ချယ်ရီပျားသံပုရာရည်ဆိုတာ နွေရာသီဖျော်ရည်တစ်မျိုးဖြစ်ပေမဲ့ စိတ်ကိုလန်းဆန်းစေနိုင်တဲ့အတွက် အလုပ်ကအပြန် ပင်ပန်းညောင်းညာနေသူတွေအတွက် အသင့်တော်ဆုံးပါပဲ။

ရန်ကုန်ရဲ့မြို့ပြလူနေမှုစနစ်ကို တစ်နေ့တစ်နေ့ ဖြတ်သန်းရတာလည်း မလွယ်ပါဘူး။ တစ်နေ့တစ်နေ့ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ၊ အလုပ်အသွားအပြန် ကားကြပ်တာတွေ၊ ကားကြပ်လို့ တက်စီစီးမယ် ကြံပြန်ရင်လည်း သံသယမျက်လုံးနဲ့ ဘေးဘီကြည့်နေရတာတွေနဲ့ ကျီးလန့်စာစားနိုင်လွန်းပါတယ်။ အလုပ်ကအပြန် တစ်နေ့တာစိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ အဲဒါကတော့ ချယ်ရီ ပျားသံပုရာရည်လေး ဖျော်သောက်ဖို့ပါပဲ။

 

ချယ်ရီပျားသံပုရာရည်ဆိုတာ နွေရာသီဖျော်ရည်တစ်မျိုးဖြစ်ပေမဲ့ စိတ်ကိုလန်းဆန်းစေနိုင်တဲ့အတွက် အလုပ်ကအပြန် ပင်ပန်းညောင်းညာနေသူတွေအတွက် အသင့်တော်ဆုံးပါပဲ။ အမေရိကန်စတိုင်လ် အအေးတစ်မျိုးဖြစ်ပြီး မိမိနှစ်သက်ရာ မုန့်ပဲသရေစာနဲ့လည်း တွဲဖက်နိုင်ပါသေးတယ်။

ပါဝင်ပစ္စည်းများ

img_7834.jpg 

ပါဝင်ပစ္စည်းတွေကတော့ အစေ့ထုတ်ပြီးသား ချယ်ရီသီး (၁၇၅) ဂရမ်ခန့်၊ ကလပ်ဆိုဒါ (၃၀) အောင်စခန့်၊ သံပုရာခွံအနည်းငယ်၊ သံပုရာရည် (၅၅) ဂရမ်၊ အော်ဂဲနစ်ပျားရည် (၉၀) ဂရမ်ခန့်နဲ့ ဖျော်ရည်ခွက်ပေါ်မှာတင်ပြီး အလှဆင်ဖို့ ချယ်ရီသီးနဲ့ သံပုရာသီး (၂) လုံး၊ (၃) လုံးခန့်တို့ပဲ ဖြစ်ပါတယ်။ ချယ်ရီသီးကို စီးတီးမတ်တို့၊ အိုးရှင်းတို့မှာ အလွယ်တကူ ဝယ်ယူရရှိနေနိုင်ပါပြီ။ ချယ်ရီသီးရဲ့ အရသာက ချိုချိုချဉ်ချဉ်လေးဆိုတော့ စိတ်ကိုလန်းဆန်းစေမှာ အမှန်ပါပဲ။

ပြုလုပ်နည်း

cherries-and-Lime-8.jpg 

အရင်ဆုံး ချယ်ရီသီးလေးတွေကို ရေစင်အောင်ဆေးပြီး အိုးတစ်လုံးထဲမှာ ထည့်ပြုတ်လိုက်ပါ။ (၁၅) မိနစ်ခန့်ကြာအောင် ပြုတ်ပြီးရင်တော့ ချယ်ရီသီးရယ်၊ ချယ်ရီသီးပြုတ်ရည်ရယ်၊ ပျားရည်ရယ်၊ သံပုရာခွံရယ်၊ သံပုရာရည်ကို သစ်သီးဖျော်စက် (Blender) ထဲမှာထည့်ပြီး မွှေပေးလိုက်ပါ။ သမအောင်မွှေပြီးရင် အမှုန်အမွှားလေးတွေ မကျန်ခဲ့အောင် ဇကာတစ်လုံးနဲ့ ဆစ်ထုတ်လိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ဖျော်ရည်အနှစ်ကို ဖန်ပုလင်းတစ်လုံးထဲထည့်ပြီး တစ်ညလောက် သိပ်ထားပေးလိုက်ပါ။

 

ဖျော်ရည်စဖျော်တော့မယ်ဆိုရင် ဖန်ခွက်တစ်လုံးထဲမှာ ရေခဲ (၈) အောင်စခန့်ရယ်၊ ခုနက ရေခဲသေတ္တာထဲမှာ ညသိပ်ထားတဲ့ ဖျော်ရည်အနှစ်ရယ်ကိုထည့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ ကလပ်ဆိုဒါလောင်းပြီး ဇွန်းတစ်ချောင်းနဲ့ နည်းနည်းမွှေပေးလိုက်ပါ။ ဖန်ခွက်နှုတ်ခမ်းမှာတော့ ချယ်ရီသီးစိတ်လေးတွေ၊ သံပုရာသီးစိတ်လေးတွေ တင်ပေးလိုက်ရင်တော့ အသင့်သောက်သုံးနိုင်ပါပြီနော်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ချယ်ရီ ပျားသံပုရာရည်လေးသောက်ပြီး ဖြေဖျောက်နိုင်ကြပါစေနော်။

Source: vanillaandbean

Share

Loading Next Article...
က္က