ရုံးပတီသီးကို စားပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရစေနိုင်ပါတယ်နော်။

ရုံးပတီသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်မျိုးစုံ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ရုံးပတီသီးကို ချက်စား၊ ပြုတ်စား၊ ကင်စားလို့ရသလို ရုံးပတီသီးအစိမ်းကိုလည်း ငပိရည်နဲ့ တို့စားလို့ရပါသေးတယ်။ ရုံးပတီသီးဟာ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါဝင်ပါသေးတယ်။ အဲဒါတွေကတော့...



၁။ အစာကြေလွယ်စေတယ်

af0d652fbce550002dbf8d1282df7e7c.jpg 

ရုံးပတီသီးဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာခြေလမ်းကြောင်းတလျှောက်ကို သန့်ရှင်းစေနိုင်ပြီး အစာခြေအင်္ဂါစနစ်ကို အထောက်အကူပြုနိုင်ပါတယ်။ ရုံးပတီသီးစားပေးခြင်းဖြင့် အစာလမ်းကြောင်းတလျှောက် အစာရွေ့လျားမှုတွေ ပုံမှန်ဖြစ်လာပြီး ဗိုက်အောင့်ခြင်း၊ ကျောအောင့်ခြင်း၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း အစရှိတဲ့ အစာအိမ်၊ အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

၂။ မျက်စိအားကောင်းစေတယ်

9424447f170581a4ce337caf237e08c0.jpg 

ရုံးပတီသီးမှာ ဗိုက်တာမင်အေပါဝင်မှု အားကောင်းပါတယ်။ ဒါ့အပြင် beta carotene တို့၊ xanthein တို့၊ lutein တို့လိုမျိုး အသီးအနှံတွေမှာ တွေ့ရှိရတတ်တဲ့ antioxidant တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီအာဟာရဓာတ်တွေဟာ ဆဲလ်ပျက်ဆီးမှုကို ကာကွယ်တားဆီးပေးနိုင်တဲ့အတွက် မျက်စိကြွက်သားနဲ့ အာရုံကြောဆဲလ်တွေ ပျက်ဆီးရာမှ အမြင်အာရုံ ချို့ယွင်းခြင်းတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၃။ အသားအရေလှစေတယ်

ရုံးပတီသီးထဲမှာ ကြွယ်ဝစွာပါဝင်တဲ့ ဗိုက်တာမင်အေဟာ အရေပြားကျန်းမာရေးကိုလည်း အားကောင်းစေပါတယ်။ အရေပြားဆဲလ်တွေရဲ့ ပြန်လည်ကုသနိုင်စွမ်းကို ပိုမိုမြန်ဆန်စေတဲ့အတွက် အရေပြားပေါ်က အမာရွတ်တွေနဲ့ ဝက်ခြံတွေကိုလည်း လျင်မြန်စွာပျောက်ကင်းစေပါတယ်။ ဒါကြောင့် ရုံးပတီသီးစားပေးရင် အသားအရေလှစေနိုင်ပါတယ်။

၄။ ကိုယ်ခံအားကောင်းစေတယ်

dc6f1ae065366b6a1aac4c91a882efa7.jpg 

ရုံးပတီသီးထဲမှာ ကြွယ်ဝစွာပါဝင်တဲ့ antioxidant တွေဟာ ခန္ဓာကိုယ်ဆဲလ်တွေကို အန္တရာယ်ပေးနိုင်တဲ့ free radical တွေကို တိုက်ဖျက်ရာမှာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ရုံးပတီသီးထဲက ဗိုက်တာမင်စီကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရာမှာ နာမည်ကြီးပါတယ်။

၅။ သွေးတိုးကျစေတယ်

dea062ba16f2ec866ea8ba4f49dc9d1b.jpg 

ရုံးပတီသီးဟာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်တဲ့အတွက် ပိုတက်စီယမ်လို သတ္ထုဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ လူ့ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကိုလည်း ထိန်းညှိပေးနိုင်လို့ သွေးဖိအားနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေးအတွက် အရေးပါပါတယ်။ တစ်နည်းအားဖြင့် ရုံးပတီသီးစားရင် သွေးတိုးကျစေနိုင်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က