကွဲလေးတွေကို ဆားရည်ပူထဲကဆယ်ပြီး (၅) မိနစ်ခန့်အခြောက်ခံထားလိုက်ပါ။ မုန်လာဥနီလေးတွေ ရေခြောက်သွားပြီဆိုရင် သံလွင်ဆီ (သို့) နှမ်းဆီ ဆမ်းပေးလိုက်ပါ။ ပြီးရင် ဆားနည်းနည်း၊ ငရုပ်ကောင်းမှုန့်နည်းနည်း ဖြူးပေးလိုက်ပါဦး။ ပြီးရင်တော့ သမအောင်ရောနယ်ပေးလိုက်ပါ။ ဒါဆိုရင် မုန်လာဥနီလေးတွေကို ရို့စ်လုပ်ဖို့အတွက် အချိန်ကျပါပြီ။

 

အရင်ဆုံး မုန့်ဖုတ်မီးဖို (oven) ကို အပူချိန် (၃၇၅) ဒီဂရီဖာရင်ဟိုက်လောက် အပူပေးလိုက်ပါ။ ပြီးရင် မုန့်ဖုတ်စက္ကူ (ငွေရောင်စက္ကူ) ထဲမှာ ခုနက အသင့်ပြင်ထားတဲ့ မုန်လာဥနီခြမ်းကွဲလေးတွေကို ထည့်လိုက်ပါ။ ပြီးရင် လင်ပန်းတစ်ခုထဲမှာထည့်ပြီး မုန့်ဖုတ်မီးဖိုထဲမှာ မိနစ် (၄၀) ခန့်ကြာအောင် ထားပေးလိုက်ပါ။

 

မိနစ် (၄၀) ပြည့်ရင်တော့ မုန်လာဥနီဖတ်လေးတွေ အကျက်ညီပြီး အညိုရောင်သမ်းလာပါလိမ့်မယ်။ ဒါဆိုရင် မီးဖိုပေါ်ကချနိုင်ပါပြီ။ မိမိနှစ်သက်ရာ ပန်းကန်ပြားထဲမှာ တည်ခင်းပြီးရင် အပေါ်ကနေ သံလွင်ဆီလေးဆမ်း၊ နံနံပင်လေး ဖြူးလိုက်ပါဦး။ ဒါဆိုရင် သရေစာအဖြစ်၊ အရံဟင်းအဖြစ် ထည့်သွင်းစားသုံးနိုင်တဲ့ မုန်လာဥနီရို့စ်လေးကို ရရှိပါပြီနော်။

Source: Seriouseat

Share

Loading Next Article...
က္က